ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (10/01/21)

မနေ့က ဝက်ဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲမှာ ပေါ့ဘာ၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့ မပါဝင်ခဲ့တာက ဒဏ်ရာကြောင့်သာဖြစ်တယ်လို့ ဆိုးရှားက ဖွင့်ဟခဲ့ပြီး နောက်ထပ် လီဗာပူးနဲ့ အရေးကြီးပွဲကိုလဲ သူတို့လွဲချော်နိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

လင်ဂတ်ဟာ ညက အက်ဖ်အေဖလားပွဲမှာ မိနစ် ၈၀ ကစားခွင့်ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ တစ်မိနစ်မှ ကစားခဲ့ရခြင်းမရှိသလို ၂၀၂၂ နွေရာသီမှာ ၎င်းရဲ့ စာချုပ်သက်တမ်း မကုန်ခင် အင်တာက သူ့ကို အငှားခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

မနေ့ကပွဲမှာ အဲရစ်ဘိုင်လေဟာ ဒင်းဟန်ဒါဆန်နဲ့ အပြင်းအထန် တိုက်မိခဲ့တဲ့နောက် ကုသမှု ခံယူခဲ့ရပြီး ကွင်းထဲက ထွက်သွားချိန်မှာလဲ မူးဝေနေပုံ ပေါ်ခဲ့ပေမယ့် ခေါင်းထိခိုက်တာမျိုးမဟုတ်ပဲ လည်ပင်းဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ဆိုးရှားက ဆိုပါတယ်။

၃ လကြာပြီးနောက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့ လင်ဂတ်ဟာ ကောင်းကောင်း ကစားခဲ့ပြီး အသင်းကို ကူညီပေးခဲ့တဲ့အပေါ် တော်မီနေးနဲ့ ဆိုးရှားတို့က ချီးကျူးခဲ့ပြီး နောက်ဆုံး ၁၀မိနစ်မှာ အနည်းငယ်ပင်ပန်းနေခဲ့တာကြောင့် သူ့ကို လူစားလဲခဲ့ရတယ်လို့ ဆိုးရှားက ရှင်းပြခဲ့ပါတယ်။

အဲရစ်ဘိုင်လေဟာ လည်ပင်း ဒဏ်ရာရခဲ့တဲ့နောက် ကုသမှုခံယူခဲ့ရပြီး လူစားလဲခဲ့ရပေမယ့် ပွဲအပြီးမှာတော့ အသင်း နောက်တစ်ဆင့် တက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရကြောင်း၊ သူ့ဒဏ်ရာက စိုးရိမ်စရာမရှိပဲ အနည်းငယ် ထိခိုက်သွားတာဖြစ်ကြောင်း ပရိသတ်တွေကို သတင်းပေးခဲ့ပါတယ်။

အမြဲတမ်း အကောင်းဆုံးပုံစံ ပေးဆပ်ကစားခဲ့တဲ့ တော်မီနေးဟာ ဝက်ဖို့ဒ်နဲ့ပွဲမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ခဲ့ပြီး ယူနိုက်တက် အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို သူဟာ ခေါင်းဆောင်ဖြစ်ထိုက်တဲ့ အရည်အချင်းအားလုံးရှိတယ်လို့ ဆိုးရှားက ချီးကျူးခဲ့ပါတယ်။

Zawgyi – မေန႔က ဝက္ဖို႔ဒ္နဲ႔ အက္ဖ္ေအဖလားပြဲမွာ ေပါ့ဘာ၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာတို႔ မပါဝင္ခဲ့တာက ဒဏ္ရာေၾကာင့္သာျဖစ္တယ္လို႔ ဆိုးရွားက ဖြင့္ဟခဲ့ၿပီး ေနာက္ထပ္ လီဗာပူးနဲ႔ အေရးႀကီးပြဲကိုလဲ သူတို႔လြဲေခ်ာ္ႏိုင္ဖြယ္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လင္ဂတ္ဟာ ညက အက္ဖ္ေအဖလားပြဲမွာ မိနစ္ ၈၀ ကစားခြင့္ရခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ တစ္မိနစ္မွ ကစားခဲ့ရျခင္းမရွိသလို ၂၀၂၂ ေႏြရာသီမွာ ၎ရဲ႕ စာခ်ဳပ္သက္တမ္း မကုန္ခင္ အင္တာက သူ႔ကို အငွားေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။

မေန႔ကပြဲမွာ အဲရစ္ဘိုင္ေလဟာ ဒင္းဟန္ဒါဆန္နဲ႔ အျပင္းအထန္ တိုက္မိခဲ့တဲ့ေနာက္ ကုသမႈ ခံယူခဲ့ရၿပီး ကြင္းထဲက ထြက္သြားခ်ိန္မွာလဲ မူးေဝေနပုံ ေပၚခဲ့ေပမယ့္ ေခါင္းထိခိုက္တာမ်ိဳးမဟုတ္ပဲ လည္ပင္းဒဏ္ရာရခဲ့တာျဖစ္တယ္လို႔ ဆိုးရွားက ဆိုပါတယ္။

၃ လၾကာၿပီးေနာက္ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့ လင္ဂတ္ဟာ ေကာင္းေကာင္း ကစားခဲ့ၿပီး အသင္းကို ကူညီေပးခဲ့တဲ့အေပၚ ေတာ္မီေနးနဲ႔ ဆိုးရွားတို႔က ခ်ီးက်ဴးခဲ့ၿပီး ေနာက္ဆုံး ၁၀မိနစ္မွာ အနည္းငယ္ပင္ပန္းေနခဲ့တာေၾကာင့္ သူ႔ကို လူစားလဲခဲ့ရတယ္လို႔ ဆိုးရွားက ရွင္းျပခဲ့ပါတယ္။

အဲရစ္ဘိုင္ေလဟာ လည္ပင္း ဒဏ္ရာရခဲ့တဲ့ေနာက္ ကုသမႈခံယူခဲ့ရၿပီး လူစားလဲခဲ့ရေပမယ့္ ပြဲအၿပီးမွာေတာ့ အသင္း ေနာက္တစ္ဆင့္ တက္ႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္ရေၾကာင္း၊ သူ႔ဒဏ္ရာက စိုးရိမ္စရာမရွိပဲ အနည္းငယ္ ထိခိုက္သြားတာျဖစ္ေၾကာင္း ပရိသတ္ေတြကို သတင္းေပးခဲ့ပါတယ္။

အၿမဲတမ္း အေကာင္းဆုံးပုံစံ ေပးဆပ္ကစားခဲ့တဲ့ ေတာ္မီေနးဟာ ဝက္ဖို႔ဒ္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ခဲ့ၿပီး ယူႏိုက္တက္ အတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့သလို သူဟာ ေခါင္းေဆာင္ျဖစ္ထိုက္တဲ့ အရည္အခ်င္းအားလုံးရွိတယ္လို႔ ဆိုးရွားက ခ်ီးက်ဴးခဲ့ပါတယ္။