ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (05/01/21)

နွေရာသီမှာဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်မယ့် ဒေးဗစ်အလာဘာကိုခေါ်ယူဖို့ လမ်းပတ်က အလိုရှိခဲ့ပေမယ့် အခုတော့ သူ့ကို လက်လွှတ်ရတော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကို ခေါ်ယူနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

မဝေးတော့တဲ့ အနာဂတ်မှာ ရလဒ်ဆိုးတွေ ဆက်တိုက်ထပ်ဖြစ်လာရင် လမ်းပတ်ကို ထုတ်ပယ်လိုက်ရတဲ့အခါ သူ့ရဲ့နေရာကို အစားထိုးဖို့ ချယ်ဆီးက ဘရန်ဒန်ရော်ဂျာ၊ ဟက်ဆင်ဟူတယ်၊ တူချယ်နဲ့ အယ်လီဂရီတို့ကို လျာထားတယ်လို့ သိရပါတယ်။

လမ်းပတ်ဟာ ချန်ပီယံရှစ်မှာ ဒါဘီကို တစ်ရာသီတည်း နည်းပြခဲ့ပြီးတော့ ချယ်ဆီးကို ရောက်ရှိလာခဲ့တာ ဖြစ်ရာ ၎င်းရဲ့ အတွေ့အကြုံ ကင်းမဲ့မှုကြောင့် အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့ ဂျေမီ ကာရေဂါက ယုံကြည်နေပါတယ်။

ချယ်ဆီးရဲ့ နောက်ပိုင်း ဆက်တိုက် ရုန်းကန်ရမှုတွေကြောင့် နည်းပြလမ်းပတ်အပေါ် ဖိအားတွေ တိုးလာပေမယ့် စတန် ကော်လီမိုးကတော့ အချိန်ပေးစောင့်ဆိုင်းဖို့ တိုက်တွန်းခဲ့ပြီး ၂နှစ်၊ ၃နှစ်ကြာရင် လမ်းပတ်က ဖလားရယူပေးလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲရှုံးနိမ့်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ တစ်ပွဲဿာ အနိုင်ရခဲ့ပေမယ့် ဒီမတိုင်ခင် အသင်းဟာ ၁၇ ပွဲဆက် မရှုံးခဲ့ပဲ ချန်ပီယံလိဂ်မှာလဲ ကောင်းကောင်းလုပ်ခဲ့တာကြောင့် လမ်းပတ်ကို အချိန်ပိုပေးဖို့ အေဗရာမိုဗစ်ခ်ျက စဉ်းစားထားပါတယ်။

ချယ်ဆီးလူငယ်ကစားသမား အစ်ဇီ ဘရောင်းဟာ လက်ရှိ ရှက်ဖီး ဝမ်းနက်စ်ဒေးမှာ အငှားကစားနေပေမယ့် လုံလောက်တဲ့ ကစားချိန်မရရှိခဲ့သလို ဘလက်ဘန်း ရိုဗာနဲ့ ရက်ဒင်းတို့က လက်ကျန်ရာသီအတွက် သူ့ကို အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်ဆီးဟာ နောက်ထပ်လိဂ်ပွဲစဉ်တွေမှာ ဖူလ်ဟမ်၊ လက်စတာ၊ ဝုဗ်တို့နဲ့ တွေ့ဆုံတဲ့အခါ သူတို့ရဲ့ ကံကြမ္မာဆိုးကို ပြောင်းလဲပြီး ပြန်လာနိုင်တယ်လို့ ပူလီဆစ်က ယုံကြည်နေပြီး အခက်အခဲတွေကိုဖြတ်ကျော်ဖို့ ရဲရင့်မှုကို ပြသရမယ်လို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

ချယ်ဆီးဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိဗဟိုခံစစ်မှာ သီယာဂို ဆေးဗားက ရေရှည်အားကိုးလို့ရမှာမဟုတ်တာကြောင့် ရိုက်စ်ကို ဗဟိုခံစစစ်မှာ ကတ်ဇူးမားနဲ့ တွဲဖက်ကစားစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Zawgyi – ေႏြရာသီမွာဘိုင္ယန္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္မယ့္ ေဒးဗစ္အလာဘာကိုေခၚယူဖို႔ လမ္းပတ္က အလိုရွိခဲ့ေပမယ့္ အခုေတာ့ သူ႔ကို လက္လႊတ္ရေတာ့မွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္က သူ႔ကို ေခၚယူႏိုင္ေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

မေဝးေတာ့တဲ့ အနာဂတ္မွာ ရလဒ္ဆိုးေတြ ဆက္တိုက္ထပ္ျဖစ္လာရင္ လမ္းပတ္ကို ထုတ္ပယ္လိုက္ရတဲ့အခါ သူ႔ရဲ႕ေနရာကို အစားထိုးဖို႔ ခ်ယ္ဆီးက ဘရန္ဒန္ေရာ္ဂ်ာ၊ ဟက္ဆင္ဟူတယ္၊ တူခ်ယ္နဲ႔ အယ္လီဂရီတို႔ကို လ်ာထားတယ္လို႔ သိရပါတယ္။

လမ္းပတ္ဟာ ခ်န္ပီယံရွစ္မွာ ဒါဘီကို တစ္ရာသီတည္း နည္းျပခဲ့ၿပီးေတာ့ ခ်ယ္ဆီးကို ေရာက္ရွိလာခဲ့တာ ျဖစ္ရာ ၎ရဲ႕ အေတြ႕အႀကဳံ ကင္းမဲ့မႈေၾကာင့္ အခုလို အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ေနရတာျဖစ္တယ္လို႔ ေဂ်မီ ကာေရဂါက ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီးရဲ႕ ေနာက္ပိုင္း ဆက္တိုက္ ႐ုန္းကန္ရမႈေတြေၾကာင့္ နည္းျပလမ္းပတ္အေပၚ ဖိအားေတြ တိုးလာေပမယ့္ စတန္ ေကာ္လီမိုးကေတာ့ အခ်ိန္ေပးေစာင့္ဆိုင္းဖို႔ တိုက္တြန္းခဲ့ၿပီး ၂ႏွစ္၊ ၃ႏွစ္ၾကာရင္ လမ္းပတ္က ဖလားရယူေပးလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ေနာက္ဆုံး ၆ ပြဲမွာ ၄ ပြဲရႈံးနိမ့္ခဲ့ၿပီး ဝက္စ္ဟမ္းနဲ႔ တစ္ပြဲႆာ အႏိုင္ရခဲ့ေပမယ့္ ဒီမတိုင္ခင္ အသင္းဟာ ၁၇ ပြဲဆက္ မရႈံးခဲ့ပဲ ခ်န္ပီယံလိဂ္မွာလဲ ေကာင္းေကာင္းလုပ္ခဲ့တာေၾကာင့္ လမ္းပတ္ကို အခ်ိန္ပိုေပးဖို႔ ေအဗရာမိုဗစ္ခ္်က စဥ္းစားထားပါတယ္။

ခ်ယ္ဆီးလူငယ္ကစားသမား အစ္ဇီ ဘေရာင္းဟာ လက္ရွိ ရွက္ဖီး ဝမ္းနက္စ္ေဒးမွာ အငွားကစားေနေပမယ့္ လုံေလာက္တဲ့ ကစားခ်ိန္မရရွိခဲ့သလို ဘလက္ဘန္း ႐ိုဗာနဲ႔ ရက္ဒင္းတို႔က လက္က်န္ရာသီအတြက္ သူ႔ကို အငွားေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ခ်ယ္ဆီးဟာ ေနာက္ထပ္လိဂ္ပြဲစဥ္ေတြမွာ ဖူလ္ဟမ္၊ လက္စတာ၊ ဝုဗ္တို႔နဲ႔ ေတြ႕ဆုံတဲ့အခါ သူတို႔ရဲ႕ ကံၾကမၼာဆိုးကို ေျပာင္းလဲၿပီး ျပန္လာႏိုင္တယ္လို႔ ပူလီဆစ္က ယုံၾကည္ေနၿပီး အခက္အခဲေတြကိုျဖတ္ေက်ာ္ဖို႔ ရဲရင့္မႈကို ျပသရမယ္လို႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ လက္ရွိဗဟိုခံစစ္မွာ သီယာဂို ေဆးဗားက ေရရွည္အားကိုးလို႔ရမွာမဟုတ္တာေၾကာင့္ ႐ိုက္စ္ကို ဗဟိုခံစစစ္မွာ ကတ္ဇူးမားနဲ႔ တြဲဖက္ကစားေစဖို႔ ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။