ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (10/01/21)

ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပေမယ့် ၎င်းဟာ လန်ဒန်မှာပဲ ဆက်နေဖို့ စိတ်အား ထက်သန် နေတာကြောင့် မန်ချက်စတာကို မပြောင်းချင်ဘူးလို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီ နည်းပြသစ် ပိုချက်တီနို က ယူနိုက်တက် ကွင်းလယ် ပေါ့ဘာကို ခေါ်ယူဖို့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ပြင်သစ်ကလပ်မှာ အမ်ဘတ်ပီနဲ့ ပေါ့ဘာ တွဲဖက် ကစားစေဖို့ စိတ်အား ထက်သန်နေပါတယ်။

အသင်းမှာ ပွဲကစားချိန် ရေရေရာရာ မရသေးတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ဟာ အသင်း ပြောင်းရွှေ့မလာခင် ညှိနှိုင်းမှုမှာ ကစားချိန် အတွက် အာမခံချက် ယူ ညှိနှိုင်းမှု မပြုလုပ်ခဲ့ဘူးလားလို့ ဖာဒီနန်က မေးခွန်းထုတ်ခဲ့ပါတယ်။

လိုက်ပ်ဇစ် အသင်းကတော့ ယူနိုက်တက်နဲ့ လီဗာပူးအသင်းတို့ ချိတ်ဆက် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ ဗဟိုခံစစ်မှူး အူပါမီကာနို ကို သင့်တော်တဲ့ ဈေး ရရင် ရောင်းချမယ်လို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ အီကွေဒေါသား ကွင်းလယ် လူငယ်ကစားသမား မွိုက်စ် ကိုင်ဆီဒို ကို ဘရိုက်တန် အသင်းက ပေါင် ၄.၅ သန်းနဲ့ သဘောတူညီမှု ရရန် နီးစပ်နေပြီ ဖြစ်ပါတယ်။

ရီယိုဖာဒီနန်ကတော့ ဒီနေ့ပွဲမှာ ရှားရှားပါးပါး ကစားခွင့်ရခဲ့ကြတဲ့ ဗန်ဒီဘိခ်၊ လင်ဂတ်နဲ့ ဒန်နီရယ် ဂျိမ်းစ်တို့ဟာ အထင်ကြီးစရာ မလုပ်နိုင်ခဲ့ဘူးလို့ ထင်မြင်နေသလို ၎င်းတို့ဟာ ဆိုးရှားရဲ့ အသင်းကြီးမှာ ပုံမှန် နေရာရဖို့ မျှော်လင့်ချက် မရှိဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ ၎ဟာ လန္ဒန္မွာပဲ ဆက္ေနဖို႔ စိတ္အား ထက္သန္ ေနတာေၾကာင့္ မန္ခ်က္စတာကို မေျပာင္းခ်င္ဘူးလို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီ နည္းျပသစ္ ပိုခ်က္တီနို က ယူနုိက္တက္ ကြင္းလယ္ ေပါ့ဘာကို ေခၚယူဖို႔ ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္ထားျပီး ျပင္သစ္ကလပ္မွာ အမ္ဘတ္ပီနဲ႕ ေပါ့ဘာ တြဲဖက္ ကစားေစဖို႔ စိတ္အား ထက္သန္ေနပါတယ္။

အသင္းမွာ ပြဲကစားခ်ိန္ ေရေရရာရာ မရေသးတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ဟာ အသင္း ေျပာင္းေရႊ႕မလာခင္ ညွိနိႈင္းမႈမွာ ကစားခ်ိန္ အတြက္ အာမခံခ်က္ ယူ ညွိႏိႈင္းမႈ မျပဳလုပ္ခဲ့ဘူးလားလို႔ ဖာဒီနန္က ေမးခြန္းထုတ္ခဲ့ပါတယ္။

လိုက္ပ္ဇစ္ အသင္းကေတာ့ ယူနိုက္တက္နဲ႕ လီဗာပူးအသင္းတို႔ ခ်ိတ္ဆက္ ပစ္မွတ္ထားေနတဲ့ ၄င္းတို႔ ဗဟိုခံစစ္မွဴး အူပါမီကာနို ကို သင့္ေတာ္တဲ့ ေစ်း ရရင္ ေရာင္းခ်မယ္လို႔ လမ္းဖြင့္ေပးလိုက္ပါတယ္။

ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔ ပစ္မွတ္ထား ေစာင့္ၾကည့္ေနတဲ့ အီေကြေဒါသား ကြင္းလယ္ လူငယ္ကစားသမား မိြဳက္စ္ ကိုင္ဆီဒို ကို ဘရိုက္တန္ အသင္းက ေပါင္ ၄.၅ သန္းနဲ႕ သေဘာတူညီမႈ ရရန္ နီးစပ္ေနျပီ ျဖစ္ပါတယ္။

ရီယိုဖာဒီနန္ကေတာ့ ဒီေန႔ပြဲမွာ ရွားရွားပါးပါး ကစားခြင့္ရခဲ့ၾကတဲ့ ဗန္ဒီဘိခ္၊ လင္ဂတ္နဲ႔ ဒန္နီရယ္ ဂ်ိမ္းစ္တို႔ဟာ အထင္ႀကီးစရာ မလုပ္ႏိုင္ခဲ့ဘူးလို႔ ထင္ျမင္ေနသလို ၎တို႔ဟာ ဆိုးရွားရဲ႕ အသင္းႀကီးမွာ ပုံမွန္ ေနရာရဖို႔ ေမွ်ာ္လင့္ခ်က္ မရွိဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။