ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်ဖြစ်ပေမယ့် ရှက်ဖီးလ်ကို မညစ်ဘဲ ကူညီပေးမယ့် ယူနိုက်တက်

ပြန်လည်စတင်ဖို့ ပြင်ဆင်နေတဲ့ ပရီးမီးယားလိဂ်ရဲ့ လက်ရှိအမှတ်ပေးဇယားမှာ ယူနိုက်တက်က အဆင့် ၅ နေရာမှာ ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ အခြေအနေကောင်းနေပါတယ်။ အဆင့် ၄ နေရာမှာ ချယ်ဆီးကို ကျော်ဖြတ်နိုင်ဖို့ အပြင် မန်စီးတီး ချန်ပီယ့လိဂ် ပိတ်ပင်ခံရဖို့ ရှိနေတာကလည်း ပို အခွင့်ကောင်းစေတဲ့ အချက်ပါ။

အဆင့် ၇ နေရာမှာ ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကလည်း ယူနိုက်တက်နဲ့ နှစ်မှတ် အကွာမှာသာ ရှိနေပြီး ဥရောပ ဝင်ခွင့် အတွက် ခြိမ်းခြောက် နိုင်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီမှ တန်းတက်လာတဲ့ အသင်း ဖြစ်ပေမယ့် ရှက်ဖီးယူနိုက်တက်ဟာ ပြိုင်ဘက်အသင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြခဲ့ပြီး မထင်မှတ်ဘဲ ခြေစွာနေတဲ့ အသင်း ဖြစ်ပါတယ်။

ရှက်ဖီးအသင်း လူစာရင်းမှာ ဂိုးသမား ဒင်း ဟန်ဒါဆန်က အခရာကျတဲ့ အသင်းသား တစ်ဦး ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ထံမှ အငှား ခေါ်ယူထားရတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်ရဲ့ အငှား စာချုပ်က ဇွန်လကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်း တိုးခွင့် ပြု မပြုက ယူနိုက်တက် လက်ထဲမှာ ရှိနေတာပါ။

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အပြိုင်အဆိုင် ဖြစ်နေတာကြောင့် ယူနိုက်တက်ဟာ ခရစ်ဝိုက်ဒါရဲ့ ရှက်ဖီးအသင်းကို အင်အားနည်းသွားအောင် လုပ်နိုင်ခွင့် ရှိနေပါတယ်။ ဟန်ဒါဆန်ကိုသာ မန်ချက်စတာထံ ပြန်ခေါ်လိုက်ရင် ရှက်ဖီးဟာ အဓိက ဂိုးသမား မပါဘဲ လက်ကျန်လိဂ်ပွဲ ၁၀ ပွဲ ကို ကစားရတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ ထိုသို့ ညစ်မှာ မဟုတ်ဘဲ ဟန်ဒါဆန်ကို ရှက်ဖီးမှာ အငှား ဆက်လက် ကစားခွင့် ပြုသွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက် အကြီးအကဲတွေက ဝိုက်ဒါကိုလည်း ဥရောပပွဲတွေ ကစားခွင့် အတွက် မျှတစွာ ပြိုင်ဆိုင်စေလိုနေပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချယ်ဆီး၊ ယူနိုက်တက်၊ ဝုဗ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ကြား ၅ မှတ်ထိသာ ကွာခြားနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဘာမဆို ဖြစ်သွားနိုင်သေးတဲ့ အနေအထားမှာ ရှိနေနိုင်ပါသေးတယ်။

ပြိုင်ဘက်အသင်းကိုသာ အင်အားမနည်းစေလိုပေမယ့် ယူနိုက်တက်ဟာ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကိုတော့ သက်တမ်းတိုး မရတာကြောင့် ပြန်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

Zawgyi – ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနတဲ့ ပရီးမီးယားလိဂ္ရဲ႕ လက္ရွိအမွတ္ေပးဇယားမွာ ယူနိုက္တက္က အဆင့္ ၅ ေနရာမွာ ရွိေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိဖို႔ အေျခအေနေကာင္းေနပါတယ္။ အဆင့္ ၄ ေနရာမွာ ခ်ယ္ဆီးကို ေက်ာ္ျဖတ္နိုင္ဖို႔ အျပင္ မန္စီးတီး ခ်န္ပီယ့လိဂ္ ပိတ္ပင္ခံရဖို႔ ရွိေနတာကလည္း ပို အခြင့္ေကာင္းေစတဲ့ အခ်က္ပါ။

အဆင့္ ၇ ေနရာမွာ ရွိေနတဲ့ ရွက္ဖီးလ္ယူနိုက္တက္ကလည္း ယူနုိက္တက္နဲ႕ နွစ္မွတ္ အကြာမွာသာ ရွိေနျပီး ဥေရာပ ၀င္ခြင့္ အတြက္ ျခိမ္းေျခာက္ နုိင္ေနဆဲ ျဖစ္ပါတယ္။ ဒီရာသီမွ တန္းတက္လာတဲ့ အသင္း ျဖစ္ေပမယ့္ ရွက္ဖီးယူနိုက္တက္ဟာ ျပိဳင္ဘက္အသင္းေတြကို ၾကံ႕ၾကံ႕ခံ ရင္ဆုိင္ျပခဲ့ျပီး မထင္မွတ္ဘဲ ေျခစြာေနတဲ့ အသင္း ျဖစ္ပါတယ္။

ရွက္ဖီးအသင္း လူစာရင္းမွာ ဂိုးသမား ဒင္း ဟန္ဒါဆန္က အခရာက်တဲ့ အသင္းသား တစ္ဦး ျဖစ္ျပီး မန္ခ်က္စတာယူနိုက္တက္ထံမွ အငွား ေခၚယူထားရတာ ျဖစ္ပါတယ္။ ဟန္ဒါဆန္ရဲ႕ အငွား စာခ်ဳပ္က ဇြန္လကုန္မွာ ကုန္ဆံုးမွာ ျဖစ္ျပီး သက္တမ္း တိုးခြင့္ ျပဳ မျပဳက ယူနိုက္တက္ လက္ထဲမွာ ရွိေနတာပါ။

ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ အျပိဳင္အဆိုင္ ျဖစ္ေနတာေၾကာင့္ ယူနိုက္တက္ဟာ ခရစ္၀ိုက္ဒါရဲ႕ ရွက္ဖီးအသင္းကို အင္အားနည္းသြားေအာင္ လုပ္နိုင္ခြင့္ ရွိေနပါတယ္။ ဟန္ဒါဆန္ကိုသာ မန္ခ်က္စတာထံ ျပန္ေခၚလိုက္ရင္ ရွက္ဖီးဟာ အဓိက ဂိုးသမား မပါဘဲ လက္က်န္လိဂ္ပြဲ ၁၀ ပြဲ ကို ကစားရေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ကေတာ့ ထိုသို႔ ညစ္မွာ မဟုတ္ဘဲ ဟန္ဒါဆန္ကို ရွက္ဖီးမွာ အငွား ဆက္လက္ ကစားခြင့္ ျပဳသြားေတာ့မွာ ျဖစ္တယ္လုိ႔ သိရပါတယ္။ ယူနိုက္တက္ အၾကီးအကဲေတြက ၀ိုက္ဒါကိုလည္း ဥေရာပပြဲေတြ ကစားခြင့္ အတြက္ မွ်တစြာ ျပိဳင္ဆိုင္ေစလိုေနပါတယ္။

ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ခ်ယ္ဆီး၊ ယူနိုက္တက္၊ ၀ုဗ္နဲ႕ ရွက္ဖီးယူနုိက္တက္တို႔ၾကား ၅ မွတ္ထိသာ ကြာျခားေနျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ ဘာမဆို ျဖစ္သြားနိုင္ေသးတဲ့ အေနအထားမွာ ရွိေနနုိင္ပါေသးတယ္။

ျပိဳင္ဘက္အသင္းကိုသာ အင္အားမနည္းေစလိုေပမယ့္ ယူနိုက္တက္ဟာ အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကိုေတာ့ သက္တမ္းတိုး မရတာေၾကာင့္ ျပန္လႊတ္ရေတာ့မွာ ျဖစ္ပါတယ္။