ချယ်ဆီး စီနီယာအသင်း ထရိန်နင်မှာ ပါဝင်ဖို့ လမ်းပတ် ဆင့်ခေါ်ခဲ့တဲ့ အံ့ဖွယ်လူငယ်လေး

UNICODE – ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစတင်ခင် ချယ်ဆီးအသင်းဟာ လေ့ကျင့်မှုတွေ ပြန်လည် စတင်ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့က စလို့ လေ့ကျင့်မှုတွေက ပြန်စခဲ့တာ အရှိန်စရနေပြီဖြစ်တယ်။

ကိုဟမ်မှာ ချယ်ဆီးအသင်းသားတွေက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ပြန်လည်စတင်တဲ့အခါ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ ကြံ့ခိုင်မှုပိုင်းတွေကို ကြိုးစား လုပ်ဆောင်နေရပါတယ်။ ကိုးပတ်လောက်ထိ ကစားသမားတွေက လေ့ကျင့်ရေးတွေနဲ့ ကင်းကွာနေတာဖြစ်လို့ ဒီကာလတွေမှာ ပရီးမီးယားလိဂ် ပြန်စရင် အဆင်သင့်ဖြစ်ဖို့ အတော်လေး ကြိုးစားနေရတာဖြစ်တယ်။

အသင်းသားတွေက ၇၅ မိနစ်ကြာ လေ့ကျင့်ရေး အစီအစဉ်တွေကို လုပ်ဆောင်ကြပြီး အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်ကြပါတယ်။ အင်္ဂလန်တစ်ဝန်းက အခြားသော ကလပ်တွေလိုပဲ ကိုရိုနာကပ်ဘေးကြားမှာ များစွာသော ကန့်သတ်မှုတွေကိုလည်း လိုက်နာကြရသေးတာဖြစ်တယ်။

ဘာကလေ၊ ဂျီရူး၊ ဂျော်ဂျင်ဟို၊ လော့တပ်ချိစ်၊ အိုဒွိုင်းလို ကစားသမားတွေအပြင် မန်နေဂျာလမ်းပတ်က ကလပ်ရဲ့ အလာအလာအရှိဆုံး လူငယ်တွေကိုလည်း ခေါ်ယူခဲ့တယ်။ တနင်္လာနေ့ လေ့ကျင့်ရေးမှာ တိုက်စစ်သမားလေး အာမာန်ဒို ဘရိုဂျာကလည်း ဝင်ရောက် လေ့ကျင့်ခွင့်ရခဲ့တယ်။

လေ့ကျင့်ရေး ပုံရိပ်တွေကို သူ့ကို သိပ်မမြင်ခဲ့ရပေမယ့် ကစားသမားကိုယ်တိုင် အင်စတာဂရမ်မှာ တင်ထားတဲ့ ပုံအရ သူလည်း ကိုဟမ်မှာ ဝင်ရောက်လေ့ကျင့်ခွင့်ရကြောင်း သိခဲ့ရတာပါ။ ဘရိုဂျာရဲ့ ပထမဆုံး စီနီယာပွဲကိုလည်း ဒီရာသီမှာ မြင်ထားရပြီး အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ သူကိုယ် လူစားဝင်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။

ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲတွေဟာ တစ်ပတ်ကို တစ်ပွဲထက်စာရင် ပွဲချိန်ဇယားတွေ ပိုနီးကပ်မယ်လို့ သတင်းကြားထားရတယ်။ ဒါကြောင့် ရာသီကုန်ထိ လက်ကျန်ပွဲတွေမှာ ဘရိုဂျာကို စီလူစားဝင် ကစားသမားအဖြစ် ပိုမို ကစားခွင်ရလာတာမျိုး မြင်တွေ့ရမယ်လို့ မျှော်လင့်ရတာ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစတင္ခင္ ခ်ယ္ဆီးအသင္းဟာ ေလ့က်င့္မႈေတြ ျပန္လည္ စတင္ျပဳလုပ္ေနခဲ့ျပီ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ အပတ္ တနလၤာေန႔က စလို႔ ေလ့က်င့္မႈေတြက ျပန္စခဲ့တာ အရွိန္စရေနျပီျဖစ္တယ္။

ကိုဟမ္မွာ ခ်ယ္ဆီးအသင္းသားေတြက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ျပန္လည္စတင္တဲ့အခါ အေကာင္းဆံုး ယွဥ္ျပိဳင္ႏုိင္ဖို႔ ၾကံ႕ခိုင္မႈပိုင္းေတြကို ၾကိဳးစား လုပ္ေဆာင္ေနရပါတယ္။ ကိုးပတ္ေလာက္ထိ ကစားသမားေတြက ေလ့က်င့္ေရးေတြနဲ႔ ကင္းကြာေနတာျဖစ္လို႔ ဒီကာလေတြမွာ ပရီးမီးယားလိဂ္ ျပန္စရင္ အဆင္သင့္ျဖစ္ဖို႔ အေတာ္ေလး ၾကိဳးစားေနရတာျဖစ္တယ္။

အသင္းသားေတြက ၇၅ မိနစ္ၾကာ ေလ့က်င့္ေရး အစီအစဥ္ေတြကို လုပ္ေဆာင္ၾကျပီး အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္ၾကပါတယ္။ အဂၤလန္တစ္ဝန္းက အျခားေသာ ကလပ္ေတြလိုပဲ ကိုရိုနာကပ္ေဘးၾကားမွာ မ်ားစြာေသာ ကန္႔သတ္မႈေတြကိုလည္း လုိက္နာၾကရေသးတာျဖစ္တယ္။

ဘာကေလ၊ ဂ်ီရူး၊ ေဂ်ာ္ဂ်င္ဟို၊ ေလာ့တပ္ခ်ိစ္၊ အိုဒိြဳင္းလို ကစားသမားေတြအျပင္ မန္ေနဂ်ာလမ္းပတ္က ကလပ္ရဲ႕ အလာအလာအရွိဆံုး လူငယ္ေတြကိုလည္း ေခၚယူခဲ့တယ္။ တနလၤာေန႔ ေလ့က်င့္ေရးမွာ တိုက္စစ္သမားေလး အာမာန္ဒို ဘရိုဂ်ာကလည္း ဝင္ေရာက္ ေလ့က်င့္ခြင့္ရခဲ့တယ္။

ေလ့က်င့္ေရး ပံုရိပ္ေတြကို သူ႔ကို သိပ္မျမင္ခဲ့ရေပမယ့္ ကစားသမားကိုယ္တိုင္ အင္စတာဂရမ္မွာ တင္ထားတဲ့ ပံုအရ သူလည္း ကိုဟမ္မွာ ဝင္ေရာက္ေလ့က်င့္ခြင့္ရေၾကာင္း သိခဲ့ရတာပါ။ ဘရိုဂ်ာရဲ႕ ပထမဆံုး စီနီယာပြဲကိုလည္း ဒီရာသီမွာ ျမင္ထားရျပီး အဲဗာတန္ကို ၄-၀ နဲ႔ အႏုိုင္ရတဲ့ပြဲမွာ သူကိုယ္ လူစားဝင္ကစားသမားအျဖစ္ အသံုးျပဳခဲ့ပါတယ္။

ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲေတြဟာ တစ္ပတ္ကို တစ္ပြဲထက္စာရင္ ပြဲခ်ိန္ဇယားေတြ ပိုနီးကပ္မယ္လို႔ သတင္းၾကားထားရတယ္။ ဒါေၾကာင့္ ရာသီကုန္ထိ လက္က်န္ပြဲေတြမွာ ဘရိုဂ်ာကို စီလူစားဝင္ ကစားသမားအျဖစ္ ပိုမို ကစားခြင္ရလာတာမ်ိဳး ျမင္ေတြ႔ရမယ္လို႔ ေမွ်ာ္လင့္ရတာ ျဖစ္ပါတယ္။