ယူနိုက်တက်ရဲ့ ပင်နယ်တီအရေအတွက်အပေါ် ကလော့ပ်ရဲ့ ဝေဖန်မှုကို ဆိုးရှားက တုံ့ပြန်ခဲ့ပြီး မိမိက လီဗာပူး ပင်နယ်တီ ဘယ်လောက်ရလဲဆိုတာကို မသိသလို ဒါတွေကို ရေတွက်ပြီး အချိန်မဖြုန်းတာကြောင့် သူတို့ဘာသာ ရေတွက်ရင်း အချိန်ဖြုန်းချင်ကြလဲ သဘောပါပဲလို့ ပြောဆိုခဲ့ပါတယ်။
ကာရာဘောင်းဖလားဟာ ဆိုးရှားရဲ့ စတုတ္ထဦးစားပေး ဖြစ်ပေမယ့် စီးတီးကို အနိုင်ယူဖို့က အရေးကြီးနေတာဖြစ်သလို ယူနိုက်တက်ဟာ မနှစ်က ဆီမီးဖိုင်နယ် ၃ကြိမ် ရှုံးနိမ့်ခဲ့တာကနေ သင်ယူခဲ့ပြီးတော့ ပိုကောင်းတဲ့အသင်းဖြစ်လာပြီလို့ ဆိုးရှားက သတိပေးခဲ့ပါတယ်။

မန်ချက်စတာ ၂သင်းရဲ့ ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်မှုမှာ ယခင်က ယူနိုက်တက်ဟာ စီးတီးရဲ့ အထက်မှာရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း မိမိတို့က တခါတလေရှုံးနိမ့်ပြီး အများစုကို အနိုင်ရထားတဲ့အတွက် ဂုဏ်ယူမိကြောင်း ဂွာဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။
ကိုဗစ်ကူးစက်ခံရမှုတွေကြောင့် လူအင်အားနည်းပါးနေတဲ့ မန်စီးတီးဟာ ချယ်ဆီးနဲ့ပွဲမှာ အီဒန်ဆန်၊ ဝေါ်ကာ၊ တောရက်စ်နဲ့ ဂျီးဆုတို့မပါပဲ ကစားခဲ့ရသလို ယူနိုက်တက်နဲ့ ဆီမီးဖိုင်နယ်ပွဲအတွက်လဲ လူစာရင်းရွေးချယ်စရာ အများကြီးမရှိဘူးလို့ ဂွာဒီယိုလာက ဆိုပါတယ်။
အသက် ၁၆ နှစ်သာ ရှိသေးတဲ့ ရှိုလာ ရှိုရီတိုင်ယာဟာ ယူနိုက်တက် ယူ၂၃ အသင်းမှာ အထင်ကြီးစရာလုပ်ပြခဲ့ပြီး အသင်းကြီးရဲ့အနာဂတ်အဖြစ် သတ်မှတ်ခံထားရသလို အကယ်ဒမီထွက် ရက်ရှ်ဖို့ဒ်ကို အတုယူပြီး သူ့လိုအောင်မြင်အောင် ကြိုးစားဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။
ညာတောင်ပံလူသစ် ရှာဖွေနေတဲ့ ဆိုးရှားအတွက် ကာလရှည် ပစ်မှတ်ဖြစ်ခဲ့တဲ့ ကင်စလေ ကိုးမန်ဟာ အပြောင်းအရွှေ့ ထင်ကြေးပေးမှုတွေကြောင့် ဂုဏ်ယူမိပေမယ့် လက်ရှိမှာ ဘိုင်ယန်နဲ့ နောက်ထပ် အောင်မြင်မှုတွေရယူဖို့ပဲ အာရုံစိုက် ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ရဲ႕ ပင္နယ္တီအေရအတြက္အေပၚ ကေလာ့ပ္ရဲ႕ ေဝဖန္မႈကို ဆိုးရွားက တုံ႔ျပန္ခဲ့ၿပီး မိမိက လီဗာပူး ပင္နယ္တီ ဘယ္ေလာက္ရလဲဆိုတာကို မသိသလို ဒါေတြကို ေရတြက္ၿပီး အခ်ိန္မျဖဳန္းတာေၾကာင့္ သူတို႔ဘာသာ ေရတြက္ရင္း အခ်ိန္ျဖဳန္းခ်င္ၾကလဲ သေဘာပါပဲလို႔ ေျပာဆိုခဲ့ပါတယ္။
ကာရာေဘာင္းဖလားဟာ ဆိုးရွားရဲ႕ စတုတၳဦးစားေပး ျဖစ္ေပမယ့္ စီးတီးကို အႏိုင္ယူဖို႔က အေရးႀကီးေနတာျဖစ္သလို ယူႏိုက္တက္ဟာ မႏွစ္က ဆီမီးဖိုင္နယ္ ၃ႀကိမ္ ရႈံးနိမ့္ခဲ့တာကေန သင္ယူခဲ့ၿပီးေတာ့ ပိုေကာင္းတဲ့အသင္းျဖစ္လာၿပီလို႔ ဆိုးရွားက သတိေပးခဲ့ပါတယ္။
မန္ခ်က္စတာ ၂သင္းရဲ႕ ဆယ္စုႏွစ္မ်ားစြာ ၿပိဳင္ဆိုင္မႈမွာ ယခင္က ယူႏိုက္တက္ဟာ စီးတီးရဲ႕ အထက္မွာရွိခဲ့ေပမယ့္ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း မိမိတို႔က တခါတေလရႈံးနိမ့္ၿပီး အမ်ားစုကို အႏိုင္ရထားတဲ့အတြက္ ဂုဏ္ယူမိေၾကာင္း ဂြာဒီယိုလာက ဖြင့္ဟခဲ့ပါတယ္။
ကိုဗစ္ကူးစက္ခံရမႈေတြေၾကာင့္ လူအင္အားနည္းပါးေနတဲ့ မန္စီးတီးဟာ ခ်ယ္ဆီးနဲ႔ပြဲမွာ အီဒန္ဆန္၊ ေဝၚကာ၊ ေတာရက္စ္နဲ႔ ဂ်ီးဆုတို႔မပါပဲ ကစားခဲ့ရသလို ယူႏိုက္တက္နဲ႔ ဆီမီးဖိုင္နယ္ပြဲအတြက္လဲ လူစာရင္းေ႐ြးခ်ယ္စရာ အမ်ားႀကီးမရွိဘူးလို႔ ဂြာဒီယိုလာက ဆိုပါတယ္။
အသက္ ၁၆ ႏွစ္သာ ရွိေသးတဲ့ ရႈိလာ ရႈိရီတိုင္ယာဟာ ယူႏိုက္တက္ ယူ၂၃ အသင္းမွာ အထင္ႀကီးစရာလုပ္ျပခဲ့ၿပီး အသင္းႀကီးရဲ႕အနာဂတ္အျဖစ္ သတ္မွတ္ခံထားရသလို အကယ္ဒမီထြက္ ရက္ရွ္ဖို႔ဒ္ကို အတုယူၿပီး သူ႔လိုေအာင္ျမင္ေအာင္ ႀကိဳးစားဖို႔ ရည္မွန္းထားတယ္လို႔ ဆိုပါတယ္။
ညာေတာင္ပံလူသစ္ ရွာေဖြေနတဲ့ ဆိုးရွားအတြက္ ကာလရွည္ ပစ္မွတ္ျဖစ္ခဲ့တဲ့ ကင္စေလ ကိုးမန္ဟာ အေျပာင္းအေ႐ႊ႕ ထင္ေၾကးေပးမႈေတြေၾကာင့္ ဂုဏ္ယူမိေပမယ့္ လက္ရွိမွာ ဘိုင္ယန္နဲ႔ ေနာက္ထပ္ ေအာင္ျမင္မႈေတြရယူဖို႔ပဲ အာ႐ုံစိုက္ ထားတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
