ဗီလာကို နိုင်ပြီး အမှတ်ပေးဇယား ထိပ်မှာ လီဗာပူးနဲ့ အမှတ်တူ ဖြစ်လာပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလား ယူနိုင်ပါ့မလား ဆိုတာ သံသယ ရှိနေဆဲလို့ မိုက်ကယ်အိုဝင် က ပြောဆိုခဲ့ပါတယ်။
ကာဗာနီ ပွဲပယ် ခံရတဲ့ အဖြစ်က အက်ဖ်အေရဲ့ ခေါင်းမာမှုနဲ့ အခြားကို အရေးမစိုက်တဲ့ လုပ်ရပ် သက်သက် ဖြစ်ကြောင်း စပိန် ဘာသာစကား ကျွမ်းကျင်သူ အုပ်စုက ဝေဖန်လိုက်ပါတယ်။

ယူနိုက်တက်ဟာ ဂျက်ဂရီးလစ်ရှ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပေမယ့် သူ့ကိုခေါ်ယူနိုင်မှာမဟုတ်ဘူးလို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပြီး ဂရီးလစ်ရှ်ဟာ သရဲနီတွေကို ကိုယ်စားပြုဖို့ လုံလောက်တာထက်ကို ပိုကောင်းပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ ချန်ပီယံ လမ်းကြောင်းမှာ ကွင်းလယ် ကစားသမား ပေါ့ဘာက အဓိက အရေးပါသူ ဖြစ်လာလိမ့်မယ်လို့ Goal သတင်းဌာနက သုံးသပ်သွားခဲ့ပါတယ်။
အတ္တလန္တာ နည်းပြ ဂီရန် ပီယာရို ဂတ်စ်ပရီနီကတော့ အာမက် ဒီယာလို ထရာအိုရေးကို ယူနိုက်တက်ထံ ပြောင်း မသွားအောင် ဇွန်လထိ ဆက်ထိန်းထားမှာ ဖြစ်ကြောင်း အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ၁၆ ပွဲ ပါဝင်ကစားထားရာ ၎င်း သွင်းဂိုးနဲ့ ထောက်ပံ့မှု တွေက ၁၈ ဂိုးထိ ပါဝင်နေပါတယ်။

Zawgyi – ဗီလာကို နုိင္ျပီး အမွတ္ေပးဇယား ထိပ္မွာ လီဗာပူးနဲ႕ အမွတ္တူ ျဖစ္လာေပမယ့္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ ဖလား ယူနုိင္ပါ့မလား ဆိုတာ သံသယ ရွိေနဆဲလို႔ မိုက္ကယ္အို၀င္ က ေျပာဆိုခဲ့ပါတယ္။
ကာဗာနီ ပြဲပယ္ ခံရတဲ့ အျဖစ္က အက္ဖ္ေအရဲ႕ ေခါင္းမာမႈနဲ႕ အျခားကို အေရးမစိုက္တဲ့ လုပ္ရပ္ သက္သက္ ျဖစ္ေၾကာင္း စပိန္ ဘာသာစကား ကၽြမ္းက်င္သူ အုပ္စုက ေ၀ဖန္လိုက္ပါတယ္။
ယူႏိုက္တက္ဟာ ဂ်က္ဂရီးလစ္ရွ္ကို စိတ္ဝင္စားေနဆဲ ျဖစ္ေပမယ့္ သူ႔ကိုေခၚယူႏိုင္မွာမဟုတ္ဘူးလို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ၿပီး ဂရီးလစ္ရွ္ဟာ သရဲနီေတြကို ကိုယ္စားျပဳဖို႔ လုံေလာက္တာထက္ကို ပိုေကာင္းပါတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ခ်န္ပီယံ လမ္းေၾကာင္းမွာ ကြင္းလယ္ ကစားသမား ေပါ့ဘာက အဓိက အေရးပါသူ ျဖစ္လာလိမ့္မယ္လို႔ Goal သတင္းဌာနက သံုးသပ္သြားခဲ့ပါတယ္။
အတၱလႏၱာ နည္းျပ ဂီရန္ ပီယာရို ဂတ္စ္ပရီနီကေတာ့ အာမက္ ဒီယာလို ထရာအိုေရးကို ယူနိုက္တက္ထံ ေျပာင္း မသြားေအာင္ ဇြန္လထိ ဆက္ထိန္းထားမွာ ျဖစ္ေၾကာင္း အတည္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။
ဘရူနို ဖာနန္ဒက္စ္ဟာ ဒီရာသီ ယူနိုက္တက္နဲ႕ ပရီးမီးယားလိဂ္ ၁၆ ပြဲ ပါ၀င္ကစားထားရာ ၄င္း သြင္းဂိုးနဲ႕ ေထာက္ပံ့မႈ ေတြက ၁၈ ဂိုးထိ ပါ၀င္ေနပါတယ္။
