ဆိုးရှားဟာ ပေါ့ဘာရဲ့ ပုံစံကောင်းပြန်ရလာမှုကြောင့် ဝမ်းသာနေပေမယ့် ကစားသမားက ကလပ်နဲ့ ရေရှည်စာချုပ်ချုပ်ဖို့ ဆန္ဒ မရှိနေတာကြောင့် ရွေးချယ်စရာမရှိလို့သူ့ကို ရောင်းချရရင်တော့ သူတို့ပေးခဲ့ရတဲ့ ပေါင် ၈၉သန်းရဲ့ အနည်းငယ် ပြန် ကာမိလောက်တဲ့ ပမာဏကို လိုချင်နေပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာ ဆန်ချိုကို အလိုရှိခဲ့ပေမယ့် သူ့အတွက် ပေါင် ၁၀၇ သန်းကို မပေးနိုင်ခဲ့တာနဲ့အတူ အခုချိန်မှာတော့ သူ့အပေါ် စိတ်ဝင်စားမှုကို လျှော့ချပြီး သူ့အသင်းဖော် ဟာလန်းကို ခေါ်ယူနိုင်ဖို့ ကြိုးစားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဆီမီးဖိုင်နယ် ၄ ကြိမ်လုံး ကျရှုံးခဲ့ပြီး ပြိုင်ပွဲ အသီးသီးကနေ ထွက်ခွာခဲ့ရတဲ့နောက် နည်းပြဆိုးရှားကတော့ သူတို့ရဲ့ ဆီမီးဖိုင်နယ် ဂြိုဟ်ဆိုးကို မန်စီးတီးနဲ့ပွဲမှာ အဆုံးသတ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပက်ဂွာဒီယိုလာက ပရီးမီးယားလိဂ် အင်အားကြီးတစ်သင်းအနေနဲ့ ယူနိုက်တက် ထွက်ပေါ်လာတဲ့အပေါ် သိပ်မစိုးရိမ်ဘူးလို့ ပြောဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ လီဗာပူးကို စိန်ခေါ်ဖို့ မြို့ခံပြိုင်ဘက်နဲ့ ပြိုင်ဆိုင်ရမှာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
လက်ရှိအမှတ်ပေးဇယားမှာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ရမှတ်တူ ယှဉ်ရပ်နေပြီး အရင်လို အတောင့်တင်းဆုံး အနေအထား ဖြစ်လာသလို နိုင်ငံမှာ အကြီးမားဆုံး ကလပ်၂ခုက ဖလားအတွက် ခြေရည်တူ တိုက်ပွဲဝင်နေတာကို ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူးလို့ ဒန်နီ မာဖီက ဆိုပါတယ်။
ဟယ်ရီမက်ဂွိုင်းယားရဲ့ ခြေစွမ်းကောင်းပြသနေမှုကို လီးရှပ်က အံ့အားသင့်မနေပဲ ၎င်းဟာ ကလပ်ရဲ့ မျှော်လင့်ချက် အတိုင်း လုပ်ပြနိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပြီး ထူးခြားအံ့ဩစရာကောင်းပြီး အရမ်းတော်တဲ့ အသင်းခေါင်းဆောင်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။
စပါးရဲ့ပွဲအပြီး မော်ရင်ညိုက ဆွန်ယောင်မင်ဟာ ပူးစကတ်ဆုရ၊ စပါးအတွက် ဂိုး၁၀၀သွင်း၊ ပင်နယ်တီ မပါပဲ ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်၃ယောက်ထဲပါဝင်ပြီး တချို့ကစားသမားတွေကတော့ ပင်နယ်တီပဲ တစ်ရာသီ ၁၀ ဂိုးလောက်သွင်းတယ်လို့ ဖာနန်ဒက်စ်ကို ရည်ညွှန်းလှောင်ပြောင်ခဲ့ပါတယ်။

Zawgyi – ဆိုးရွားဟာ ေပါ့ဘာရဲ႕ ပုံစံေကာင္းျပန္ရလာမႈေၾကာင့္ ဝမ္းသာေနေပမယ့္ ကစားသမားက ကလပ္နဲ႔ ေရရွည္ စာခ်ဳပ္ခ်ဳပ္ဖို႔ ဆႏၵ မရွိေနတာေၾကာင့္ ေ႐ြးခ်ယ္စရာမရွိလို႔သူ႔ကို ေရာင္းခ်ရရင္ေတာ့ သူတို႔ေပးခဲ့ရတဲ့ ေပါင္ ၈၉သန္းရဲ႕ အနည္းငယ္ ျပန္ ကာမိေလာက္တဲ့ ပမာဏကို လိုခ်င္ေနပါတယ္။
ယူႏိုက္တက္ဟာ ေႏြရာသီမွာ ဆန္ခ်ိဳကို အလိုရွိခဲ့ေပမယ့္ သူ႔အတြက္ ေပါင္ ၁၀၇ သန္းကို မေပးႏိုင္ခဲ့တာနဲ႔အတူ အခုခ်ိန္မွာေတာ့ သူ႔အေပၚ စိတ္ဝင္စားမႈကို ေလွ်ာ့ခ်ၿပီး သူ႔အသင္းေဖာ္ ဟာလန္းကို ေခၚယူႏိုင္ဖို႔ ႀကိဳးစားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ေနာက္ဆုံး ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ ၄ ႀကိမ္လုံး က်ရႈံးခဲ့ၿပီး ၿပိဳင္ပြဲ အသီးသီးကေန ထြက္ခြာခဲ့ရတဲ့ေနာက္ နည္းျပဆိုးရွားကေတာ့ သူတို႔ရဲ႕ ဆီမီးဖိုင္နယ္ ၿဂိဳဟ္ဆိုးကို မန္စီးတီးနဲ႔ပြဲမွာ အဆုံးသတ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ပက္ဂြာဒီယိုလာက ပရီးမီးယားလိဂ္ အင္အားႀကီးတစ္သင္းအေနနဲ႔ ယူႏိုက္တက္ ထြက္ေပၚလာတဲ့အေပၚ သိပ္မစိုးရိမ္ဘူးလို႔ ေျပာဆိုခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ လီဗာပူးကို စိန္ေခၚဖို႔ ၿမိဳ႕ခံၿပိဳင္ဘက္နဲ႔ ၿပိဳင္ဆိုင္ရမွာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။
လက္ရွိအမွတ္ေပးဇယားမွာ ယူႏိုက္တက္ဟာ လီဗာပူးနဲ႔ရမွတ္တူ ယွဥ္ရပ္ေနၿပီး အရင္လို အေတာင့္တင္းဆုံး အေနအထား ျဖစ္လာသလို ႏိုင္ငံမွာ အႀကီးမားဆုံး ကလပ္၂ခုက ဖလားအတြက္ ေျခရည္တူ တိုက္ပြဲဝင္ေနတာကို ဘာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရဘူးလို႔ ဒန္နီ မာဖီက ဆိုပါတယ္။
ဟယ္ရီမက္ဂြိဳင္းယားရဲ႕ ေျခစြမ္းေကာင္းျပသေနမႈကို လီးရွပ္က အံ့အားသင့္မေနပဲ ၎ဟာ ကလပ္ရဲ႕ ေမွ်ာ္လင့္ခ်က္အတိုင္း လုပ္ျပႏိုင္ခဲ့တယ္လို႔ ေျပာဆိုခဲ့ၿပီး ထူးျခားအံ့ဩစရာေကာင္းၿပီး အရမ္းေတာ္တဲ့ အသင္းေခါင္းေဆာင္ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
စပါးရဲ႕ပြဲအၿပီး ေမာ္ရင္ညိဳက ဆြန္ေယာင္မင္ဟာ ပူးစကတ္ဆုရ၊ စပါးအတြက္ ဂိုး၁၀၀သြင္း၊ ပင္နယ္တီ မပါပဲ ပရီးမီးယားလိဂ္ ထိပ္တန္းဂိုးသြင္းရွင္၃ေယာက္ထဲပါဝင္ၿပီး တခ်ိဳ႕ကစားသမားေတြကေတာ့ ပင္နယ္တီပဲ တစ္ရာသီ ၁၀ ဂိုးေလာက္သြင္းတယ္လို႔ ဖာနန္ဒက္စ္ကို ရည္ၫႊန္းေလွာင္ေျပာင္ခဲ့ပါတယ္။
