တိုမိုရီဟာ ဒီရာသီမှာ ၃ ပွဲသာ ကစားခဲ့ရတဲ့နောက် လိဒ်စ်ကို အငှားထွက်ကစားဖို့ ရှိခဲ့ပေမယ့် ခရစ္စတန်ဆန်ရဲ့ ဒူးဒဏ်ရာက ပိုရှည်ကြာ သွားနိုင်ခြေ ရှိတာကြောင့် လမ်းပတ်က နောက်တန်းမှာ ကာဗာအနေနဲ့ သူ့ကို ဆက်ထိန်းသိမ်းသွားနိုင်ပါတယ်။
တန်မီအေဗရာဟမ်နဲ့ ဂျီရူးတို့က အားကိုးရတဲ့ ထောက်ပံ့ပေးသူတွေအဖြစ် သက်သေပြခဲ့ပေမယ့် ချယ်ဆီးမှာ ခံစစ်ကူဖို့မလိုတဲ့ တိုက်စစ်မှူး စစ်စစ် မရှိသေးတာနဲ့အတူ ဖလားစိန်ခေါ်ဖို့ တိုက်စစ်မှူးထပ်ခေါ်ရမယ်လို့ ပေါလ်မာဆွန်က အကြံပေးခဲ့ပါတယ်။

၂၀၁၂ မှာ ချယ်ဆီးထံရောက်လာပြီးနောက် အထင်ကြီးအရခံဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် ထင်သလို မဖြစ်လာတဲ့ လူးကပ် ပီယာဇွန်ဟာ အခု အသင်းကနေ ထွက်ခွာဖို့ ရှိနေပြီး စတုတ်စီးတီး၊ ဘော်ဒိုးတို့က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။
ဂျီရူးဟာ မနှစ်က ရာသီကုန်မှာ တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တဲ့နောက် ဒီရာသီကုန်မှာ သက်တမ်းကုန်မှာဖြစ်ပြီး ၎င်းကို သူ့အသင်းမှာ ရှိစေချင်တယ်လို့ ဂျူဗင်တပ်နည်းပြ ပီယာလို ဖွင့်ဟခဲ့သလို အေစီမီလန်ကလဲ သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ချယ်ဆီးဟာ နွေရာသီမှာ ကစားသမားတွေအများကြီး ခေါ်ယူခဲ့ပြီး အသင်းကို တည်ဆောက်ခဲ့ပေမယ့် အခုချိန်ထိ ထိပ်တန်းအဆင့်ဖြစ်မလာသေးပဲ ရုန်းကန်နေရတာနဲ့အတူ ဇန်နဝါရီမှာဗဟိုခံစစ်တစ်ယောက် ခေါ်ယူဖို့ လိုတယ်လို့ ပေါလ်မာဆွန်က ဆိုပါတယ်။
အပြောင်းအရွှေ့ပညာရှင် ရိုမာနိုကတော့ ဒီလထဲမှာ ချယ်ဆီးဟာ အသင်းကို အားဖြည့်ပေးမယ့် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ဘဲ အသင်းကနေ ထွက်ခွာမယ့်သူတွေရဲ့ အရေးကို အလေးပေး လုပ်ဆောင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး ယူ ၂၃ အသင်းမှာ ၄ ပွဲသာ ကစားခဲ့ရတဲ့ ဒရင့်ဝါးတားဟာ ဇန်နဝါရီ အပြောင်းအရွှေ့အတွင်း အသင်းကနေထွက်ခွာဖို့ ကလပ်များစွာနဲ့ ချိတ်ဆက်နေခဲ့သလို ချယ်ဆီးက သူ့ကို လစာတချို့စိုက်ပေးပြီး အငှားချဖို့တောင် ဆန္ဒရှိနေတာဖြစ်ပါတယ်။
ရုန်းကန်နေရတဲ့ တီမိုဗာနာ၊ ကိုင်ဟားဗတ်တို့အပေါ် တန်မီအေဗရာဟမ်က ကာကွယ်ပြောဆိုခဲ့ပြီး ၎င်းတို့အနေနဲ့ ဒီမှာ အသားကျဖို့ အချိန်ယူ နေရသလို ကစားသမားတွေကြား နားလည်မှုရဖို့လဲ ခက်ခက်ခဲခဲ ကြိုးစားနေရတယ်လို့ ရှင်းပြခဲ့ပါတယ်။

Zawgyi – တိုမိုရီဟာ ဒီရာသီမွာ ၃ ပြဲသာ ကစားခဲ့ရတဲ့ေနာက္ လိဒ္စ္ကို အငွားထြက္ကစားဖို႔ ရွိခဲ့ေပမယ့္ ခရစၥတန္ဆန္ရဲ႕ ဒူးဒဏ္ရာက ပိုရွည္ၾကာ သြားႏိုင္ေျခ ရွိတာေၾကာင့္ လမ္းပတ္က ေနာက္တန္းမွာ ကာဗာအေနနဲ႔ သူ႔ကို ဆက္ထိန္းသိမ္းသြားႏိုင္ပါတယ္။
တန္မီေအဗရာဟမ္နဲ႔ ဂ်ီ႐ူးတို႔က အားကိုးရတဲ့ ေထာက္ပံ့ေပးသူေတြအျဖစ္ သက္ေသျပခဲ့ေပမယ့္ ခ်ယ္ဆီးမွာ ခံစစ္ကူဖို႔မလိုတဲ့ တိုက္စစ္မႉးစစ္စစ္ မရွိေသးတာနဲ႔အတူ ဖလားစိန္ေခၚဖို႔ တိုက္စစ္မႉးထပ္ေခၚရမယ္လို႔ ေပါလ္မာဆြန္က အႀကံေပးခဲ့ပါတယ္။
၂၀၁၂ မွာ ခ်ယ္ဆီးထံ ေရာက္လာၿပီးေနာက္ အထင္ႀကီးအခံရဆုံး ကစားသမား ျဖစ္ခဲ့ေပမယ့္ ထင္သလို မျဖစ္လာတဲ့ လူးကပ္ ပီယာဇြန္ဟာ အခု အသင္းကေန ထြက္ခြာဖို႔ ရွိေနၿပီး စတုတ္စီးတီး၊ ေဘာ္ဒိုးတို႔က သူ႔ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။
ဂ်ီ႐ူးဟာ မႏွစ္က ရာသီကုန္မွာ တစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့ေနာက္ ဒီရာသီကုန္မွာ သက္တမ္းကုန္မွာျဖစ္ၿပီး ၎ကို သူ႔အသင္းမွာ ရွိေစခ်င္တယ္လို႔ ဂ်ဴဗင္တပ္နည္းျပ ပီယာလို ဖြင့္ဟခဲ့သလို ေအစီမီလန္ကလဲ သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။
ခ်ယ္ဆီးဟာ ေႏြရာသီမွာ ကစားသမားေတြအမ်ားႀကီး ေခၚယူခဲ့ၿပီး အသင္းကို တည္ေဆာက္ခဲ့ေပမယ့္ အခုခ်ိန္ထိ ထိပ္တန္းအဆင့္ျဖစ္မလာေသးပဲ ႐ုန္းကန္ေနရတာနဲ႔အတူ ဇန္နဝါရီမွာဗဟိုခံစစ္တစ္ေယာက္ ေခၚယူဖို႔ လိုတယ္လို႔ ေပါလ္မာဆြန္က ဆိုပါတယ္။
အေျပာင္းအေ႐ႊ႕ပညာရွင္ ႐ိုမာႏိုကေတာ့ ဒီလထဲမွာ ခ်ယ္ဆီးဟာ အသင္းကို အားျဖည့္ေပးမယ့္ ကစားသမားသစ္ေတြ ေခၚယူဖို႔ ႀကိဳးစားမွာ မဟုတ္ဘဲ အသင္းကေန ထြက္ခြာမယ့္သူေတြရဲ႕ အေရးကို အေလးေပး လုပ္ေဆာင္မွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီး ယူ ၂၃ အသင္းမွာ ၄ ပြဲသာ ကစားခဲ့ရတဲ့ ဒရင့္ဝါးတားဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕အတြင္း အသင္းကေနထြက္ခြာဖို႔ ကလပ္မ်ားစြာနဲ႔ ခ်ိတ္ဆက္ေနခဲ့သလို ခ်ယ္ဆီးက သူ႔ကို လစာတခ်ိဳ႕စိုက္ေပးၿပီး အငွားခ်ဖို႔ေတာင္ ဆႏၵရွိေနတာျဖစ္ပါတယ္။
႐ုန္းကန္ေနရတဲ့ တီမိုဗာနာ၊ ကိုင္ဟားဗတ္တို႔အေပၚ တန္မီေအဗရာဟမ္က ကာကြယ္ေျပာဆိုခဲ့ၿပီး ၎တို႔အေနနဲ႔ ဒီမွာ အသားက်ဖို႔ အခ်ိန္ယူ ေနရသလို ကစားသမားေတြၾကား နားလည္မႈရဖို႔လဲ ခက္ခက္ခဲခဲ ႀကိဳးစားေနရတယ္လို႔ ရွင္းျပခဲ့ပါတယ္။
