ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (09/01/21)

လမ်းပတ်ဟာ သူ့မှာ လုံလောက်တဲ့ အတွေ့အကြုံမရှိဘူးဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပြီး နည်းပြ၊ ဒါမှမဟုတ် မန်နေဂျာ အလုပ်တွေထက် ပိုလွယ်ကူတဲ့ ရွေးချယ်စရာ ဖြစ်တဲ့ ရုပ်သံဝေဖန်ရေးပညာရှင် လုပ်ဖို့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

ကိုင်ဟားဗတ် ကစားချိန်မရတဲ့အပေါ် လေဗာကူဆင် နည်းပြ ပီတာဘော့စ်က စိတ်ပျက်နေပြီး လမ်းပတ်က သူ့ကို ဘယ်လို အသုံးချမလဲဆိုတာနဲ့ ပတ်သက်လို့ တိကျတဲ့စိတ်ကူးမရှိတာကြောင့် ချယ်ဆီးမှာ သူရုန်းကန်နေရတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီးမှာ ကစားသမား အင်အား များစွာရှိတာကြောင့် အားလုံးကို နေရာမပေးနိုင်တဲ့အခါ မကစားရတဲ့သူတွေက စိတ်ပျက်နေမှာကို လမ်းပတ်က နားလည်ပေမယ့် အရန်လူ ဖြစ်နေရင် ပွဲထွက်စာရင်းထဲပါအောင် လေ့ကျင့်ရေးမှာ ပိုကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

လမ်းပတ်ဟာ တိုမိုရီကို ဆက်ထိန်းထားချင်ပေမယ့်လဲ လူငယ်နောက်ခံလူဟာ ချယ်ဆီးမှာ ကစားချိန်မရတဲ့အပေါ် စိတ်ပျက်နေခဲ့ပြီးနောက် ဒီလ အတွင်း အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာခွင့်ပေးဖို့ ကလပ်ထံတောင်းဆိုထားတယ်လို့ သိရပါတယ်။

ကီပါ၊ တိုမိုရီ၊ ဂျော်ဂျင်ဟို၊ အလွန်ဆိုတို့ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားချိန်မရလို့ ထွက်ခွာချင်နေတာကို လမ်းပတ်က နားလည်ပေမယ့် ကိုဗစ်ကြောင့် ဒီကာလအတွင်း အားလုံးကို ရောင်းထုတ်နိုင်ဖို့က လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။

သန်း၂၀၀ ကျော် သုံးခဲ့ပြီး မျှော်လင့်သလို ဖြစ်မလာသေးတဲ့ ချယ်ဆီးမှာ ရလဒ်ဆိုးတွေကြောင့် နည်းပြ ထုတ်ပယ်ခံရဖို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး လမ်းပတ်ကလဲ သူ့ကို ကလပ်က အချိန်ပိုပေးလိမ့်မယ်လို့ မထင်ကြောင်း ပြောဆိုခဲ့ပါတယ်။

လမ်းပတ်အနေနဲ့ တည်ငြိမ်တဲ့ ပွဲထွက် ၁၁ ယောက်စာရင်းကို အထိုင်ကျအောင် လုပ်ရမှာဖြစ်ပြီး နည်းပြအနာဂတ် မရေရာမှုတွေကြားမှာ တစ်သင်းလုံးရဲ့ ပျော်ရွှင်မှုကို ထိန်းသိမ်းဖို့ထက် သူ့ကိုယ်သူ စိုးရိမ်နေလို့ မရဘူးလို့ ပေါလ်မာဆွန်က သတိပေးခဲ့ပါတယ်။

ချယ်ဆီးမှာ မန်ဒီက ပုံမှန်ကစားနေရပေမယ့် ကီပါက ချန်ပီယံလိဂ်မှာ ကစားခွင့်ရတဲ့အခါ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ လမ်းပတ်က ယုံကြည်နေသလို သူက ကလပ်ရဲ့ ကစားသမား ဖြစ်နေဆဲဖြစ်ပြီး ဇန်နဝါရီမှာ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပါလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – လမ္းပတ္ဟာ သူ႔မွာ လုံေလာက္တဲ့ အေတြ႕အႀကဳံမရွိဘူးဆိုတဲ့ ေဝဖန္မႈေတြကို ျငင္းပယ္ခဲ့ၿပီး နည္းျပ၊ ဒါမွမဟုတ္ မန္ေနဂ်ာ အလုပ္ေတြထက္ ပိုလြယ္ကူတဲ့ ေ႐ြးခ်ယ္စရာ ျဖစ္တဲ့ ႐ုပ္သံေဝဖန္ေရးပညာရွင္ လုပ္ဖို႔ ေျပာဆိုမႈေတြကို ပယ္ခ်ခဲ့ပါတယ္။

ကိုင္ဟားဗတ္ ကစားခ်ိန္မရတဲ့အေပၚ ေလဗာကူဆင္ နည္းျပ ပီတာေဘာ့စ္က စိတ္ပ်က္ေနၿပီး လမ္းပတ္က သူ႔ကို ဘယ္လို အသုံးခ်မလဲဆိုတာနဲ႔ ပတ္သက္လို႔ တိက်တဲ့စိတ္ကူးမရွိတာေၾကာင့္ ခ်ယ္ဆီးမွာ သူ႐ုန္းကန္ေနရတာျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

ခ်ယ္ဆီးမွာ ကစားသမား အင္အား မ်ားစြာရွိတာေၾကာင့္ အားလုံးကို ေနရာမေပးႏိုင္တဲ့အခါ မကစားရတဲ့သူေတြက စိတ္ပ်က္ေနမွာကို လမ္းပတ္က နားလည္ေပမယ့္ အရန္လူ ျဖစ္ေနရင္ ပြဲထြက္စာရင္းထဲပါေအာင္ ေလ့က်င့္ေရးမွာ ပိုႀကိဳးစားၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။

လမ္းပတ္ဟာ တိုမိုရီကို ဆက္ထိန္းထားခ်င္ေပမယ့္လဲ လူငယ္ေနာက္ခံလူဟာ ခ်ယ္ဆီးမွာ ကစားခ်ိန္မရတဲ့အေပၚ စိတ္ပ်က္ေနခဲ့ၿပီးေနာက္ ဒီလ အတြင္း အငွား ဒါမွမဟုတ္ အၿပီးသတ္ ထြက္ခြာခြင့္ေပးဖို႔ ကလပ္ထံေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

ကီပါ၊ တိုမိုရီ၊ ေဂ်ာ္ဂ်င္ဟို၊ အလြန္ဆိုတို႔ဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ကစားခ်ိန္မရလို႔ ထြက္ခြာခ်င္ေနတာကို လမ္းပတ္က နားလည္ေပမယ့္ ကိုဗစ္ေၾကာင့္ ဒီကာလအတြင္း အားလုံးကို ေရာင္းထုတ္ႏိုင္ဖို႔က လြယ္ကူတဲ့ကိစၥ မဟုတ္ဘူးလို႔ သတိေပးခဲ့ပါတယ္။

သန္း၂၀၀ ေက်ာ္ သုံးခဲ့ၿပီး ေမွ်ာ္လင့္သလို ျဖစ္မလာေသးတဲ့ ခ်ယ္ဆီးမွာ ရလဒ္ဆိုးေတြေၾကာင့္ နည္းျပ ထုတ္ပယ္ခံရဖို႔ ထင္ေၾကးေပးမႈေတြ ရွိေနၿပီး လမ္းပတ္ကလဲ သူ႔ကို ကလပ္က အခ်ိန္ပိုေပးလိမ့္မယ္လို႔ မထင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လမ္းပတ္အေနနဲ႔ တည္ၿငိမ္တဲ့ ပြဲထြက္ ၁၁ ေယာက္စာရင္းကို အထိုင္က်ေအာင္ လုပ္ရမွာျဖစ္ၿပီး နည္းျပအနာဂတ္ မေရရာမႈေတြၾကားမွာ တစ္သင္းလုံးရဲ႕ ေပ်ာ္႐ႊင္မႈကို ထိန္းသိမ္းဖို႔ထက္ သူ႔ကိုယ္သူ စိုးရိမ္ေနလို႔ မရဘူးလို႔ ေပါလ္မာဆြန္က သတိေပးခဲ့ပါတယ္။

ခ်ယ္ဆီးမွာ မန္ဒီက ပုံမွန္ကစားေနရေပမယ့္ ကီပါက ခ်န္ပီယံလိဂ္မွာ ကစားခြင့္ရတဲ့အခါ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္လို႔ လမ္းပတ္က ယုံၾကည္ေနသလို သူက ကလပ္ရဲ႕ ကစားသမား ျဖစ္ေနဆဲျဖစ္ၿပီး ဇန္နဝါရီမွာ ဘာျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။