အာဆင်နယ် အသင်းဟာ ညက အက်ဖ်အေဖလား ပွဲမှာတော့ နယူးကာဆယ် အသင်းကို အမ်းမရိတ်မှာ ဧည့်ခံ ကစားရာ ပွဲချိန် မိနစ် ၉၀ အတွင်း ဂိုးမရှိ သရေကျနေတာကြောင့် အချိန်ပို ဆက်ကန်ခဲ့ရပါတယ်။ အချိန်ပိုမှာတော့ စမစ် ရိုဝီနဲ့ အူဘာမီးယန်းတို့ တစ်ဂိုးစီ သွင်းခဲ့တာကြောင့် ၂-၀ နဲ့ အနိုင်ယူကာ နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပါတယ်။
လူငယ်တိုက်စစ်မှူး မာတင်နယ်လီ ကို ပွဲထွက် လူစာရင်းမှာ ပါဝင်ဖို့ ထည့်သွင်းခဲ့ပေမယ့် ဘရာဇီးသားဟာ ပွဲကြို သွေးပူလေ့ကျင့်ခန်း လုပ်စဉ် ခြေကျင်းဝတ်လည်ကာ ဒဏ်ရာ ရသွားခဲ့ပါတယ်။

နည်းပြ အာတီတာကတော့ မာတင်နယ်လီ ထပ်နာသွားတဲ့ အပေါ် စိတ်မကောင်းကြောင်း ဆိုခဲ့ပြီး နာကျင်လွန်းလို့ ငိုနေခဲ့တဲ့ မာတင်နယ်လီ အခြေအနေ အရမ်းမဆိုးဖို့သာ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ် အတွက် အနိုင်ဂိုး တစ်ဂိုး သွင်းပေးခဲ့တဲ့ စမစ် ရိုဝီက စီနီယာ အသင်းကြီးအတွက် ကစားပေးဖို့က ဂန်းနား လူငယ်တွေ အတွက် အိပ်မက် ဖြစ်ပြီး အခုလို ကစားခွင့်ရတာ အတွက် ပျော်ရွှင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
နယူးကာဆယ်နဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် တိုက်စစ်မှူး အူဘာမီးယန်း တစ်ယောက် ယုံကြည်မှု အပြည့် ပြန်ရလာပြီး ဂိုးတွေ ဆက်သွင်းနိုင်ဖို့ အာတီတာက မျှော်လင့်နေပါတယ်။
အာဆင်နယ် တိုက်စစ်သမား နှစ်ယောက် ဖြစ်တဲ့ ပီပီနဲ့ ဝီလီယံတို့ ခြေစွမ်းတွေက အရမ်း အရမ်းကို ညံ့ဖျင်းခဲ့တယ်လို့ အီယန်ရိုက်က ကာဆယ်နဲ့ ပွဲ အပြီးမှာ ဝေဖန်ခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ညက အက္ဖ္ေအဖလား ပြဲမွာေတာ့ နယူးကာဆယ္ အသင္းကို အမ္းမရိတ္မွာ ဧည့္ခံ ကစားရာ ပြဲခ်ိန္ မိနစ္ ၉၀ အတြင္း ဂိုးမရွိ သေရက်ေနတာေၾကာင့္ အခ်ိန္ပို ဆက္ကန္ခဲ့ရပါတယ္။ အခ်ိန္ပိုမွာေတာ့ စမစ္ ရို၀ီနဲ႕ အူဘာမီးယန္းတို႔ တစ္ဂိုးစီ သြင္းခဲ့တာေၾကာင့္ ၂-၀ နဲ႕ အနုိင္ယူကာ ေနာက္တစ္ဆင့္ တက္သြားနုိင္ခဲ့ပါတယ္။
လူငယ္တိုက္စစ္မွဴး မာတင္နယ္လီ ကို ပြဲထြက္ လူစာရင္းမွာ ပါ၀င္ဖို႔ ထည့္သြင္းခဲ့ေပမယ့္ ဘရာဇီးသားဟာ ပြဲၾကိဳ ေသြးပူေလ့က်င့္ခန္း လုပ္စဥ္ ေျခက်င္း၀တ္လည္ကာ ဒဏ္ရာ ရသြားခဲ့ပါတယ္။
နည္းျပ အာတီတာကေတာ့ မာတင္နယ္လီ ထပ္နာသြားတဲ့ အေပၚ စိတ္မေကာင္းေၾကာင္း ဆိုခဲ့ျပီး နာက်င္လြန္းလို႔ ငိုေနခဲ့တဲ့ မာတင္နယ္လီ အေျခအေန အရမ္းမဆိုးဖို႔သာ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ အတြက္ အနုိင္ဂိုး တစ္ဂိုး သြင္းေပးခဲ့တဲ့ စမစ္ ရို၀ီက စီနီယာ အသင္းၾကီးအတြက္ ကစားေပးဖို႔က ဂန္းနား လူငယ္ေတြ အတြက္ အိပ္မက္ ျဖစ္ျပီး အခုလုိ ကစားခြင့္ရတာ အတြက္ ေပ်ာ္ရႊင္ေနေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
နယူးကာဆယ္နဲ႕ ပြဲမွာ ဂိုးသြင္းနုိင္ခဲ့တာေၾကာင့္ တိုက္စစ္မွဴး အူဘာမီးယန္း တစ္ေယာက္ ယံုၾကည္မႈ အျပည့္ ျပန္ရလာျပီး ဂိုးေတြ ဆက္သြင္းနုိင္ဖို႔ အာတီတာက ေမွ်ာ္လင့္ေနပါတယ္။
အာဆင္နယ္ တိုက္စစ္သမား နွစ္ေယာက္ ျဖစ္တဲ့ ပီပီနဲ႕ ၀ီလီယံတို႔ ေျခစြမ္းေတြက အရမ္း အရမ္းကို ညံ့ဖ်င္းခဲ့တယ္လို႔ အီယန္ရိုက္က ကာဆယ္နဲ႕ ပြဲ အျပီးမွာ ေ၀ဖန္ခဲ့ပါတယ္။
