ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (03/01/21)

အာဆင်နယ်အသင်းဟာ ညက ပရီးမီးယားလိဂ် ပွဲမှာ ဝက်စ်ဘရွန်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ပြီး ၄ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကို တီယာနေးနဲ့ ဆာကာ တို့က တစ်ဂိုးစီ၊ လာကာဇက် က ၂ ဂိုး သွင်းယူပေးခဲ့တာပါ။

ဂန်းနားဟောင်းကြီး မာတင်ကီယွန်ကတော့ အာဆင်နယ် အစွန်ခံစစ်သမား တီယာနေးဟာ အနာဂတ်မှာ အသင်းခေါင်းဆောင် ဖြစ်မယ့် သူ လို့ ချီးကျူး ပြောဆိုလိုက်ပါတယ်။

ကွင်းလယ် ကစားသမား သောမတ်စ် ပါတေး ပြန် ကစားနိုင်တာက အာဆင်နယ် အတွက် ကစားသမားသစ် တစ်ဦး ခေါ်ယူလိုက်သလို အင်အားတိုးလာစေမယ်လို့ အာတီတာက ပြောဆိုလိုက်ပါတယ်။

ဂန်နားတို့ရဲ့ ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးကတော့ မြောက်လန်ဒန်ကလပ်ကနေ အနားယူပြီးနောက် ဘောလုံးနည်းပြ ဘဝကို ကျောခိုင်းခဲ့ပေမယ့် အသင်းက လိုအပ်ရင် အကူအညီ ပြန်လာပေးမယ်လို့ တံခါးဖွင့်စကား ဆိုလာခဲ့ပါတယ်။

အာဆင်နယ်ဟာ လိဂ် သမိုင်းမှာ ဝက်စ်ဘရွန်းနဲ့ အကြိမ် ၁၀၀ တွေ့ဆုံ ကစားဖူးပြီး ပွဲတိုင်း ဂိုးသွင်းတဲ့ ရာနှုန်းပြည့် မှတ်တမ်းကို ဆက်လက် ထိန်းသွားခဲ့ပါတယ်။

ဝက်စ်ဘရွန်းနဲ့ ပွဲ က အာဆင်နယ် အသင်း ကစားပုံဟာ ခံစစ်ရော တိုက်စစ်မှာပါ ပြည့်စုံ ကောင်းမွန်ခဲ့ပြီး သူ အလိုရှိတဲ့ အတိုင်း ကစားသွားနိုင်ကြတယ်လို့ နည်းပြ အာတီတာက ပွဲအပြီးမှာ ဝမ်းမြောက်စွာ ဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ပရီးမီးယားလိဂ္ ပြဲမွာ ၀က္စ္ဘရြန္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ျပီး ၄ ဂိုး ဂိုးမရွိနဲ႕ အျပတ္အသတ္ အနိုင္ရခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးေတြကို တီယာေနးနဲ႕ ဆာကာ တို႔က တစ္ဂိုးစီ၊ လာကာဇက္ က ၂ ဂိုး သြင္းယူေပးခဲ့တာပါ။

ဂန္းနားေဟာင္းၾကီး မာတင္ကီယြန္ကေတာ့ အာဆင္နယ္ အစြန္ခံစစ္သမား တီယာေနးဟာ အနာဂတ္မွာ အသင္းေခါင္းေဆာင္ ျဖစ္မယ့္ သူ လို႔ ခ်ီးက်ဴး ေျပာဆိုလိုက္ပါတယ္။

ကြင္းလယ္ ကစားသမား ေသာမတ္စ္ ပါေတး ျပန္ ကစားနိုင္တာက အာဆင္နယ္ အတြက္ ကစားသမားသစ္ တစ္ဦး ေခၚယူလိုက္သလို အင္အားတိုးလာေစမယ္လို႔ အာတီတာက ေျပာဆိုလိုက္ပါတယ္။

ဂန္နားတို႔ရဲ႕ ဂႏၱ၀င္နည္းျပၾကီး အာဆင္၀င္းဂါးကေတာ့ ေျမာက္လန္ဒန္ကလပ္ကေန အနားယူျပီးေနာက္ ေဘာလံုးနည္းျပ ဘ၀ကို ေက်ာခိုင္းခဲ့ေပမယ့္ အသင္းက လိုအပ္ရင္ အကူအညီ ျပန္လာေပးမယ္လုိ႔ တံခါးဖြင့္စကား ဆိုလာခဲ့ပါတယ္။

အာဆင္နယ္ဟာ လိဂ္ သမိုင္းမွာ ၀က္စ္ဘရြန္းနဲ႕ အၾကိမ္ ၁၀၀ ေတြ႔ဆံု ကစားဖူးျပီး ပြဲတိုင္း ဂိုးသြင္းတဲ့ ရာနႈန္းျပည့္ မွတ္တမ္းကို ဆက္လက္ ထိန္းသြားခဲ့ပါတယ္။

၀က္စ္ဘရြန္းနဲ႔ ပြဲ က အာဆင္နယ္ အသင္း ကစားပံုဟာ ခံစစ္ေရာ တိုက္စစ္မွာပါ ျပည့္စံု ေကာင္းမြန္ခဲ့ျပီး သူ အလိုရွိတဲ့ အတိုင္း ကစားသြားနုိင္ၾကတယ္လို႔ နည္းျပ အာတီတာက ပြဲအျပီးမွာ ၀မ္းေျမာက္စြာ ဆိုခဲ့ပါတယ္။