အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာ စမစ် ရိုဝီ အစွမ်းပြလာတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းထံမှ အစ္စကို ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီ ဖြစ်ပါတယ်။
တိုက်စစ်မှူး လာကာဇက်ရဲ့ လက်ကျန် စာချုပ်သက်တမ်းက ၁၈လသာ မပြည့်တော့သော်လည်း လောလောဆယ် စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုများ မရှိသေးကြောင်း အာတီတာက အသိပေးခဲ့ကာ နွေကျမှ ပြောဆိုမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တီရာနေးဟာ အသင်းမှာ ကစားသမားတိုင်း အသင်းဝန်ထမ်းတိုင်းရဲ့ လေးစားမှု ခံယူရသူ ဖြစ်လို့ တချိန်မှာ အသင်းခေါင်းဆောင် ဖြစ်လာနိုင်တယ်လို့ နည်းပြ အာတီတာက ထောက်ခံလိုက်ပါတယ်။
အာဆင်နယ်မှာ အငှားဆက်ပြီး ကစားနေပေမယ့် ပွဲကစားချိန် သိပ် မရတော့တဲ့ ကွင်းလယ် ကစားသမား ဒန်နီ ဆီးဘယ်လော့ ကို ရီးရဲလ်က စာချုပ်ဖျက်သိမ်းပြီး ပြန်ခေါ်ဖို့ စဉ်းစားနေပါတယ်။ ဆီးဘယ်လော့ကို စီးရီးအေမှ အင်တာ၊ အေစီနဲ့ ဂျူဗင်တပ်တို့က ခေါ်ယူလိုနေကြပါတယ်။
ဂန်းနားဟောင်းကြီး အီယန်ရိုက်ကတော့ မန်ချက်စတာ ကလပ်ကနေ ထွက်ခွာလုနီးပါး ဖြစ်နေတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာ ကို အာဆင်နယ်မှာ မြင်တွေ့လိုကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဝက်စ်ဘရွန်းကို ဂိုးပြတ် နိုင်ခဲ့ပေမယ့် ထိုပွဲမှာလည်း ဂိုးပေါက် မတွေ့ဘဲ ဂိုးမိုးခေါင်နေဆဲ ဖြစ်တဲ့ တိုက်စစ်မှူး အူဘာမီးယန်း အခြေအနေကို စိုးရိမ်မှု မရှိကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ကြင္းလယ္မွာ စမစ္ ရို၀ီ အစြမ္းျပလာတာေၾကာင့္ ရီးရဲလ္မက္ဒရစ္ အသင္းထံမွ အစၥကို ကို ေခၚယူဖို႔ စိတ္၀င္စားမႈ ေအးစက္သြားခဲ့ျပီ ျဖစ္ပါတယ္။
တိုက္စစ္မွဴး လာကာဇက္ရဲ႕ လက္က်န္ စာခ်ဳပ္သက္တမ္းက ၁၈လသာ မျပည့္ေတာ့ေသာ္လည္း ေလာေလာဆယ္ စာခ်ဳပ္သစ္ ကိစၥ ေဆြးေႏြးမႈမ်ား မရွိေသးေၾကာင္း အာတီတာက အသိေပးခဲ့ကာ ေႏြက်မွ ေျပာဆိုမွာ ျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
တီရာေနးဟာ အသင္းမွာ ကစားသမားတိုင္း အသင္း၀န္ထမ္းတိုင္းရဲ႕ ေလးစားမႈ ခံယူရသူ ျဖစ္လို႔ တခ်ိန္မွာ အသင္းေခါင္းေဆာင္ ျဖစ္လာနုိင္တယ္လို႔ နည္းျပ အာတီတာက ေထာက္ခံလုိက္ပါတယ္။
အာဆင္နယ္မွာ အငွားဆက္ျပီး ကစားေနေပမယ့္ ပြဲကစားခ်ိန္ သိပ္ မရေတာ့တဲ့ ကြင္းလယ္ ကစားသမား ဒန္နီ ဆီးဘယ္ေလာ့ ကို ရီးရဲလ္က စာခ်ဳပ္ဖ်က္သိမ္းျပီး ျပန္ေခၚဖို႔ စဥ္းစားေနပါတယ္။ ဆီးဘယ္ေလာ့ကို စီးရီးေအမွ အင္တာ၊ ေအစီနဲ႕ ဂ်ဴဗင္တပ္တို႔က ေခၚယူလိုေနၾကပါတယ္။
ဂန္းနားေဟာင္းၾကီး အီယန္ရိုက္ကေတာ့ မန္ခ်က္စတာ ကလပ္ကေန ထြက္ခြာလုနီးပါး ျဖစ္ေနတဲ့ ကြင္းလယ္ ကစားသမား ေပါ့ဘာ ကို အာဆင္နယ္မွာ ျမင္ေတြ႔လိုေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
၀က္စ္ဘရြန္းကို ဂိုးျပတ္ နုိင္ခဲ့ေပမယ့္ ထိုပြဲမွာလည္း ဂိုးေပါက္ မေတြ႔ဘဲ ဂိုးမိုးေခါင္ေနဆဲ ျဖစ္တဲ့ တိုက္စစ္မွဴး အူဘာမီးယန္း အေျခအေနကို စိုးရိမ္မႈ မရွိေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။
