ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/01/21)

အတ္တလန္တာ အသင်းက ဇွန်ထိ အငှားနဲ့ ဆက် ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ အာမက် ဒီယာလို ကို ဇန်နဝါရီမှာ အသင်းဆီ ခေါ်မှာ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက် လူငယ်ကစားသမားလေး ပယ်လစ္စထရီက အင်္ဂလန် ရောက်လာတည်းက ၎င်းကို ကူညီ သင်ပြပေးခဲ့တဲ့ အသင်းဖော် ဝါရင့် တိုက်စစ်မှူးကြီး ကာဗာနီ ကို ကျေးဇူးတင်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ ယူနိုက်တက်ဟာ လီဗာပူးနဲ့ရမှတ်တူ ယှဉ်ရပ်နေပြီး အရင်လို အတောင့်တင်းဆုံးအနေအထား ဖြစ်လာသလို နိုင်ငံမှာ အကြီးမားဆုံး ကလပ်၂ခုက ဖလားအတွက် ခြေရည်တူ တိုက်ပွဲဝင်နေတာကို ဘာနဲ့မှ နှိုင်းယှဉ်လို့ မရဘူးလို့ ဒန်နီ မာဖီက ဆိုပါတယ်။

ယူနိုက်တက်နဲ့ ရေပန်းစားခဲ့တဲ့ ပိုချက်တီနို ဟာ ပီအက်စ်ဂျီ အသင်း နည်းပြ ရာထူးကို လက်ခံလိုက်ပေမယ့် စာချုပ် သက်တမ်းက ၁၈ လ သာ ဖြစ်တာကြောင့် ဆိုးရှား လက်ရှိစာချုပ် ကုန်ချိန်နဲ့ အကိုက်ပဲ လို့ ယူနိုက်တက် ပရိသတ် အချို့က နောက်ပြောင် ပြောဆိုနေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံရှစ်ကလပ် ချာလ်တန် အသင်းမှာ အငှား သွား ကစားနေတဲ့ ကွင်းလယ် ကစားသမားလေး ဒိုင်လန် လီဗစ်ဟာ လုံလောက်တဲ့ ပွဲကစားချိန် မရတာကြောင့် အငှားစာချုပ်ကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဘာ အတွက် ဂျူဗင်တပ်ရဲ့ ကစားသမား အလိုက်ပေး ထည့်သွင်းမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချ ခဲ့ပါတယ်။ စီးရီးအေကလပ်ဟာ ပေါ့ဘာ အတွက် ဒေါက်ဂလပ် ကော်စတာ ဒါမှမဟုတ် ရမ်ဆေးကို ထည့် ကမ်းလှမ်းခဲ့တာပါ။

Zawgyi – အတၱလႏၱာ အသင္းက ဇြန္ထိ အငွားနဲ႕ ဆက္ ေခၚယူဖို႔ ၾကိဳးပမ္းေနေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ဟာ အာမက္ ဒီယာလို ကို ဇန္န၀ါရီမွာ အသင္းဆီ ေခၚမွာ ျဖစ္ေၾကာင္း သိရပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမားေလး ပယ္လစၥထရီက အဂၤလန္ ေရာက္လာတည္းက ၄င္းကို ကူညီ သင္ျပေပးခဲ့တဲ့ အသင္းေဖာ္ ၀ါရင့္ တိုက္စစ္မွဴးၾကီး ကာဗာနီ ကို ေက်းဇူးတင္မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ ယူႏိုက္တက္ဟာ လီဗာပူးနဲ႔ရမွတ္တူ ယွဥ္ရပ္ေနၿပီး အရင္လို အေတာင့္တင္းဆုံးအေနအထား ျဖစ္လာသလို ႏိုင္ငံမွာ အႀကီးမားဆုံး ကလပ္၂ခုက ဖလားအတြက္ ေျခရည္တူ တိုက္ပြဲဝင္ေနတာကို ဘာနဲ႔မွ ႏႈိင္းယွဥ္လို႔ မရဘူးလို႔ ဒန္နီ မာဖီက ဆိုပါတယ္။

ယူနိုက္တက္နဲ႕ ေရပန္းစားခဲ့တဲ့ ပိုခ်က္တီနို ဟာ ပီအက္စ္ဂ်ီ အသင္း နည္းျပ ရာထူးကို လက္ခံလိုက္ေပမယ့္ စာခ်ဳပ္ သက္တမ္းက ၁၈ လ သာ ျဖစ္တာေၾကာင့္ ဆိုးရွား လက္ရွိစာခ်ဳပ္ ကုန္ခ်ိန္နဲ႕ အကိုက္ပဲ လို႔ ယူနိုက္တက္ ပရိသတ္ အခ်ိဳ႔က ေနာက္ေျပာင္ ေျပာဆိုေနၾကပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ခ်န္ပီယံရွစ္ကလပ္ ခ်ာလ္တန္ အသင္းမွာ အငွား သြား ကစားေနတဲ့ ကြင္းလယ္ ကစားသမားေလး ဒိုင္လန္ လီဗစ္ဟာ လံုေလာက္တဲ့ ပြဲကစားခ်ိန္ မရတာေၾကာင့္ အငွားစာခ်ဳပ္ကို ရပ္ဆိုင္းေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ေပါ့ဘာ အတြက္ ဂ်ဴဗင္တပ္ရဲ႕ ကစားသမား အလိုက္ေပး ထည့္သြင္းမယ့္ ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ် ခဲ့ပါတယ္။ စီးရီးေအကလပ္ဟာ ေပါ့ဘာ အတြက္ ေဒါက္ဂလပ္ ေကာ္စတာ ဒါမွမဟုတ္ ရမ္ေဆးကို ထည့္ ကမ္းလွမ္းခဲ့တာပါ။