ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05/01/21)

ဆောက်သမ်တန်ကို ရှုံးခဲ့တဲ့ပွဲမှာ လီဗာပူးရဲ့ ပင်နယ်တီ ၂ ကြိမ် ငြင်းပယ်ခံခဲ့ရတဲ့နောက် သူ့ရဲ့ ၅ နှစ်ခွဲ ကာလအတွင်း ရခဲ့တဲ့ပင်နယ်တီတွေထက် ယူနိုက်တက်က ၂ နှစ်အတွင်း ရခဲ့တာက ပိုများတယ်လို့ပြောဆိုခဲ့ပြီး ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

ရီယိုဖာဒီနန်က ယူနိုက်တက်ကနေ ပေါ့ဘာ ထွက်ထွက် မထွက်ထွက် ဂရုမစိုက်ပဲ ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အသင်းဟောင်းကို တိုက်တွန်းခဲ့ပြီး သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ နောက်ကွယ်မှာ အလုပ်ကြိုးစားမှုက အထင်ကြီးစရာဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

မားကို့စ်ရိုဂျိုဟာ ဒီရာသီ ယူနိုက်တက်အတွက် ကစားခွင့်မရခဲ့ပဲ ယူ ၂၃ မှာ တစ်ပွဲသာ ကစားခဲ့ရသလို စာချုပ်သက်တမ်း နောက်ဆုံး၆လထဲ ရောက်ရှိလာတဲ့နောက် ဘိုကာဂျူနီယာထံ ပြောင်းရွှေ့ဖို့ ကနဦးပြောဆိုဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

လီဗာပူးရဲ့ ရှုံးပွဲကြောင့် ဘန်လေနဲ့ တစ်ပွဲကျန်နေတဲ့ ယူနိုက်တက်ဟာ အဆင့်၁ရဖို့ အခွင့်အရေးရှိနေပေမယ့် နောက်၂ပတ်အတွင်း လီဗာပူးနဲ့ တွေ့ရမှာဖြစ်တာကြောင့် အဲ့ဒီ့ပွဲမှာ အနိမ့်ဆုံးသရေတစ်မှတ်ရမှသာ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။

ယူနိုက်တက်ဟာ လိုင်လီ နောက်ခံလူ ဆဗန် ဘော့မန်အတွက် လီဗာပူးနဲ့အပြိုင် စိတ်ဝင်စားခဲ့ပေမယ့်အခု လီဗာပူးက နောက်ဆုတ်သွားခဲ့ပြီဖြစ်တာကြောင့် ယူနိုက်တက်အတွက် အခွင့်အရေးပိုရှိလာခဲ့ပြီဖြစ်ပြီး ဘယ်တော့ ခေါ်ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

ယူနိုက်တက်ဟာ မော်ရင်ညိုနေရာကို ဆိုးရှားနဲ့ အစားထိုးခဲ့တုန်းက သူ့ရဲ့ အတွေ့မကြုံမရှိမှုကြောင့် နော်ဝေသားကို အထင်မကြီးခဲ့ဘူးလို့ ပေါလ်အင့်စ်က ဝန်ခံခဲ့ပြီး အခုတော့ ဆိုးရှားလက်အောက်မှာ အသင်းက စိတ်လှုပ်ရှားစရာ ကောင်းလာပြီလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေဆာက္သမ္တန္ကို ရႈံးခဲ့တဲ့ပြဲမွာ လီဗာပူးရဲ႕ ပင္နယ္တီ ၂ ႀကိမ္ ျငင္းပယ္ခံခဲ့ရတဲ့ေနာက္ သူ႔ရဲ႕ ၅ ႏွစ္ခြဲ ကာလအတြင္း ရခဲ့တဲ့ပင္နယ္တီေတြထက္ ယူႏိုက္တက္က ၂ ႏွစ္အတြင္း ရခဲ့တာက ပိုမ်ားတယ္လို႔ေျပာဆိုခဲ့ၿပီး ဒိုင္ေတြရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ေမးခြန္းထုတ္ခဲ့ပါတယ္။

ရီယိုဖာဒီနန္က ယူႏိုက္တက္ကေန ေပါ့ဘာ ထြက္ထြက္ မထြက္ထြက္ ဂ႐ုမစိုက္ပဲ ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူဖို႔ အသင္းေဟာင္းကို တိုက္တြန္းခဲ့ၿပီး သူ႔ရဲ႕ စိတ္အားထက္သန္မႈနဲ႔ ေနာက္ကြယ္မွာ အလုပ္ႀကိဳးစားမႈက အထင္ႀကီးစရာျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

မားကို႔စ္႐ိုဂ်ိဳဟာ ဒီရာသီ ယူႏိုက္တက္အတြက္ ကစားခြင့္မရခဲ့ပဲ ယူ ၂၃ မွာ တစ္ပြဲသာ ကစားခဲ့ရသလို စာခ်ဳပ္သက္တမ္း ေနာက္ဆုံး၆လထဲ ေရာက္ရွိလာတဲ့ေနာက္ ဘိုကာဂ်ဴနီယာထံ ေျပာင္းေ႐ႊ႕ဖို႔ ကနဦးေျပာဆိုေဆြးေႏြးမႈေတြ လုပ္ခဲ့ပါတယ္။

လီဗာပူးရဲ႕ ရႈံးပြဲေၾကာင့္ ဘန္ေလနဲ႔ တစ္ပြဲက်န္ေနတဲ့ ယူႏိုက္တက္ဟာ အဆင့္၁ရဖို႔ အခြင့္အေရးရွိေနေပမယ့္ ေနာက္၂ပတ္ အတြင္း လီဗာပူးနဲ႔ ေတြ႕ရမွာျဖစ္တာေၾကာင့္ အဲ့ဒီ့ပြဲမွာ အနိမ့္ဆုံး သေရ တစ္မွတ္ရမွသာ အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္မွာပါ။

ယူႏိုက္တက္ဟာ လိုင္လီ ေနာက္ခံလူ ဆဗန္ ေဘာ့မန္အတြက္ လီဗာပူးနဲ႔အၿပိဳင္ စိတ္ဝင္စားခဲ့ေပမယ့္အခု လီဗာပူးက ေနာက္ဆုတ္သြားခဲ့ၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္အတြက္ အခြင့္အေရးပိုရွိလာခဲ့ၿပီျဖစ္ၿပီး ဘယ္ေတာ့ ေခၚယူႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ယူႏိုက္တက္ဟာ ေမာ္ရင္ညိဳေနရာကို ဆိုးရွားနဲ႔ အစားထိုးခဲ့တုန္းက သူ႔ရဲ႕ အေတြ႕မႀကဳံမရွိမႈေၾကာင့္ ေနာ္ေဝသားကို အထင္မႀကီးခဲ့ဘူးလို႔ ေပါလ္အင့္စ္က ဝန္ခံခဲ့ၿပီး အခုေတာ့ ဆိုးရွားလက္ေအာက္မွာ အသင္းက စိတ္လႈပ္ရွားစရာ ေကာင္းလာၿပီလို႔ ေျပာဆိုခဲ့ပါတယ္။