ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (06/01/21)

ချယ်ဆီး ကစားသမားဟောင်းကြီး တစ်ဦး ဖြစ်တဲ့ ဖရန့် ဒီဘိုးက ကာရာဘောင်း ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေတဲ့ မန်စီးတီးနဲ့ ယူနိုက်တက် တို့ ပွဲကနေ ယူနိုက်တက် ကသာ ဗိုလ်လုပွဲ သို့ တက်ရောက်စေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ် အနေနဲ့ ပုံမှန် လူစာရင်းထဲပါဝင်ဖို့ နောက်ရာသီအထိ စောင့်ရနိုင်ပေမယ့်လဲ သူဟာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်တယ် လို့ ဆိုးရှားက ယုံကြည်နေပြီး ပေါင်သန်း ၄၀ အပြောင်းအရွှေ့က မကျရှုံးဘူးဆိုတာ သက်သေပြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဆိုးရှားဟာ ၁၉၉၇ မှာ ယူနိုက်တက်နဲ့ ပထမဆုံးအကြိမ် EPL ဖလား ရခဲ့တုန်းကစပြီး အောင်မြင်မှုတွေအပေါ် မူးယစ်ဆေး လို စွဲခဲ့ကြောင်း ဝန်ခံခဲ့သလို သူ့ကစားသမားတွေ ကိုလဲ ဆုဖလားတွေရယူနိုင်ဖို့ အသည်းအသန် စွဲလမ်းနေတဲ့ ခံစားချက်မျိုး ရှိစေချင်တယ်လို့ ဆိုပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘောလုံး လိမ်ခေါက်ယူတဲ့ အကြိမ်ရေ ၃၆ ကြိမ် ရှိထားပြီး လိဂ်မှာတော့ အများဆုံး အရေအတွက် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် စီးတီးကို အနိုင်ယူပြီး မန်ချက်စတာကို အနီရောင် ခြယ် လွှမ်းမိုး ပစ်ရမယ်လို့ ဂိုးသမား ဒင်း ဟန်ဒါဆန်က ဆီမီးဖိုင်နယ်ပွဲကြို ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

CIES ရဲ့ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကစားသမား တန်ကြေးတွေမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ပေါင် သန်း ၁၅၀ နဲ့ ကြေးအမြင့်ဆုံး ဖြစ်လာပါတယ်။

Zawgyi – ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး တစ္ဦး ျဖစ္တဲ့ ဖရန္႔ ဒီဘိုးက ကာရာေဘာင္း ဆီမီးဖိုင္နယ္မွာ ထိပ္တိုက္ေတြ႕ေနတဲ့ မန္စီးတီးနဲ႕ ယူနိုက္တက္ တို႔ ပြဲကေန ယူနိုက္တက္ ကသာ ဗိုလ္လုပြဲ သို႔ တက္ေရာက္ေစခ်င္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဗန္ဒီဘိခ္ အေနနဲ႔ ပုံမွန္ လူစာရင္းထဲပါဝင္ဖို႔ ေနာက္ရာသီအထိ ေစာင့္ရႏိုင္ေပမယ့္လဲ သူဟာ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္တယ္ လို႔ ဆိုးရွားက ယုံၾကည္ေနၿပီး ေပါင္သန္း ၄၀ အေျပာင္းအေ႐ႊ႕က မက်ရႈံးဘူးဆိုတာ သက္ေသျပဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ဆိုးရွားဟာ ၁၉၉၇ မွာ ယူႏိုက္တက္နဲ႔ ပထမဆုံးအႀကိမ္ EPL ဖလား ရခဲ့တုန္းကစၿပီး ေအာင္ျမင္မႈေတြအေပၚ မူးယစ္ေဆး လို စြဲခဲ့ေၾကာင္း ဝန္ခံခဲ့သလို သူ႔ကစားသမားေတြ ကိုလဲ ဆုဖလားေတြရယူႏိုင္ဖို႔ အသည္းအသန္ စြဲလမ္းေနတဲ့ ခံစားခ်က္မ်ိဳး ရွိေစခ်င္တယ္လို႔ ဆိုပါတယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေဘာလံုး လိမ္ေခါက္ယူတဲ့ အၾကိမ္ေရ ၃၆ ၾကိမ္ ရွိထားျပီး လိဂ္မွာေတာ့ အမ်ားဆံုး အေရအတြက္ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ျမိဳ႔ခံ ျပိဳင္ဘက္ စီးတီးကို အနုိင္ယူျပီး မန္ခ်က္စတာကို အနီေရာင္ ျခယ္ လႊမ္းမုိး ပစ္ရမယ္လို႔ ဂိုးသမား ဒင္း ဟန္ဒါဆန္က ဆီမီးဖိုင္နယ္ပြဲၾကိဳ ၾကံဳး၀ါး ေျပာဆိုခဲ့ပါတယ္။

CIES ရဲ႕ ေနာက္ဆံုး ထုတ္ျပန္လိုက္တဲ့ ကစားသမား တန္ေၾကးေတြမွာ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖုိ႕ဒ္က ေပါင္ သန္း ၁၅၀ နဲ႕ ေၾကးအျမင့္ဆံုး ျဖစ္လာပါတယ္။