ယေန႔ ညေနခင္း ေနာက္ဆံုးရ အာဆင္နယ္ သတင္းတိုမ်ား (09/01/21)

အာဆင်နယ် လူငယ်တိုက်စစ်မှူးလေး မာတင်နယ်လီက ပြီးခဲ့တဲ့ ဇွန်လ သူ ဒူးဒဏ်ရာ ရစဉ်မှာ နာကျင်လွန်းပြီး စိတ်ရော လူရော ထိခိုက်ခဲ့ကာ ဝမ်းနည်းပက်လက် ငိုကြွေးခဲ့ရကြောင်း ဖွင့်ဟခဲ့ပြီး နည်းပြ အာတီတာက သူ့ကို ကြီးစွာ အားပေးကူညီခဲ့တယ်လို့ ဆိုပါတယ်။

အာဆင်နယ် လူငယ်ခံစစ်မှူးလေ ဒန်နီရယ် ဘောလက်က ကလပ် အကောင်းဆုံး လူငယ်ကစားသမားတွေ ဖြစ်တဲ့ ဆာကာနဲ့ စမစ် ရိုဝီ တို့က ထူးချွန်လွန်းပြီး အိုဇေးလ်ကတော့ သူမတူတဲ့ အဆင့်နဲ့ အကောင်းတကာ့ အကောင်းဆုံး ကစားသမား ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ခံစစ်မှူး ရော့ဘ် ဟိုးဒင်း တစ်ယောက် ခြေစွမ်းကောင်းများ ပြန်ရပြီး အစွမ်းပြလာနိုင်တဲံ အပေါ် နည်းပြ အာတီတာကတော့ ကျေနပ် သဘောကျမိကြောင်း ပြောဆိုချီးကျူးခဲ့ပါတယ်။

အင်္ဂလန်မှာ တောက်ပတဲ့ လူငယ်ကြယ်ပွင့် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချိုနဲ့ ဖီးဖိုဒန် တို့ နည်းတူ စမစ် ရိုဝီကလည်း ခြေစွမ်းပြ တောက်ပနိုင်ကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

လာမယ့် နွေမှာ စာချုပ် ကုန်ဆုံးတော့မယ့် ကွင်းလယ် ကစားသမား အိုဇေးလ်ကို ဖီနာဘာချီနဲ့ ဒီစီယူနိုက်တက် တို့က စိတ်ဝင်စားနေပေမယ့် တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲ ရှိနေတဲ့ အိုဇေးလ် လစာ တချို့တဝက်ကို အာဆင်နယ်က မပေးချေဘူး ဆိုရင် ဒီလထဲ အပြောင်းအရွှေ့ ဖြစ်လာဖို့ အခက်အခဲ ရှိနေပါတယ်။

နိုက်စ် အသင်းမှာ အငှား ထွက် ကစားနေပြီ ဖြစ်တဲ့ ခံစစ်မှူး ဝီလီယံ ဆာလီဘာက အာဆင်နယ်အသင်းမှာ သူ ပွဲကစားခွင့် ရဖို့ ထိုက်တန်ကြောင်း ထုတ်ဖော် ပြောဆိုမှု ပြုလုပ်ခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ လူငယ္တိုက္စစ္မွဴးေလး မာတင္နယ္လီက ျပီးခဲ့တဲ့ ဇြန္လ သူ ဒူးဒဏ္ရာ ရစဥ္မွာ နာက်င္လြန္းျပီး စိတ္ေရာ လူေရာ ထိခိုက္ခဲ့ကာ ၀မ္းနည္းပက္လက္ ငိုေၾကြးခဲ့ရေၾကာင္း ဖြင့္ဟခဲ့ျပီး နည္းျပ အာတီတာက သူ႔ကို ၾကီးစြာ အားေပးကူညီခဲ့တယ္လို႔ ဆိုပါတယ္။

အာဆင္နယ္ လူငယ္ခံစစ္မွူးေလ ဒန္နီရယ္ ေဘာလက္က ကလပ္ အေကာင္းဆံုး လူငယ္ကစားသမားေတြ ျဖစ္တဲ့ ဆာကာနဲ႕ စမစ္ ရို၀ီ တို႔က ထူးခၽြန္လြန္းျပီး အိုေဇးလ္ကေတာ့ သူမတူတဲ့ အဆင့္နဲ႕ အေကာင္းတကာ့ အေကာင္းဆံုး ကစားသမား ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခံစစ္မွဴး ေရာ့ဘ္ ဟိုးဒင္း တစ္ေယာက္ ေျခစြမ္းေကာင္းမ်ား ျပန္ရျပီး အစြမ္းျပလာနိုင္တဲံ အေပၚ နည္းျပ အာတီတာကေတာ့ ေက်နပ္ သေဘာက်မိေၾကာင္း ေျပာဆိုခ်ီးက်ဴးခဲ့ပါတယ္။

အဂၤလန္မွာ ေတာက္ပတဲ့ လူငယ္ၾကယ္ပြင့္ ကစားသမားေတြ ျဖစ္တဲ့ ဆန္ခ်ိဳနဲ႕ ဖီးဖိုဒန္ တို႔ နည္းတူ စမစ္ ရို၀ီကလည္း ေျခစြမ္းျပ ေတာက္ပနုိင္ေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

လာမယ့္ ေႏြမွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ကြင္းလယ္ ကစားသမား အိုေဇးလ္ကို ဖီနာဘာခ်ီနဲ႕ ဒီစီယူနိုက္တက္ တို႔က စိတ္၀င္စားေနေပမယ့္ တစ္ပတ္ လုပ္ခ ေပါင္ ၃သိန္းခြဲ ရွိေနတဲ့ အိုေဇးလ္ လစာ တခ်ိဳ႕တ၀က္ကို အာဆင္နယ္က မေပးေခ်ဘူး ဆိုရင္ ဒီလထဲ အေျပာင္းအေရႊ႕ ျဖစ္လာဖို႔ အခက္အခဲ ရွိေနပါတယ္။

နိုက္စ္ အသင္းမွာ အငွား ထြက္ ကစားေနျပီ ျဖစ္တဲ့ ခံစစ္မွဴး ၀ီလီယံ ဆာလီဘာက အာဆင္နယ္အသင္းမွာ သူ ပြဲကစားခြင့္ ရဖို႔ ထိုက္တန္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုမႈ ျပဳလုပ္ခဲ့ပါတယ္။