ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (04/01/21)

ဒီယေဂို ဒါလော့က ယူနိုက်တက်မှာ မပြီးပြတ်သေးတဲ့ ရည်မှန်းချက်တွေ ရှိတာကြောင့် အေစီမီလန် မှာ အငှား ကစားချိန် ကုန်ဆုံးရင် မန်ချက်စတာ သို့ ပြန်လာရန် ရည်ရွယ်ထားပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ အခုကို အသင်းခေါင်းဆောင် တစ်ဦးလို ဦးစီးဦးဆောင် ပြုလုပ်နိုင်နေပြီ ဖြစ်ကြောင်း နဗီးလ်က ထောက်ခံ ချီးကျူးခဲ့ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အမှတ်တူနဲ့ ဦးဆောင်နေသလို ဒီနှစ်ဖလားပြိုင်ပွဲက မနှစ်ကထက် ပိုခက်ခဲမှာဖြစ်ပြီး အဆုံးသတ်အထိ တိုက်ပွဲဝင်သွားရမယ်လို့ လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ကို အမှတ်ပေးဖလား စိန်ခေါ်စေနိုင်ဖို့ ဆိုရင် မာရှယ် အနေနဲ့ တစ်ရာသီ အနည်းဆို ၁၀ ဂိုး ၁၅ ဂိုးလောက် သွင်းပေးနိုင်ဖို့ လိုကြောင်း နံပါတ် ၉ တိုက်စစ်မှူးအား ဖီးနဗီးလ်က တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက် ကတော့ ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာဟာ အကောင်းဆုံး ပုံစံတွေ ပြန်ရလာနေပြီး ပေါ့ဘာလို လူမျိုး အာဆင်နယ်အသင်းမှာ ရှိစေချင်တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

နွေရာသီမှာ ယူနိုက်တက်နဲ့ ချိတ်ဆက်မှုရှိခဲ့တဲ့ ဆန်ချိုဟာ ဒီနှစ် ဒေါ့မွန်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပြီး ဘွန်ဒက်စ်လီဂါ ရာသီဝက်အတွင်း ဂိုးမသွင်းနိုင်ခဲ့တဲ့နောက် သူကိုယ်တိုင် အသင်းပြောင်းရွှေ့ဖို့ အလိုရှိနေတယ်လို့ ဒေါ့မွန်စီအီးအို ဝက်ဇ်ကီက ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ဒီေယဂို ဒါေလာ့က ယူနိုက္တက္မွာ မျပီးျပတ္ေသးတဲ့ ရည္မွန္းခ်က္ေတြ ရွိတာေၾကာင့္ ေအစီမီလန္ မွာ အငွား ကစားခ်ိန္ ကုန္ဆံုးရင္ မန္ခ်က္စတာ သို႔ ျပန္လာရန္ ရည္ရြယ္ထားပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူနိုက္တက္မွာ အခုကို အသင္းေခါင္းေဆာင္ တစ္ဦးလို ဦးစီးဦးေဆာင္ ျပဳလုပ္နုိင္ေနျပီ ျဖစ္ေၾကာင္း နဗီးလ္က ေထာက္ခံ ခ်ီးက်ဴးခဲ့ပါတယ္။

လက္ရွိ အမွတ္ေပးဇယားမွာ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ အမွတ္တူနဲ႔ ဦးေဆာင္ေနသလို ဒီႏွစ္ဖလားၿပိဳင္ပြဲက မႏွစ္ကထက္ ပိုခက္ခဲမွာျဖစ္ၿပီး အဆုံးသတ္အထိ တိုက္ပြဲဝင္သြားရမယ္လို႔ လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က ဝန္ခံခဲ့ပါတယ္။

ယူနိုက္တက္ကို အမွတ္ေပးဖလား စိန္ေခၚေစနိုင္ဖို႔ ဆိုရင္ မာရွယ္ အေနနဲ႕ တစ္ရာသီ အနည္းဆို ၁၀ ဂိုး ၁၅ ဂိုးေလာက္ သြင္းေပးနုိင္ဖို႔ လိုေၾကာင္း နံပါတ္ ၉ တိုက္စစ္မွဴးအား ဖီးနဗီးလ္က တိုက္တြန္းလိုက္ပါတယ္။

အာဆင္နယ္ ကစားသမားေဟာင္းၾကီး အီယန္ရိုက္ ကေတာ့ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာဟာ အေကာင္းဆံုး ပံုစံေတြ ျပန္ရလာေနျပီး ေပါ့ဘာလို လူမ်ိဳး အာဆင္နယ္အသင္းမွာ ရွိေစခ်င္တယ္လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

ေႏြရာသီမွာ ယူႏိုက္တက္နဲ႔ ခ်ိတ္ဆက္မႈရွိခဲ့တဲ့ ဆန္ခ်ိဳဟာ ဒီႏွစ္ ေဒါ့မြန္မွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရၿပီး ဘြန္ဒက္စ္လီဂါ ရာသီဝက္အတြင္း ဂိုးမသြင္းႏိုင္ခဲ့တဲ့ေနာက္ သူကိုယ္တိုင္ အသင္းေျပာင္းေ႐ႊ႕ဖို႔ အလိုရွိေနတယ္လို႔ ေဒါ့မြန္စီအီးအို ဝက္ဇ္ကီက ဖြင့္ဟခဲ့ပါတယ္။