လိဒ်စ်၊ နယူးကာဆယ်တို့ထံ အငှားထွက်ကစားဖို့ ချိတ်ဆက်မှုရှိခဲ့တဲ့ တိုမိုရီဟာ ခရစ္စတန်ဆန် ဒဏ်ရာရပြီးနောက် ချယ်ဆီးမှာ ဆက်နေရဖို့ ရှိခဲ့ပေမယ့် ဒုတိယ ရာသီဝက်မှာ ပုံမှန်ကစားချိန်ရချင်တာကြောင့် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုထားပါတယ်။
ပီအက်စ်ဂျီနည်းပြဟောင်း သောမတ်စ်တူချယ်ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ နည်းပြသစ် ဖြစ်လာဖို့ ထင်ကြေးပေးခံထားရပြီး လက်ရှိနည်းပြ လမ်းပတ်ကလည်း အသင်း မှာ ရလဒ်ဆိုးတွေ ဆက်ဖြစ်နေရင် ရာထူး ထုတ်ပယ်ခံရမယ်ဆိုတာ သိထားတယ်လို့ ဝန်ခံစကား ဆိုပါတယ်။

ပရီးမီးယားလိဂ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု ပိုမိုမြင့်တက်လာခဲ့ပြီး စပါး၊ စီးတီး၊ ဝက်စ်ဟမ်း၊ ပဲလေ့စ်၊ ဖူလ်ဟမ်၊ ဗီလာတို့မှာ ကစားသမား အင်အား လျော့ကျခဲ့တဲ့နောက် ကိုဗစ်စည်းကမ်း မလိုက်နာတဲ့သူတွေကို အပြစ်ပေးသင့်တယ်လို့ လမ်းပတ်က ယုံကြည်နေပါတယ်။
ရလဒ်ဆိုးတွေကြောင့် အနာဂတ် မတည်မငြိမ်ဖြစ်လာတဲ့ လမ်းပတ်ဟာ ချယ်ဆီးရဲ့ ဂန္တဝင် ကစားသမားဖြစ်ပေမယ့် သူ့ရဲ့နည်းပြအလုပ်ကို ထိန်းသိမ်းဖို့နဲ့ ပတ်သက်လို့ ရိုမန်အေဗရာမိုဗစ်ခ်ျထံကနေ အထူး အခွင့်အရေးမျိုး မလိုချင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ အနာက်လန်ဒန်ကို လာချင်နေတဲ့ ကိုင်ဆီဒိုကို စိတ်ဝင်စားခဲ့ပြီး စုံစမ်းမေးမြန်းမှု လုပ်ခဲ့ပေမယ့် ကမ်းလှမ်းမှု မလုပ်ထားတာကြောင့် ၎င်းဟာ ဘရိုက်တန်နဲ့ ဆေးစစ်မှုခံယူရဖို့ရှိနေပြီး ဒုတိယရာသီဝက်အတွက် အေမက်စ်ကွင်းကို ရောက်ရှိသွားနိုင်ပါတယ်။
ချယ်ဆီးမှာ ကစားချိန်မရတဲ့အပေါ် အီမာဆန် စိတ်ပျက်နေတယ်လို့ ၎င်းရဲ့ အေးဂျင့်က ပြောဆိုခဲ့ပြီး သူဟာ အင်တာမီလန်၊ ဂျူဗင်တပ်၊ နာပိုလီတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပေမယ့် သူ့အတွက် ခိုင်မာတဲ့ ကမ်းလှမ်းမှုမျိုး မရရှိသေးဘူးလို့ အတည်ပြုခဲ့ပါတယ်။
ချယ်ဆီးဟာ သီယာဂိုဆေးဗားရဲ့ အသက်အရွယ်အရ ရေရှည်အစားထိုးနိုင်မယ့် ဗဟိုခံစစ် ကစားသမားကို ရှာဖွေနေသလို လိုက်ပ်ဇစ်ရဲ့ အူပါမီကာနိုကို ပစ်မှတ်ထားနေပြီး ပေါင်သန်း၄၀ ကစားသမားအတွက် ယူနိုက်တက်၊ လီဗာပူးနဲ့ အပြိုင်ကြိုးစားသွားမှာပါ။

Zawgyi – လိဒ္စ္၊ နယူးကာဆယ္တို႔ထံ အငွားထြက္ကစားဖို႔ ခ်ိတ္ဆက္မႈရွိခဲ့တဲ့ တိုမိုရီဟာ ခရစၥတန္ဆန္ ဒဏ္ရာရၿပီးေနာက္ ခ်ယ္ဆီးမွာ ဆက္ေနရဖို႔ ရွိခဲ့ေပမယ့္ ဒုတိယ ရာသီဝက္မွာ ပုံမွန္ကစားခ်ိန္ရခ်င္တာေၾကာင့္ အသင္းကေန ထြက္ခြာဖို႔ ေတာင္းဆိုထားပါတယ္။
ပီအက္စ္ဂ်ီနည္းျပေဟာင္း ေသာမတ္စ္တူခ်ယ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ္်မွာ နည္းျပသစ္ ျဖစ္လာဖို႔ ထင္ေၾကးေပးခံထားရျပီး လက္ရွိနည္းျပ လမး္ပတ္ကလည္း အသင္း မွာ ရလဒ္ဆိုးေတြ ဆက္ျဖစ္ေနရင္ ရာထူး ထုတ္ပယ္ခံရမယ္ဆိုတာ သိထားတယ္လို႔ ၀န္ခံစကား ဆိုပါတယ္။
ပရီးမီးယားလိဂ္မွာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရမႈ ပိုမိုျမင့္တက္လာခဲ့ၿပီး စပါး၊ စီးတီး၊ ဝက္စ္ဟမ္း၊ ပဲေလ့စ္၊ ဖူလ္ဟမ္၊ ဗီလာတို႔မွာ ကစားသမား အင္အား ေလ်ာ့က်ခဲ့တဲ့ေနာက္ ကိုဗစ္စည္းကမ္း မလိုက္နာတဲ့သူေတြကို အျပစ္ေပးသင့္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနပါတယ္။
ရလဒ္ဆိုးေတြေၾကာင့္ အနာဂတ္ မတည္မၿငိမ္ျဖစ္လာတဲ့ လမ္းပတ္ဟာ ခ်ယ္ဆီးရဲ႕ ဂႏၲဝင္ ကစားသမားျဖစ္ေပမယ့္ သူ႔ရဲ႕နည္းျပအလုပ္ကို ထိန္းသိမ္းဖို႔နဲ႔ ပတ္သက္လို႔ ႐ိုမန္ေအဗရာမိုဗစ္ခ္်ထံကေန အထူး အခြင့္အေရးမ်ိဳး မလိုခ်င္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ အနာက္လန္ဒန္ကို လာခ်င္ေနတဲ့ ကိုင္ဆီဒိုကို စိတ္ဝင္စားခဲ့ၿပီး စုံစမ္းေမးျမန္းမႈ လုပ္ခဲ့ေပမယ့္ ကမ္းလွမ္းမႈ မလုပ္ထားတာေၾကာင့္ ၎ဟာ ဘ႐ိုက္တန္နဲ႔ ေဆးစစ္မႈခံယူရဖို႔ရွိေနၿပီး ဒုတိယရာသီဝက္အတြက္ ေအမက္စ္ကြင္းကို ေရာက္ရွိသြားႏိုင္ပါတယ္။
ခ်ယ္ဆီးမွာ ကစားခ်ိန္မရတဲ့အေပၚ အီမာဆန္ စိတ္ပ်က္ေနတယ္လို႔ ၎ရဲ႕ ေအးဂ်င့္က ေျပာဆိုခဲ့ၿပီး သူဟာ အင္တာမီလန္၊ ဂ်ဴဗင္တပ္၊ နာပိုလီတို႔ရဲ႕ စိတ္ဝင္စားမႈကို ရရွိေနေပမယ့္ သူ႔အတြက္ ခိုင္မာတဲ့ ကမ္းလွမ္းမႈမ်ိဳး မရရွိေသးဘူးလို႔ အတည္ျပဳခဲ့ပါတယ္။
ခ်ယ္ဆီးဟာ သီယာဂိုေဆးဗားရဲ႕ အသက္အ႐ြယ္အရ ေရရွည္အစားထိုးႏိုင္မယ့္ ဗဟိုခံစစ္ ကစားသမားကို ရွာေဖြေနသလို လိုက္ပ္ဇစ္ရဲ႕ အူပါမီကာႏိုကို ပစ္မွတ္ထားေနၿပီး ေပါင္သန္း၄၀ ကစားသမားအတြက္ ယူႏိုက္တက္၊ လီဗာပူးနဲ႔ အၿပိဳင္ႀကိဳးစားသြားမွာပါ။
