အပြောင်းအရွှေ့မှာ ပြိုင်ဘက်တွေလို မဟုတ်ဘဲ အသုံးစရိတ်ကြီးတွေ ရှိထားတဲ့ ချယ်ဆီး

UNICODE – ကိုရိုနာကပ်ဘေးကြောင့် အသုံးစရိတ် ထိခိုက်မယ့် အသင်းတွေထဲ ချယ်ဆီး ပါဝင်မှာမဟုတ်ဘဲ အသင်းပိုင်ရှင် အေဘရာမိုဗစ်က ကလပ်ကို ငွေသုံးစွဲတွေ ပေးသွားမယ်လို့ The Athletic က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ပွဲနေ့ ဝင်ငွေတွေ မရှိတာကြောင့် နွေဈေးကွက်မှာ အသုံးစရိတ်ထုတ်နိုင်မှု နည်းပါးမှာပါ။ ကလပ်တွေဟာ ရုပ်သံဝင်ငွေတွေနဲ့ စီးပွားရေးဆိုင်ရာ ပါတနာတွေကရမယ့် ငွေကြေးတွေနဲ့ တောင့်ခံထားရမှာဖြစ်တယ်။ လာမယ့် ၁၆ လထိ ဘဏ္ဍာရေးထိခိုက်မှုကို ရင်ဆိုင်ရမှာဖြစ်ကာ နွေဈေးကွက်ထဲ အသုံးစရိတ်ကြီး ဝင်နိုင်မယ့် အသင်းက သုံးသင်းပဲ ရှိပါတယ်။

မနှစ်က နွေမှာ အပြောင်းအရွှေ့ ပိတ်ခံထားရသလို ဇန်နဝါရီမှာ ကစားသမား တစ်ဦးမှ မခေါ်ယူထားတဲ့ ချယ်ဆီးဟာ အသုံးစရိတ် အသာတင်ငွေကြေးတွေ ကိုင်ထားဆဲဖြစ်တယ်။ ချယ်ဆီးမှာ ဟာဇက်၊ မိုရာတာတို့ကို ရောင်းထုတ်ထားခြင်းကြောင့် ရထားတဲ့ အနည်းဆုံး ယူရို သန်း ၁၆၀ ထိရှိမယ့် အသုံးစရိတ်ကြီးတွေက အခုချိန်ထိ မသုံးရသေးပဲ ရှိနေပါသေးတယ်။

ဒါ့အပြင် မန်နေဂျာလမ်းပတ်က အီမာဆန်၊ ဇူမား၊ ဘတ်ရှုဝါရီ၊ ဘာကာယိုကို၊ ဇာပါ ကော်စတာ အစရှိတဲ့ အရန်ကစားသမားတွေ ရောင်းထုတ်ခြင်းကနေလည်း အသုံးစရိတ်တွေ ရလာဖို့ ရှိပါသေးတယ်။ ချယ်ဆီးပိုင်ရှင် အေဘရာမိုဗစ်က ဒီငွေကြေးတွေ အားလုံးကို မှန်ကန်တဲ့ နည်းလမ်းဖြင့် လမ်းပတ် စိတ်တိုင်းကျ အသုံးချခွင့်ပေးမှာဖြစ်တယ်။

ချယ်ဆီးဟာ အေဂျက်မှ ဇီယက်ကို ခေါ်ယူထားခဲ့ပြီး အခြားသော ကစားသမားကောင်း များစွာနဲ့ သတင်းထွက်နေပါတယ်။ နွေမှာ ဘယ်လို ကစားသမားတွေ ခေါ်ယူမလဲဆိုတဲ့အပေါ် သေချာလုပ်ဆောင်ဖို့ ဈေးကွက်ဖွင့်လာခြင်းလည်း မရှိသေးပေမယ့် ချယ်ဆီးဟာ ယူနိုက်တက်၊ မန်စီးတီးတို့နဲ့အပြိုင် နွေအပြောင်းအရွှေ့မှာ အသုံးစရိတ်ကြီး သုံးနိုင်မှာဖြစ်ပါတယ်။

ZAWGYI – ကိုရိုနာကပ္ေဘးေၾကာင့္ အသံုးစရိတ္ ထိခိုက္မယ့္ အသင္းေတြထဲ ခ်ယ္ဆီး ပါဝင္မွာမဟုတ္ဘဲ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္က ကလပ္ကို ေငြသံုးစြဲေတြ ေပးသြားမယ္လို႔ The Athletic က ေဖာ္ျပပါတယ္။

ပရီးမီးယားလိဂ္အသင္းတိုင္းဟာ ပြဲေန႔ ဝင္ေငြေတြ မရွိတာေၾကာင့္ ေႏြေစ်းကြက္မွာ အသံုးစရိတ္ထုတ္ႏုိင္မႈ နည္းပါးမွာပါ။ ကလပ္ေတြဟာ ရုပ္သံဝင္ေငြေတြနဲ႔ စီးပြားေရးဆိုင္ရာ ပါတနာေတြကရမယ့္ ေငြေၾကးေတြနဲ႔ ေတာင့္ခံထားရမွာျဖစ္တယ္။ လာမယ့္ ၁၆ လထိ ဘ႑ာေရးထိခိုက္မႈကို ရင္ဆိုင္ရမွာျဖစ္ကာ ေႏြေစ်းကြက္ထဲ အသံုးစရိတ္ၾကီး ဝင္ႏုိင္မယ့္ အသင္းက သံုးသင္းပဲ ရွိပါတယ္။

မႏွစ္က ေႏြမွာ အေျပာင္းအေရႊ႔ ပိတ္ခံထားရသလို ဇန္နဝါရီမွာ ကစားသမား တစ္ဦးမွ မေခၚယူထားတဲ့ ခ်ယ္ဆီးဟာ အသံုးစရိတ္ အသာတင္ေငြေၾကးေတြ ကိုင္ထားဆဲျဖစ္တယ္။ ခ်ယ္ဆီးမွာ ဟာဇက္၊ မိုရာတာတို႔ကို ေရာင္းထုတ္ထားျခင္းေၾကာင့္ ရထားတဲ့ အနည္းဆံုး ယူရို သန္း ၁၆၀ ထိရွိမယ့္ အသံုးစရိတ္ၾကီးေတြက အခုခ်ိန္ထိ မသံုးရေသးပဲ ရွိေနပါေသးတယ္။

ဒါ့အျပင္ မန္ေနဂ်ာလမ္းပတ္က အီမာဆန္၊ ဇူမား၊ ဘတ္ရႈဝါရီ၊ ဘာကာယိုကို၊ ဇာပါ ေကာ္စတာ အစရွိတဲ့ အရန္ကစားသမားေတြ ေရာင္းထုတ္ျခင္းကေနလည္း အသံုးစရိတ္ေတြ ရလာဖို႔ ရွိပါေသးတယ္။ ခ်ယ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္က ဒီေငြေၾကးေတြ အားလံုးကို မွန္ကန္တဲ့ နည္းလမ္းျဖင့္ လမ္းပတ္ စိတ္တိုင္းက် အသံုးခ်ခြင့္ေပးမွာျဖစ္တယ္။

ခ်ယ္ဆီးဟာ ေအဂ်က္မွ ဇီယက္ကို ေခၚယူထားခဲ့ျပီး အျခားေသာ ကစားသမားေကာင္း မ်ားစြာနဲ႔ သတင္းထြက္ေနပါတယ္။ ေႏြမွာ ဘယ္လို ကစားသမားေတြ ေခၚယူမလဲဆိုတဲ့အေပၚ ေသခ်ာလုပ္ေဆာင္ဖို႔ ေစ်းကြက္ဖြင့္လာျခင္းလည္း မရွိေသးေပမယ့္ ခ်ယ္ဆီးဟာ ယူႏုိက္တက္၊ မန္စီးတီးတို႔နဲ႔အျပိဳင္ ေႏြအေျပာင္းအေရႊ႔မွာ အသံုးစရိတ္ၾကီး သံုးႏုိင္မွာျဖစ္ပါတယ္။