ယူနိုက်တက်ဟာ ဇန်နဝါရီမှာ ကစားသမား ၆ ယောက် ရောင်းထုတ်ဖို့ ပြင်နေပြီး ဖီးဂျုံးစ်နဲ့ ရိုဂျိုတို့ကို ဝက်စ်ဘရွန်းနဲ့ နယူးကာဆယ်တို့ကို စိတ်ဝင်စားနေသလို ဘရန်ဒန်ဝီလီယံက ဆောက်သမ်တန်ကို အငှားရောက်ရှိနိုင်ခြေရှိပြီး လင်ဂတ်၊ ဂျိမ်းစ်နဲ့ ရိုမဲရိုးတို့ကလဲ ထွက်ခွာဖို့ အလားအလာရှိနေပါတယ်။
ဆန်ချိုဟာ အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းရွှေ့ဖို့ ယခင်ကထက် ပိုပြီးတော့တောင် စိတ်အားထက်သန် နေသလို ယူနိုက်တက်ဟာလဲ သူ့ကို စိတ်ဝင်စားနေဆဲဖြစ်ပြီး ၎င်းကို ပေါင်သန်း ၁၀၀ အောက် လျှော့ဈေးနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အက်စ်တွန်ဗီလာဟာ ယူနိုက်တက်နဲ့ပွဲမှာ ပေါ့ဘာကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီအပေါ် စောဒက တက်ခဲ့ပြီး ပေါ့ဘာက သူ့ဘာသူ ခလုတ်တိုက်လဲတာဖြစ်ကြောင်း ပြောဆိုခဲ့ပေမယ့် မိုက်ကယ်အိုဝင်ကတော့ ဒါက လုံးဝပင်နယ်တီဖြစ်တယ်လို့ ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အာမက် ဒီရယ်လိုဟာ နွေရာသီမှာ ပေါင် ၃၇ သန်းနဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ရခဲ့ပြီးနောက် အလုပ်ပါမစ်ရဖို့ စောင့်နေခဲ့ရသလို အခုတော့ မန်ချက်စတာကို လေယာဉ်နဲ့ လာနေတဲ့ပုံကို မျှဝေခဲ့ပြီးနောက် မကြာခင် ယူနိုက်တက်ရဲ့ တရားဝင်ကစားသမား ဖြစ်လာတော့မှာပါ။
မန်စီးတီးမှာ ဝေါ်ကာ၊ ဂျီးဆု၊ အဲရစ်ဂါစီယာ၊ အီဒါဆန်၊ နာသန်အကီနဲ့ ဖာရန် တောရက်စ်တို့ ကိုဗစ်ပေါ့စတစ်ဖြစ်ခဲ့ပြီး ဗုဒ္ဓဟူးနေ့ ယူနိုက်တက်နဲ့ပွဲကို ပါဝင်နိုင်မှာ မဟုတ်တာကြောင့် ဆိုးရှားရဲ့ ကာရာဘောင်းဖလား ဖိုင်နယ် မျှော်လင့်ချက်အတွက် အခွင့်အရေးပိုရှိလာပါတယ်။
ပေါ့ဘာရဲ့ စာချုပ်က ၂၀၂၂ မှာ သက်တမ်းကုန်မှာဖြစ်ပြီး သူက ကလပ်နဲ့ စာချုပ်သစ် ချုပ်မှာလဲ မဟုတ်တာကြောင့် ယူနိုက်တက်ဟာ သူ့အတွက် တန်ကြေးတချို့ ပြန်ရရှိစေဖို့အတွက် ၂၀၂၁ နွေအပြောင်းအရွှေ့မှာ သူ့ကို ရောင်းချသွားမှာဖြစ်ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဇန္နဝါရီမွာ ကစားသမား ၆ ေယာက္ ေရာင္းထုတ္ဖို႔ ျပင္ေနၿပီး ဖီးဂ်ဳံးစ္နဲ႔ ႐ိုဂ်ိဳတို႔ကို ဝက္စ္ဘ႐ြန္းနဲ႔ နယူးကာဆယ္တို႔ကို စိတ္ဝင္စားေနသလို ဘရန္ဒန္ဝီလီယံက ေဆာက္သမ္တန္ကို အငွားေရာက္ရွိႏိုင္ေျခရွိၿပီး လင္ဂတ္၊ ဂ်ိမ္းစ္နဲ႔ ႐ိုမဲ႐ိုးတို႔ကလဲ ထြက္ခြာဖို႔ အလားအလာရွိေနပါတယ္။
ဆန္ခ်ိဳဟာ အိုးလ္ထရက္ဖို႔ဒ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ယခင္ကထက္ ပိုၿပီးေတာ့ေတာင္ စိတ္အားထက္သန္ ေနသလို ယူႏိုက္တက္ဟာလဲ သူ႔ကို စိတ္ဝင္စားေနဆဲျဖစ္ၿပီး ၎ကို ေပါင္သန္း ၁၀၀ ေအာက္ ေလွ်ာ့ေဈးနဲ႔ ေခၚယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
အက္စ္တြန္ဗီလာဟာ ယူႏိုက္တက္နဲ႔ပြဲမွာ ေပါ့ဘာေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီအေပၚ ေစာဒက တက္ခဲ့ၿပီး ေပါ့ဘာက သူ႔ဘာသူ ခလုတ္တိုက္လဲတာျဖစ္ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ မိုက္ကယ္အိုဝင္ကေတာ့ ဒါက လုံးဝပင္နယ္တီျဖစ္တယ္လို႔ ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။
အာမက္ ဒီရယ္လိုဟာ ေႏြရာသီမွာ ေပါင္ ၃၇ သန္းနဲ႔ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈ ရခဲ့ၿပီးေနာက္ အလုပ္ပါမစ္ရဖို႔ ေစာင့္ေနခဲ့ရသလို အခုေတာ့ မန္ခ်က္စတာကို ေလယာဥ္နဲ႔ လာေနတဲ့ပုံကို မွ်ေဝခဲ့ၿပီးေနာက္ မၾကာခင္ ယူႏိုက္တက္ရဲ႕ တရားဝင္ကစားသမား ျဖစ္လာေတာ့မွာပါ။
မန္စီးတီးမွာ ေဝၚကာ၊ ဂ်ီးဆု၊ အဲရစ္ဂါစီယာ၊ အီဒါဆန္၊ နာသန္အကီနဲ႔ ဖာရန္ ေတာရက္စ္တို႔ ကိုဗစ္ေပါ့စတစ္ျဖစ္ခဲ့ၿပီး ဗုဒၶဟူးေန႔ ယူႏိုက္တက္နဲ႔ပြဲကို ပါဝင္ႏိုင္မွာ မဟုတ္တာေၾကာင့္ ဆိုးရွားရဲ႕ ကာရာေဘာင္းဖလား ဖိုင္နယ္ ေမွ်ာ္လင့္ခ်က္အတြက္ အခြင့္အေရးပိုရွိလာပါတယ္။
ေပါ့ဘာရဲ႕ စာခ်ဳပ္က ၂၀၂၂ မွာ သက္တမ္းကုန္မွာျဖစ္ၿပီး သူက ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္မွာလဲ မဟုတ္တာေၾကာင့္ ယူႏိုက္တက္ဟာ သူ႔အတြက္ တန္ေၾကးတခ်ိဳ႕ ျပန္ရရွိေစဖို႔အတြက္ ၂၀၂၁ ေႏြအေျပာင္းအေ႐ႊ႕မွာ သူ႔ကို ေရာင္းခ်သြားမွာျဖစ္ပါတယ္။
