ကိုင်ဟားဗတ်ဟာ ကိုဗစ်ရဲ့ အကျိူးသက်ရောက်မှု၊ ပေါင်သန်း ၇၀ ပြောင်းရွှေ့ကြေးရဲ့ ဖိအားတွေနဲ့အတူ နပန်းလုံး ရုန်းကန်နေရသလို သူ့ရဲ့ အောင်မြင်မှုကို မြင်ရဖို့အတွက် အချိန်ပေးဖို့ အဓိက လိုအပ်တယ်လို့ နည်းပြလမ်းပတ်က ယုံကြည်နေပါတယ်။
ချယ်ဆီးဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ်မှာ ခက်ခဲတဲ့ အခိုက်အတန့်ကို ကျော်ဖြတ်နေရသလို ရလဒ်ကောင်းတွေလိုအပ်ပေမယ့် သူတို့ရဲ့ ဆိုးရွားမှုကို အဆုံးသတ်ဖို့ သူ့စည်းမျဉ်းတွေကို ပြောင်းလဲမှာတော့မဟုတ်ဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဇီယက်ခ်ျ၊ တီမိုဗာနာ၊ ကိုင်ဟားဗတ်တို့အတွက် ပေါင်သန်း၁၅၀ ကျော် အကုန်အကျခံ ခေါ်ယူခဲ့ပေမယ့် ကလပ်မှာ ဘယ်သူက အကောင်းဆုံး အဆုံးသတ်သမားလဲလို့ မေးမြန်းခဲ့ရာ ပူလီဆစ်က ဂျီရူးကိုသာ ရွေးချယ်ပြောဆို ခဲ့ပါတယ်။

ဂျီရူးဟာ ဒီဇင်ဘာလအတွင်း ၇ ဂိုးနဲ့အတူ ဒီရာသီ စုစုပေါင်း ၉ ဂိုး သွင်းယူခဲ့ပြီး ယုံကြည်ချင်စရာ ခြေစွမ်းတွေပြသထားခဲ့သလို သူ့အနေနဲ့ အပြောင်းအရွှေ့ကာလ အကြောင်း သိပ်မစဉ်းစားပဲ ကလပ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
မန်စီးတီးနဲ့ နံပါတ်တစ် ဂိုးသမား အီဒါဆန်ဟာ ကိုဗစ်သံသယနဲ့ ကွာရန်တင်း ဝင်နေရတာ ဖြစ်သလို ဒီနေ့ည ချယ်ဆီးနဲ့ တွေ့ရမယ့်ပွဲမှာ အမေရိကန် ဂိုးသမား ဇက်စတီဖန်က စီးတီးအတွက် သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ပါဝင် ကစားပေးရမှာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ အသက် ၃၆နှစ် ရှိပြီဖြစ်တဲ့ သီယာဂိုဆေးဗားရဲ့ ရေရှည် အစားထိုးစရာကို ရှာဖွေနေသလို မိုဟာမက် ဆီမာကန်ကို ခေါ်ယူဖို့အတွက် စထရက်စ်ဘော့ အသင်းထံ ဆက်သွယ်မှု လုပ်ခဲ့တယ်လို့သိရပြီး အဆိုပါ နောက်ခံလူရဲ့တန်ကြေးက ပေါင် ၁၃.၅သန်း ရှိပါတယ်။
ချယ်ဆီးရဲ့ ဘယ်နောက်တန်းမှာ ဘင်ချီဝဲကအထင်ကြီးစရာ လုပ်ပြနေတာဖြစ်သလို ဒုတိယလူဖြစ်နေတဲ့ အီမာဆန်ကို နာပိုလီက အငှားခေါ်ယူဖို့ အလိုရှိနေပြီး လမ်းပတ်ကလဲ အလွန်ဆိုနဲ့ သူ့ကို ဒီလအတွင်း ရောင်းထုတ်လိုနေတာဖြစ်ပါတယ်။
ဘီလီဂေလ်မာအနေနဲ့ စကော့တလန်ရဲ့ ယူရို ၂၀၂၀ အသင်း လူစာရင်းမှာ ပါဝင်ဖို့ အခွင့်အရေးရချင်ရင် ပွဲကစားချိန် ပိုရရှိဖို့ လိုတယ်လို့ စတီဗ်ကလက်က ပြောဆိုခဲ့ပြီး ပုံမှန်ကစားချိန်ရဖို့ အသင်းပြောင်းသင့် ပြောင်းရမယ်လို့ အကြံပေးခဲ့ပါတယ်။

Zawgyi – ကိုင္ဟားဗတ္ဟာ ကိုဗစ္ရဲ႕ အက်ိဴးသက္ေရာက္မႈ၊ ေပါင္သန္း ၇၀ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ဖိအားေတြနဲ႔အတူ နပန္းလုံး ႐ုန္းကန္ေနရသလို သူ႔ရဲ႕ ေအာင္ျမင္မႈကို ျမင္ရဖို႔အတြက္ အခ်ိန္ေပးဖို႔ အဓိက လိုအပ္တယ္လို႔ နည္းျပလမ္းပတ္က ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီးဟာ ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ခက္ခဲတဲ့ အခိုက္အတန႔္ကို ေက်ာ္ျဖတ္ေနရသလို ရလဒ္ေကာင္းေတြလိုအပ္ေပမယ့္ သူတို႔ရဲ႕ ဆိုး႐ြားမႈကို အဆုံးသတ္ဖို႔ သူ႔စည္းမ်ဥ္းေတြကို ေျပာင္းလဲမွာေတာ့မဟုတ္ဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဇီယက္ခ္်၊ တီမိုဗာနာ၊ ကိုင္ဟားဗတ္တို႔အတြက္ ေပါင္သန္း၁၅၀ ေက်ာ္ အကုန္အက်ခံ ေခၚယူခဲ့ေပမယ့္ ကလပ္မွာ ဘယ္သူက အေကာင္းဆုံး အဆုံးသတ္သမားလဲလို႔ ေမးျမန္းခဲ့ရာ ပူလီဆစ္က ဂ်ီ႐ူးကိုသာ ေ႐ြးခ်ယ္ေျပာဆိုခဲ့ပါတယ္။
ဂ်ီ႐ူးဟာ ဒီဇင္ဘာလအတြင္း ၇ ဂိုးနဲ႔အတူ ဒီရာသီ စုစုေပါင္း ၉ ဂိုး သြင္းယူခဲ့ၿပီး ယုံၾကည္ခ်င္စရာ ေျခစြမ္းေတြျပသထားခဲ့သလို သူ႔အေနနဲ႔ အေျပာင္းအေ႐ႊ႕ကာလ အေၾကာင္း သိပ္မစဥ္းစားပဲ ကလပ္အတြက္ပဲ အာ႐ုံစိုက္ထားတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
မန္စီးတီးနဲ႔ နံပါတ္တစ္ ဂိုးသမား အီဒါဆန္ဟာ ကိုဗစ္သံသယနဲ႔ ကြာရန္တင္း ဝင္ေနရတာ ျဖစ္သလို ဒီေန႔ည ခ်ယ္ဆီးနဲ႔ ေတြ႕ရမယ့္ပြဲမွာ အေမရိကန္ ဂိုးသမား ဇက္စတီဖန္က စီးတီးအတြက္ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲဦးထြက္အျဖစ္ ပါဝင္ ကစားေပးရမွာ ျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ အသက္ ၃၆ႏွစ္ ရွိၿပီျဖစ္တဲ့ သီယာဂိုေဆးဗားရဲ႕ ေရရွည္ အစားထိုးစရာကို ရွာေဖြေနသလို မိုဟာမက္ ဆီမာကန္ကို ေခၚယူဖို႔အတြက္ စထရက္စ္ေဘာ့ အသင္းထံ ဆက္သြယ္မႈ လုပ္ခဲ့တယ္လို႔သိရၿပီး အဆိုပါ ေနာက္ခံလူရဲ႕တန္ေၾကးက ေပါင္ ၁၃.၅သန္း ရွိပါတယ္။
ခ်ယ္ဆီးရဲ႕ ဘယ္ေနာက္တန္းမွာ ဘင္ခ်ီဝဲကအထင္ႀကီးစရာ လုပ္ျပေနတာျဖစ္သလို ဒုတိယလူျဖစ္ေနတဲ့ အီမာဆန္ကို နာပိုလီက အငွားေခၚယူဖို႔ အလိုရွိေနၿပီး လမ္းပတ္ကလဲ အလြန္ဆိုနဲ႔ သူ႔ကို ဒီလအတြင္း ေရာင္းထုတ္လိုေနတာျဖစ္ပါတယ္။
ဘီလီေဂလ္မာအေနနဲ႔ စေကာ့တလန္ရဲ႕ ယူ႐ို ၂၀၂၀ အသင္း လူစာရင္းမွာ ပါဝင္ဖို႔ အခြင့္အေရးရခ်င္ရင္ ပြဲကစားခ်ိန္ ပိုရရွိဖို႔ လိုတယ္လို႔ စတီဗ္ကလက္က ေျပာဆိုခဲ့ၿပီး ပုံမွန္ကစားခ်ိန္ရဖို႔ အသင္းေျပာင္းသင့္ ေျပာင္းရမယ္လို႔ အႀကံေပးခဲ့ပါတယ္။
