ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (11/01/21)

မေဆန်မောင့်ဟာ မိုရီကမ်ဘီကို ၄-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အံ့အားသင့်စရာ အဝေးဘော ကန်ချက်နဲ့ ဦးဆောင်ဂိုး သွင်းယူခဲ့တာကို မြင်တွေ့ခဲ့ ရတဲ့နောက် ကလပ်အတွက် အခုထက် ပိုပြီး ဂိုးတွေ အများကြီးထပ်မံသွင်းယူဖို့ လမ်းပတ်က စိန်ခေါ်မှု လုပ်ခဲ့ပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ချယ်ဆီးမှာ ဒဏ်ရာပြဿနာကြောင့် ကံမကောင်းတဲ့ စတင်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပေမယ့် မိုရီကမ်ဘီနဲ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့် အထင်ကြီးခဲ့ရပြီး ပုံစံကောင်းပြန်ရတဲ့အတွက် ဝမ်းသာမိကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ အူပါမီကာနိုကို ခေါ်ယူနိုင်ရေးအတွက် ပြိုင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေသလို လိုက်ပ်ဇစ်ရဲ့စီအီးအိုကလဲ သူတို့ရဲ့ ထိပ်တန်း ကစားသမားတွေကိုရောင်းချဖို့ ဆန္ဒရှိကြောင်း ဝန်ခံခဲ့တဲ့နောက် မကြာခင် အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့တော့ ရှိနေပါတယ်။

ဟားဗတ်နဲ့ တီမိုဗာနာတို့ဟာ ခြေစွမ်းကောင်းပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် FA ဖလားမှာ ဂိုးသွင်းနိုင်ခဲ့တဲ့နောက် အဲ့ဒီ့ကနေ ယုံကြည်မှုရပြီး ဂိုးတွေပိုရရှိဖို့ လမ်းပတ်က မျှော်လင့်နေသလို သံသယရှိသူတွေအနေနဲ့ သူတို့ကို အချိန်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ရော့စ်ဘာကလေဟာ အက်စ်တွန်ဗီလာကို အငှားပြောင်းရွှေ့ခဲ့ပြီး ဒဏ်ရာမရခင်အထိ အထင်ကြီးစရာ ခြေစွမ်းပြခဲ့သလို ချယ်ဆီးက သူ့ကို အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင် ဈေးပေါပေါနဲ့ လက်လွှတ်မှာမဟုတ်လို့ ဗီလာအနေနဲ့ ပမာဏအများကြီးကုန်ကျရဖို့ ရှိနေပါတယ်။

ဒဏ်ရာကြောင့် ရာသီအစကို လွဲချော်ခဲ့တဲ့ ဘီလီဂေလ်မာဟာ မိုရီကမ်ဘီနဲ့ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပြီး ခြေစွမ်းကောင်းတွေနဲ့အတူ ကွင်းလယ်မှာ ပုံမှန်နေရာရဖို့ တွန်းအားပေးခဲ့သလို အနာဂတ်မှာ ကလပ်အတွက် သိပ်တော်တဲ့ကစားသမား ဖြစ်လာလိမ့်မယ်လို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ ဘယ်ခြမ်းမှာ နောက်ခံလူ အီမာဆန်နဲ့ တောင်ပံက အိုဒွိုင်းတို့ဟာ အချိတ်အဆက် မိမိ ကစားခဲ့ပြီး အိုဒွိုင်းက ဂိုးနဲ့ဖန်တီးမှု လုပ်နိုင်ခဲ့သလို သူနဲ့တွဲဖက်မှုက ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်ခဲ့တဲ့အတွက် ပျော်ရွှင်ရကြောင်း အီမာဆန်က ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးရဲ့ လူငယ်တွေများတဲ့ အသင်းဟာ လိဂ်မှာအောင်မြင်သူတွေလို ပြတ်သားတဲ့ စိတ်ဓာတ်ပြင်းထန်မှုမျိုး ကင်းမဲ့နေတယ်လို့ လမ်းပတ်က ထင်မြင်နေပေမယ့် တည်ငြိမ်တဲ့ ပုံစံတွေ မြင်တွေ့ရဖို့ သူတို့ကို အချိန်ပေးရမယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေမဆန္ေမာင့္ဟာ မိုရီကမ္ဘီကို ၄-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အံ့အားသင့္စရာ အေဝးေဘာ ကန္ခ်က္နဲ႔ ဦးေဆာင္ဂိုး သြင္းယူခဲ့တာကို ျမင္ေတြ႕ခဲ့ ရတဲ့ေနာက္ ကလပ္အတြက္ အခုထက္ ပိုၿပီး ဂိုးေတြ အမ်ားႀကီးထပ္မံသြင္းယူဖို႔ လမ္းပတ္က စိန္ေခၚမႈ လုပ္ခဲ့ပါတယ္။

ဟာကင္ဇီယက္ခ္်ဟာ ခ်ယ္ဆီးမွာ ဒဏ္ရာျပႆနာေၾကာင့္ ကံမေကာင္းတဲ့ စတင္မႈနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္လို႔ လမ္းပတ္က ဝန္ခံခဲ့ေပမယ့္ မိုရီကမ္ဘီနဲ႔ပြဲမွာ သူ႔ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ အထင္ႀကီးခဲ့ရၿပီး ပုံစံေကာင္းျပန္ရတဲ့အတြက္ ဝမ္းသာမိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အူပါမီကာႏိုကို ေခၚယူႏိုင္ေရးအတြက္ ၿပိဳင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနသလို လိုက္ပ္ဇစ္ရဲ႕စီအီးအိုကလဲ သူတို႔ရဲ႕ ထိပ္တန္း ကစားသမားေတြကိုေရာင္းခ်ဖို႔ ဆႏၵရွိေၾကာင္း ဝန္ခံခဲ့တဲ့ေနာက္ မၾကာခင္ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္လာဖို႔ေတာ့ ရွိေနပါတယ္။

ဟားဗတ္နဲ႔ တီမိုဗာနာတို႔ဟာ ေျခစြမ္းေကာင္းျပသဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ FA ဖလားမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ေနာက္ အဲ့ဒီ့ကေန ယုံၾကည္မႈရၿပီး ဂိုးေတြပိုရရွိဖို႔ လမ္းပတ္က ေမွ်ာ္လင့္ေနသလို သံသယရွိသူေတြအေနနဲ႔ သူတို႔ကို အခ်ိန္ေပးဖို႔ တိုက္တြန္းခဲ့ပါတယ္။

ေရာ့စ္ဘာကေလဟာ အက္စ္တြန္ဗီလာကို အငွားေျပာင္းေ႐ႊ႕ခဲ့ၿပီး ဒဏ္ရာမရခင္အထိ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့သလို ခ်ယ္ဆီးက သူ႔ကို အၿပီးသတ္ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ရင္ ေဈးေပါေပါနဲ႔ လက္လႊတ္မွာမဟုတ္လို႔ ဗီလာအေနနဲ႔ ပမာဏအမ်ားႀကီးကုန္က်ရဖို႔ ရွိေနပါတယ္။

ဒဏ္ရာေၾကာင့္ ရာသီအစကို လြဲေခ်ာ္ခဲ့တဲ့ ဘီလီေဂလ္မာဟာ မိုရီကမ္ဘီနဲ႔ပြဲမွာ ပြဲထြက္ခြင့္ ရခဲ့ၿပီး ေျခစြမ္းေကာင္းေတြနဲ႔အတူ ကြင္းလယ္မွာ ပုံမွန္ေနရာရဖို႔ တြန္းအားေပးခဲ့သလို အနာဂတ္မွာ ကလပ္အတြက္ သိပ္ေတာ္တဲ့ကစားသမား ျဖစ္လာလိမ့္မယ္လို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ ဘယ္ျခမ္းမွာ ေနာက္ခံလူ အီမာဆန္နဲ႔ ေတာင္ပံက အိုဒြိဳင္းတို႔ဟာ အခ်ိတ္အဆက္ မိမိ ကစားခဲ့ၿပီး အိုဒြိဳင္းက ဂိုးနဲ႔ဖန္တီးမႈ လုပ္ႏိုင္ခဲ့သလို သူနဲ႔တြဲဖက္မႈက ၿပိဳင္ဘက္ေတြကို ၿခိမ္းေျခာက္ႏိုင္ခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္ရေၾကာင္း အီမာဆန္က ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးရဲ႕ လူငယ္ေတြမ်ားတဲ့ အသင္းဟာ လိဂ္မွာေအာင္ျမင္သူေတြလို ျပတ္သားတဲ့ စိတ္ဓာတ္ျပင္းထန္မႈမ်ိဳး ကင္းမဲ့ေနတယ္လို႔ လမ္းပတ္က ထင္ျမင္ေနေပမယ့္ တည္ၿငိမ္တဲ့ ပုံစံေတြ ျမင္ေတြ႕ရဖို႔ သူတို႔ကို အခ်ိန္ေပးရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။