ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/01/21)

ဒင်းဟန်ဒါဆန် ရောက်လာပြီးနောက် တတိယဦးစားပေးဂိုးသမား ဖြစ်သွားတဲ့ ရိုမဲရိုးဟာ ဒီလအတွင်း မွေးရပ်မြေ အာဂျင်တီနားကိုပြန်ပြီး ဘိုကာဂျူနီယာထံ ပြောင်းရွှေ့တော့မှာ ဖြစ်သလို ယူနိုက်တက်အသင်းနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးနဲ့ ကာရာဘောင်း ဆီမီးပွဲမှာ ၂ မိနစ်သာ ပွဲကစားခွင့် ရခဲ့တဲ့ ကွင်းလယ်တိုက်စစ်သမား ဗန်ဒီဘိခ်ကတော့ လက်ရှိ အနေအထား အပေါ် အလွန် စိတ်ပျက်နေပြီး အင်တာဗျူးများ ဖြေဆိုဖို့ပါ လက်မခံတော့ဘူးလို့ သိရပါတယ်။

ဇန်နဝါရီမှာ မန်ချက်စတာကလပ်ထံ ပြောင်းရွှေ့လာပြီ ဖြစ်တဲ့ အိုင်ဗရီကို့စ်သား လူငယ်တိုက်စစ်သမားလေး အာမက် ဒီယာလို ဟာ ကျောနံပါတ် ၁၉ ကို ဝတ်ဆင်မှာ ဖြစ်ပါတယ်။

အာမက် ဒီယာလိုနဲ့ နိုင်ငံတူ စီနီယာ အသင်းဖော် ဖြစ်တဲ့ ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီကတော့ ၎င်းကို အသင်းမှာ မြန်မြန် အထိုင်ကျသွားအောင် ကူညီသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ် ကစားသမား ဘရန်ဒန် ဝီလီယံဟာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ဇန်နဝါရီမှာ အငှားထွက်ရန် ကြံရွယ်နေပြီး ၎င်းကို နယူးကာဆယ်နဲ့ ဆောက်သမ်တန်တို့က စိတ်ဝင်စားနေပါတယ်။

ပွဲပယ်ခံထားရတဲ့ တိုက်စစ်မှူး ကာဗာနီဟာ ပြန်ကစားခွင့် ရရင် မန်ချက်စတာ ယူနိုက်တက် အတွက် ကြီးစွာသော အကူအညီ ဖြစ်စေမယ်လို့ မိုက်ကယ်အိုဝင်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒင်းဟန်ဒါဆန် ရောက်လာပြီးနောက် တတိယဦးစားပေးဂိုးသမား ဖြစ်သွားတဲ့ ရိုမဲရိုးဟာ ဒီလအတွင်း မွေးရပ်မြေ အာဂျင်တီနားကိုပြန်ပြီး ဘိုကာဂျူနီယာထံ ပြောင်းရွှေ့တော့မှာ ဖြစ်သလို ယူနိုက်တက်အသင်းနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။



အာမက် ဒီယာလိုနဲ့ နိုင်ငံတူ စီနီယာ အသင်းဖော် ဖြစ်တဲ့ ယူနိုက်တက် ခံစစ်မှူး အဲရစ် ဘိုင်လီကတော့ ၄င်းကို အသင်းမှာ မြန်မြန် အထိုင်ကျသွားအောင် ကူညီသွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ် ကစားသမား ဘရန်ဒန် ၀ီလီယံဟာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ဇန်န၀ါရီမှာ အငှားထွက်ရန် ကြံရွယ်နေပြီး ၄င်းကို နယူးကာဆယ်နဲ့ ဆောက်သမ်တန်တို့က စိတ်ဝင်စားနေပါတယ်။
