ယူနိုက်တက် အသစ် ခေါ်လိုက်တဲ့ တောင်ပံတိုက်စစ်သမားလေး အာမက် ဒီယာလိုဟာ ထူးရှယ် အရည်အချင်းတွေ ရှိသူ တစ်ဦး ဖြစ်ကြောင်း ဆိုးရှားက ချီးကျူးလိုက်ပါတယ်။
ဟော်လန်သား ခံစစ်မှူး ဖိုဆုမန်ဆာ ကို ဒီလထဲ အပြောင်းအရွှေ့ကာလမှာ ထွက်ခွာခွင့် ပြုထားကြောင်း နည်းပြ ဆိုးရှားက အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရိုဂျိုနဲ့ ရိုမဲရိုးတို့ အတွက်လည်း အသင်းသစ် ရှာဖွေပေးမှာ ဖြစ်ကြောင်း ဆိုးရှားက ဆိုပါတယ်။

ကစားချိန် မရတဲ့နောက် ယူနိုက်တက်ကနေ ထွက်ခွာဖို့ ပြောဆိုမှုတွေ ရှိနေတဲ့ကြားက ဗန်ဒီဘိခ်ဟာ ကလပ်က သူ့အခြေအနေကို စိတ်ပျက်နေပြီး ဒီအကြောင်းနဲ့ ပတ်သက်တဲ့ အင်တာဗျူးတွေ ထပ်မဖြေချင်တော့ဘူးလို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
အဲရစ်ဘိုင်လီဟာ အချိန်ကောင်းမှာ ပုံစံကောင်းတွေ ပြသခဲ့တာနဲ့အတူ အာရုံစိုက်ပြီး ဒဏ်ရာထပ်မရရင် ခံစစ် ကျောက်ဆောင် ဖြစ်နိုင်တယ်လို့ ဘာဘာတော့ဗ် ယုံကြည်နေသလို ယူနိုက်တက်အနေနဲ့ ရီးရဲလ်ထံကနေ ရာမို့စ်ကို ခေါ်ယူဖို့ မလိုဘူးလို့ ပြောဆိုခဲ့ပါတယ်။
သရဲနီဟောင်း ဖလက်ချာဟာ ဒီအပတ်ထဲမှာပဲ ယူနိုက်တက် နည်းပြအဖွဲ့နဲ့ ပူးပေါင်းခဲ့ပြီ ဖြစ်ရာ စိတ်အားထက်သန်စွာနဲ့ ကူညီမှုတွေ ပေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဖာနန်ဒက်စ် ရောက်ရှိလာတည်းက နှစ်ဦးသား ကွင်းလယ်မှာ နားလည်မှု ရှိရှိ အတူ ကစားကြဖို့ အားပေး ကတိပြုခဲ့ကြောင်း ပေါ်တူဂီသားက ထုတ်ဖော် ပြောခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ အသစ္ ေခၚလိုက္တဲ့ ေတာင္ပံတိုက္စစ္သမားေလး အာမက္ ဒီယာလိုဟာ ထူးရွယ္ အရည္အခ်င္းေတြ ရွိသူ တစ္ဦး ျဖစ္ေၾကာင္း ဆိုးရွားက ခ်ီးက်ဴးလိုက္ပါတယ္။
ေဟာ္လန္သား ခံစစ္မွဴး ဖိုဆုမန္ဆာ ကို ဒီလထဲ အေျပာင္းအေရႊ႕ကာလမွာ ထြက္ခြာခြင့္ ျပဳထားေၾကာင္း နည္းျပ ဆိုးရွားက အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။ ဒါ့အျပင္ ရိုဂ်ိဳနဲ႕ ရိုမဲရိုးတို႔ အတြက္လည္း အသင္းသစ္ ရွာေဖြေပးမွာ ျဖစ္ေၾကာင္း ဆိုးရွားက ဆိုပါတယ္။
ကစားခ်ိန္ မရတဲ့ေနာက္ ယူႏိုက္တက္ကေန ထြက္ခြာဖို႔ ေျပာဆိုမႈေတြ ရွိေနတဲ့ၾကားက ဗန္ဒီဘိခ္ဟာ ကလပ္က သူ႔အေျခအေနကို စိတ္ပ်က္ေနၿပီး ဒီအေၾကာင္းနဲ႔ ပတ္သက္တဲ့ အင္တာဗ်ဴးေတြ ထပ္မေျဖခ်င္ေတာ့ဘူးလို႔ ဆုံးျဖတ္ထားတယ္လို႔သိရပါတယ္။
အဲရစ္ဘိုင္လီဟာ အခ်ိန္ေကာင္းမွာ ပုံစံေကာင္းေတြ ျပသခဲ့တာနဲ႔အတူ အာ႐ုံစိုက္ၿပီး ဒဏ္ရာထပ္မရရင္ ခံစစ္ ေက်ာက္ေဆာင္ ျဖစ္ႏိုင္တယ္လို႔ ဘာဘာေတာ့ဗ္ ယုံၾကည္ေနသလို ယူႏိုက္တက္အေနနဲ႔ ရီးရဲလ္ထံကေန ရာမို႔စ္ကို ေခၚယူဖို႔ မလိုဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
သရဲနီေဟာင္း ဖလက္ခ်ာဟာ ဒီအပတ္ထဲမွာပဲ ယူနိုက္တက္ နည္းျပအဖြဲ႕နဲ႕ ပူးေပါင္းခဲ့ျပီ ျဖစ္ရာ စိတ္အားထက္သန္စြာနဲ႕ ကူညီမႈေတြ ေပးေနျပီ ျဖစ္ေၾကာင္း သိရပါတယ္။
ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ျပီးခဲ့တဲ့နွစ္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ဖာနန္ဒက္စ္ ေရာက္ရွိလာတည္းက နွစ္ဦးသား ကြင္းလယ္မွာ နားလည္မႈ ရွိရွိ အတူ ကစားၾကဖို႔ အားေပး ကတိျပဳခဲ့ေၾကာင္း ေပၚတူဂီသားက ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။
