ချယ်ဆီးဟာ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲရှုံးနိမ့်ခဲ့တဲ့နောက် အဆင့် ၈ နေရာမှာ ရောက်နေပြီး လမ်းပတ်တစ်ယောက် ဖိအားတွေအောက် ရောက်နေသလို ၎င်းရဲ့ နေရာကို ဆက်ခံမယ့် အလားအလာရှိသူအဖြစ် မက်စ်အယ်လီဂရီကိုတောင် ထင်ကြေးပေးထား ကြပါတယ်။
မန်စီးတီးကို ရှုံးခဲ့တဲ့ပွဲမှာ မေဆန်မောင့်ရဲ့ စိတ်အားထက်သန်မှု ကင်းမဲ့ခဲ့တဲ့အပေါ် ရွိုင်ကိန်းက ထောက်ပြခဲ့ပြီး ချယ်ဆီး ကွင်းလယ်လူ အနေနဲ့ ဒီပွဲမှာ အဖွင့်ဂိုး မပေးရအောင် တားဆီးနိုင်ခဲ့သင့်တယ်လို့ ယုံကြည်နေပါတယ်။

ဂျီရူးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ စာချုပ်သက်တမ်း ၆ လသာ ကျန်တော့သလို ဂျူဗင်တပ်ထံ ပြောင်းရွှေ့လာဖို့ နည်းပြ ပီယာလိုက ဖိတ်ခေါ်ခဲ့ပြီး ၎င်းဟာ ဂျူဗင်တပ် အတွက် အဆင်သင့် သုံးလို့ရတဲ့ တိုက်စစ်မှူး ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကန်တေ၊ မေဆန်မောင့်နဲ့ ကိုဗာဆစ်တို့ ကွင်းလယ်သုံးယောက်ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိခဲ့ပဲ မန်စီးတီးရဲ့ လွှမ်းမိုးမှုကို မတားဆီးနိုင်ခဲ့တာကြောင့် ချယ်ဆီးက ပထမပိုင်းမှာပဲ ၃ ဂိုးပေးခဲ့ရတာဖြစ်တယ်လို့ ဂယ်ရီနဗီးက ဝေဖန်ခဲ့ပါတယ်။
ချယ်ဆီးကစားသမားတွေဟာ စီးတီးနဲ့ပွဲမှာ စွမ်းအင်က င်းမဲ့နေတာကို မြင်တွေ့ခဲ့ရတဲ့နောက် လမ်းပတ်အတွက် စိုးရိမ်စရာ ဖြစ်နေပြီး အချိန်မပေးတတ်တဲ့ ကလပ်ရဲ့ ထုံးစံအတိုင်း လမ်းပတ်ရဲ့ လမ်းဆုံးကို ရောက်တော့မယ်လို့ ရွိုင်ကိန်းက သတိပေးခဲ့ပါတယ်။
ချယ်ဆီး ဗဟိုနောက်ခံလူ တိုမိုရီဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄၄ မိနစ်သာ ကစားခဲ့ရပြီးတော့ အသင်းကနေ ထွက်ခွာရဖို့ ရှိနေသလို စတိဗ်ဘရုစ်က သူ့ကို ဇန်နဝါရီမှာ နယူးကာဆယ်ထံ အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဟာကင်ဇီယက်ခ်ျရဲ့ ဖရီးကစ် ကန်ချက်ဟာ မန်စီးတီးရဲ့ တန်ပြန်တိုက်စစ်ကို စတင်စေခဲ့တာဖြစ်ပြီး ဒီဘရိုင်း ဂိုးသွင်းနိုင်ခဲ့သလို ဇီယက်ခ်ျအနေနဲ့ ပြိုင်ဘက်ဆီ ရောက်သွားတဲ့ သူ့ဘောလုံးကို ပြန်လိုက်မလုပဲ ရပ်ကြည့်နေတာက မဖြစ်သင့်ဘူးလို့ ဆောင်းနက်စ်က ဝေဖန်ခဲ့ပါတယ်။
လမ်းပတ်ဟာ သိပ်ကိုခံစားချက်ပြင်းထန်သူ ဖြစ်သလို ချယ်ဆီးအတွက် အကောင်းဆုံး လုပ်ပေးချင်ပေမယ့် မျှော်လင့်သလို ဖြစ်မလာတဲ့အခါ စိတ်ထိခိုက်လွယ်တတ်တာကို ဖျောက်ဖျက်ဖို့ ကြိုးစားမှသာ အကျိုးရရှိနိုင်တယ်လို့ အန်ဒီကိုးလ်က ထောက်ပြခဲ့ပါတယ်။

Zawgyi – ချယ်ဆီးဟာ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲရှုံးနိမ့်ခဲ့တဲ့နောက် အဆင့် ၈ နေရာမှာ ရောက်နေပြီး လမ်းပတ်တစ်ယောက် ဖိအားတွေအောက် ရောက်နေသလို ၎င်းရဲ့ နေရာကို ဆက်ခံမယ့် အလားအလာရှိသူအဖြစ် မက်စ်အယ်လီဂရီကိုတောင် ထင်ကြေးပေးထား ကြပါတယ်။
