ယူနိုက်တက် တိုးတက်လာတာ သူ့ကြောင့် မဟုတ်ဘူး ငြင်းဆန်လိုက်တဲ့ ဖာနန်ဒက်စ်

ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ မန္ခ်က္စတာယူနုိက္တက္သို႔ ေျပာင္းေရႊ႕ ေရာက္ရွိလာျပီး ေျခစြမ္းျပေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္က သူ႔ေၾကာင့္ ယူနိုက္တက္ တိုးတက္ ေျပာင္းလဲ လာတာ မဟုတ္ဘဲ သူ ေျခစြမ္းျပေနတာက အသင္းေဖာ္ေတြ ပံ့ပိုးမႈေၾကာင့္ ျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ယူနိုက္တက္ ဟာ ဒီႏွစ္ေဘာလုံးရာသီမွာ ရလဒ္ပိုင္းေရာ၊ ကစားပုံအရပါ ႐ုန္းကန္ေနရတာေတြရွိခဲ့ေပမယ့္ ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္လာအၿပီးမွာ သိသိသာသာ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။

ဘရူနို ဖာနန္ဒက္စ္က ယူနိုက္တက္ အတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ ေပးႏိုင္ခဲ့ပါတယ္။ ၄င္းက ကြင္းလယ္နဲ႔တိုက္စစ္ကို အေကာင္းဆုံး ခ်ိတ္ဆက္ကစားေပးႏိုင္ျခင္း၊ တိုက္စစ္လမ္းေၾကာင္းေတြ စတင္ ပုံေဖာ္ေပးႏိုင္ျခင္း၊ ကြင္းလယ္ကို အကူအညီေပးႏိုင္ျခင္းေတြေၾကာင့္ အမ်ားစုက ဝိုင္းဝန္းခ်ီးက်ဴးေနၾကပါတယ္။

ဒါေပမယ့္ ဖာနန္ဒက္စ္ကေတာ့ အခုမန္ယူတိုးတက္လာတာ သူတစ္ေယာက္ထဲေၾကာင့္မဟုတ္ဘဲ အသင္းလိုက္စြမ္းေဆာင္ရည္က အဓိက က်ခဲ့တယ္လို႔ သုံးသပ္သြားခဲ့ပါတယ္။

” ယူနိုက္တက္ ဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ရတာကေတာ့ အင္မတန္မွကို လြယ္ကူပါတယ္။ ဒီအသင္းဆီ ေျပာင္းလာဖို႔ အခြင့္အေရးရလာတဲ့အခါ ကြၽန္ေတာ္ နွစ္ခါျပန္ မစဥ္းစားခဲ့ပါဘူး။ စပို႔တင္းနဲ႔ ယူနိုက္တက္ တာဝန္ရွိသူေတြ စတင္ေဆြးေႏြးေနခ်ိန္မွာပဲ ကြၽန္ေတာ္ အသင္းကို အသိေပးခဲ့တာက ယူနိုက္တက္ ဟာ ကြၽန္ေတာ့္ရဲ႕ ဦးစားေပးေ႐ြးခ်ယ္မႈ ဆိုတာပါပဲ၊

ကြၽန္ေတာ့္အျမင္မွာေတာ့ ၿပီးခဲ့တဲ့ တစ္လအတြင္း ကြၽန္ေတာ္တို႔အမ်ားႀကီးေျပာင္းလဲသြားတယ္မထင္ပါဘူး။ ကြၽန္ေတာ္တို႔ အေကာင္းဆုံး ၾကိဳးစားကစားခဲ့ၾကၿပီး ထိုက္သင့္တဲ့ရလဒ္ေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္မွာ ဒီအသင္းက သိသိသာသာ တိုးတက္လာတယ္လို႔ တခ်ိဳ႕က ေျပာဆိုသုံးသပ္ေနၾကတာလည္း ရွိပါတယ္။

တကယ္ေတာ့ ဒါေတြက ဘ႐ူႏို ဖာနန္ဒက္စ္ေၾကာင့္ မဟုတ္ပါဘူး။ တစ္သင္းလုံးေကာင္းခဲ့လို႔ပါပဲ။ အသင္းလိုက္စုစည္းမႈ၊ တစ္သင္းလုံး ပြဲအေပၚ အျပည့္အဝ အာ႐ုံစူးစိုက္မႈေတြက အေရးႀကီးပါတယ္။ ကြၽန္ေတာ္ေရာက္မလာဘူးဆိုရင္လည္း အသင္းဟာ ဒီအတိုင္းပဲ ႏိုင္ပြဲရေနမွာပါ။ ဘာေၾကာင့္လဲ ဆိုရင္ ကစားသမားတစ္ေယာက္ထဲက အသင္းကို ေျပာင္းလဲ မေပးႏိုင္လို႔ပါပဲ ” လို႔ ဖာနန္ဒက္စ္က ေျပာဆုိခဲ့ပါတယ္။

Unicode – ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ ရောက်ရှိလာပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ်က သူ့ကြောင့် ယူနိုက်တက် တိုးတက် ပြောင်းလဲ လာတာ မဟုတ်ဘဲ သူ ခြေစွမ်းပြနေတာက အသင်းဖော်တွေ ပံ့ပိုးမှုကြောင့် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက် ဟာ ဒီနှစ်ဘောလုံးရာသီမှာ ရလဒ်ပိုင်းရော၊ ကစားပုံအရပါ ရုန်းကန်နေရတာတွေရှိခဲ့ပေမယ့် ဘရူနိုဖာနန်ဒက်စ် ရောက်လာ အပြီးမှာ သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၈ ပွဲပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့ပါတယ်။ ၎င်းက ကွင်းလယ်နဲ့တိုက်စစ်ကို အကောင်းဆုံး ချိတ်ဆက်ကစားပေးနိုင်ခြင်း၊ တိုက်စစ်လမ်းကြောင်းတွေ စတင် ပုံဖော်ပေးနိုင်ခြင်း၊ ကွင်းလယ်ကို အကူအညီပေးနိုင်ခြင်းတွေကြောင့် အများစုက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။

ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ အခုမန်ယူတိုးတက်လာတာ သူတစ်ယောက်ထဲကြောင့်မဟုတ်ဘဲ အသင်းလိုက်စွမ်းဆောင်ရည်က အဓိက ကျခဲ့တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

” ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ရတာကတော့ အင်မတန်မှကို လွယ်ကူပါတယ်။ ဒီအသင်းဆီ ပြောင်းလာဖို့ အခွင့်အရေးရလာတဲ့အခါ ကျွန်တော် နှစ်ခါပြန် မစဉ်းစားခဲ့ပါဘူး။ စပို့တင်းနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ စတင်ဆွေးနွေးနေချိန်မှာပဲ ကျွန်တော် အသင်းကို အသိပေးခဲ့တာက ယူနိုက်တက် ဟာ ကျွန်တော့်ရဲ့ ဦးစားပေးရွေးချယ်မှု ဆိုတာပါပဲ၊

ကျွန်တော့်အမြင်မှာတော့ ပြီးခဲ့တဲ့ တစ်လအတွင်း ကျွန်တော်တို့အများကြီးပြောင်းလဲသွားတယ်မထင်ပါဘူး။ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကစားခဲ့ကြပြီး ထိုက်သင့်တဲ့ရလဒ်တွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးနောက်မှာ ဒီအသင်းက သိသိသာသာ တိုးတက်လာတယ်လို့ တချို့က ပြောဆိုသုံးသပ်နေကြတာလည်း ရှိပါတယ်။

တကယ်တော့ ဒါတွေက ဘရူနို ဖာနန်ဒက်စ်ကြောင့် မဟုတ်ပါဘူး။ တစ်သင်းလုံးကောင်းခဲ့လို့ပါပဲ။ အသင်းလိုက်စုစည်းမှု၊ တစ်သင်းလုံး ပွဲအပေါ် အပြည့်အဝ အာရုံစူးစိုက်မှုတွေက အရေးကြီးပါတယ်။ ကျွန်တော်ရောက်မလာဘူးဆိုရင်လည်း အသင်းဟာ ဒီအတိုင်းပဲ နိုင်ပွဲရနေမှာပါ။ ဘာကြောင့်လဲ ဆိုရင် ကစားသမားတစ်ယောက်ထဲက အသင်းကို ပြောင်းလဲ မပေးနိုင်လို့ပါပဲ ” လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။