ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (05/01/21)

အာဆင်နယ် တိုက်စစ်ဟာ ကွင်းလယ်မှာ အစွမ်းပြနေတဲ့ စမစ် ရိုဝီကြောင့် စိတ်ချရပြီ ဖြစ်တယ်လို့ ကွင်းလယ်သမား အိုဇေးလ်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အသင်းမှာ ပွဲကစားခွင့် မရတဲ့ ခံစစ်သမား ဝီလီယံ ဆာလီဘာဟာ ပြင်သစ်ကလပ် နိုက်စ် အသင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် လူငယ်လေး ဆလီဘာဟာ အာဆင်နယ်မှာ အခက်ခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အသင်း အကြီးအကဲ အီဒူးက ဝန်ခံခဲ့ပြီး အနာဂတ်မှာ ဂန်းနားတွေနဲ့ အတူ တောက်ပလာဦးမယ် ယုံကြည်ကြောင်းလည်း ဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းရဲ့ အပယ်ခံ ဖြစ်ခဲ့လို့ အငှား ထွက်ကစားနေတဲ့ ကွင်းလယ် ကစားသမား ဂွမ်ဒေါင်ဇီဟာ အငှားကလပ် ဟယ်သာဘာလင် အတွက် ရှော်လ်ကေးနဲ့ ပွဲမှာ အလန်းစား ဂိုး သွင်းယူပြီး သူ့ အရည်အချင်းကို ပြသခဲ့ပါတယ်။

နောဝစ်ချ်အသင်း နည်းပြ ဒန်နီရယ်ကတော့ သူ့ရဲ့ ကွင်းလယ် ကစားသမား ဘူယန်ဒီယာကို အာဆင်နယ်က ပစ်မှတ်ထား နေပေမယ့် အသင်းပြောင်းမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာဟာ ဖိအားတွေနဲ့ ဝေဖန်မှုတွေကြောင့် ထုတ်ပယ်ခံရမယ် သတင်းကြီးခဲ့ပေမယ့် လောလောဆယ်မှာတော့ ချယ်ဆီးနည်းပြ လမ်းပတ်ကသာ ထုတ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်လာပြန်ပါတယ်။

Zawgyi – အာဆင္နယ္ တိုက္စစ္ဟာ ကြင္းလယ္မွာ အစြမ္းျပေနတဲ့ စမစ္ ရို၀ီေၾကာင့္ စိတ္ခ်ရျပီ ျဖစ္တယ္လို႔ ကြင္းလယ္သမား အိုေဇးလ္က ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

အသင္းမွာ ပြဲကစားခြင့္ မရတဲ့ ခံစစ္သမား ၀ီလီယံ ဆာလီဘာဟာ ျပင္သစ္ကလပ္ နိုက္စ္ အသင္းထံ အငွား ကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္ပါတယ္။

အသက္ ၁၉ နွစ္ အရြယ္ လူငယ္ေလး ဆလီဘာဟာ အာဆင္နယ္မွာ အခက္ခဲေတြနဲ႕ ရင္ဆုိင္ခဲ့ရတယ္လို႔ အသင္း အၾကီးအကဲ အီဒူးက ၀န္ခံခဲ့ျပီး အနာဂတ္မွာ ဂန္းနားေတြနဲ႕ အတူ ေတာက္ပလာဦးမယ္ ယံုၾကည္ေၾကာင္းလည္း ဆိုခဲ့ပါတယ္။

အာဆင္နယ္ အသင္းရဲ႕ အပယ္ခံ ျဖစ္ခဲ့လို႔ အငွား ထြက္ကစားေနတဲ့ ကြင္းလယ္ ကစားသမား ဂြမ္ေဒါင္ဇီဟာ အငွားကလပ္ ဟယ္သာဘာလင္ အတြက္ ေရွာ္လ္ေကးနဲ႕ ပြဲမွာ အလန္းစား ဂိုး သြင္းယူျပီး သူ႔ အရည္အခ်င္းကို ျပသခဲ့ပါတယ္။

ေနာ၀စ္ခ်္အသင္း နည္းျပ ဒန္နီရယ္ကေတာ့ သူ႔ရဲ႕ ကြင္းလယ္ ကစားသမား ဘူယန္ဒီယာကို အာဆင္နယ္က ပစ္မွတ္ထား ေနေပမယ့္ အသင္းေျပာင္းမွာ မဟုတ္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာဟာ ဖိအားေတြနဲ႕ ေ၀ဖန္မႈေတြေၾကာင့္ ထုတ္ပယ္ခံရမယ္ သတင္းၾကီးခဲ့ေပမယ့္ ေလာေလာဆယ္မွာေတာ့ ခ်ယ္ဆီးနည္းျပ လမ္းပတ္ကသာ ထုတ္ခံရဖို႔ ေရပန္းအစားဆံုး ျဖစ္လာျပန္ပါတယ္။