ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင်လုခံရတော့မယ့် အီကွေဒေါသား ဆယ်ကျော်သက် ကွင်းလယ်လူငယ်လေး

မန်ချက်စတာ ယူနိုက်တက်ဟာ ဆယ်ကျော်သက် အီကွေဒေါသား ကွင်းလယ် ကစားသမားလေး ဆိုင်စီဒို ကို ခေါ်ယူဖို့ အရေးမှာ ထင်သလို လွယ်တော့မှာ မဟုတ်ဘဲ ဆိုင်စီဒိုကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်ဆီးကလည်း ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ဆိုင်စီဒိုဟာ ယူနိုက်တက်ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ပစ်မှတ် ကစားသမား အဖြစ် ပါဝင်နေပြီး ၎င်းဟာ မွေးဇာတိ အီကွေဒေါက Independiente del Valle ကလပ်မှာပဲ ပြီးခဲ့တဲ့ ရာသီက ကစားနေခဲ့တာ ဖြစ်ပါတယ်။ ၎င်းရဲ့ စီနီယာ အသင်းကြီးနဲ့ ပွဲဦးထွက်ခဲ့တာက အောက်တိုဘာလထဲမှာ ဖြစ်ပါတယ်။

သိပ်မကြာခင်ဘဲ အီကွေဒေါ လက်ရွေးစင် အသင်းကြီးမှာ ပါဝင်ခွင့် ရခဲ့ပြီး ဆိုင်စီဒိုက နိုင်ငံအသင်းနဲ့ အတူ ၃ ပွဲ ကစား ၁ ဂိုး သွင်းထားပါတယ်။ ဆယ်ကျော်သက် တစ်ဦး အနေနဲ့ အခုလို ထူးချွန်နေတာကြောင့် ဆိုင်စီဒို ကို မန်ချက်စတာ ယူနိုက်တက်၊ ဝက်စ်ဟမ်းနဲ့ အေဂျက်တို့က စိတ်ဝင်စား စောင့်ကြည့်လာပြီး နောက်ဆုံး ချယ်ဆီးပါ ပါဝင်လာခဲ့တာပါ။

အီကွေဒေါ သတင်းဌာနတွေကတော့ ချယ်ဆီးကလည်း ဆိုင်စီဒို ကို ခေါ်ယူလိုတာကြောင့် ဝင်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပြီး ကစားသမားနဲ့ ယူနိုက်တက် ပေါင် ၅.၅ သန်းနဲ့ ပြောင်းဖို့ သဘောတူညီမှု ရပြီးပြီ ဆိုတဲ့ သတင်းများက မမှန်ကြောင်း ဖော်ပြထားပါတယ်။

ယူနိုက်တက်ဟာ ဒီတစ်ပတ်ထဲမှာပဲ သူတို့ သဘောတူညီမှု ရထားပြီး ဖြစ်တဲ့ အတ္တလန္တာမှ အိုင်ဗရီကို့စ်သား အာမက် ဒီယာလို ကိုလည်း အိုးထရက်ဖို့ဒ်သို့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက်ဟာ ဆယ်ကျော်သက် အီကွေဒေါသား ကွင်းလယ် ကစားသမားလေး ဆိုင်စီဒို ကို ခေါ်ယူဖို့ အရေးမှာ ထင်သလို လွယ်တော့မှာ မဟုတ်ဘဲ ဆိုင်စီဒိုကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချယ်ဆီးကလည်း ၀င်ရောက် ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။

အသက် ၁၉ နှစ် အရွယ် ဆိုင်စီဒိုဟာ ယူနိုက်တက်ရဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့ ပစ်မှတ် ကစားသမား အဖြစ် ပါဝင်နေပြီး ၄င်းဟာ မွေးဇာတိ အီကွေဒေါက Independiente del Valle ကလပ်မှာပဲ ပြီးခဲ့တဲ့ ရာသီက ကစားနေခဲ့တာ ဖြစ်ပါတယ်။ ၄င်းရဲ့ စီနီယာ အသင်းကြီးနဲ့ ပွဲဦးထွက်ခဲ့တာက အောက်တိုဘာလထဲမှာ ဖြစ်ပါတယ်။


