ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/01/21)

ယူနိုက်တက်အနေနဲ့ အခု အရေးကြီးတဲ့အပတ်မှာ အသင်းရဲ့ အရှိန်အဟုန်ကို ဆက်မထိန်းသိမ်းနိုင်ရင် မကြာသေးမီက ရခဲ့တဲ့ ပုံစံကောင်းတွေက အလကား ဖြစ်သွားလိမ့်မယ်လို့ ဆိုးရှားက သတိပေးခဲ့ပြီး ရာသီဝက်တောင် မရောက်သေးချိန်မှာ ဖလားအကြောင်း စဉ်းစားလို့မရဘူးလို့ ပြောဆိုခဲ့ပါတယ်။

နွေရာသီမှာ ယူနိုက်တက်နဲ့ ချိတ်ဆက်ခဲ့တဲ့ ဆန်ချိုဟာ အပြောင်းအရွှေ့ ကောလာဟလတွေကြောင့် ဒီရာသီမှာ ခြေစွမ်း ကျဆင်းခဲ့တယ်လို့ ဒေါ့မွန်စီအီးအိုက ပြောခဲ့ပေမယ့် ဆန်ချိုကတော့ လက်ရှိမှာ ဒေါ့မွန်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေနဲ့ ပွဲကိုနိုင်ရင် ဇယားထိပ်ရောက်မှာဖြစ်ပြီး လီဗာပူးနဲ့ တွေ့ရမယ့်ပွဲအတွက် ယုံကြည်မှုရရှိနိုင်မှာဖြစ်ပေမယ့် ဒီပွဲက အရေးအကြီးဆုံး မဟုတ်သလို လိဂ်ပွဲတိုင်းဟာ စိန်ခေါ်မှုရှိပြီး မတူညီတဲ့ စမ်းသပ်မှုကိုပေးတယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

၂၀၁၇ မှာ အသင်းကြီးနဲ့ ပွဲဦးထွက်ခဲ့တဲ့ အကယ်ဒမီ ကြယ်ပွင့် တွမ်ဇီဘီဟာ နောက်ပိုင်းမှာ ပုံမှန်ကစားခွင့်ရအောင် မလုပ်နိုင်ခဲ့ပေမယ့် ဝက်ဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့နောက် ကစားချိန်ပိုရရှိဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်တစ်ပွဲသာ လူစားဝင်ကစားခဲ့ရတဲ့ ဘရန်ဒန်ဝီလီယံဟာ ပုံမှန်ကစားချိန်ရဖို့အတွက် အငှားထွက်ကစားဖို့ ချိတ်ဆက်ခဲ့ပေမယ့် ကလပ်က သူ့ကို အငှားမချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဆိုးရှားရဲ့ အစီအစဉ်တွေမှာ ပါဝင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပေါ့ဘာအတွက် ယူနိုက်တက်က တန်ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ပေမယ့် ၎င်းဟာ အခု စာချုပ် နောက်ဆုံးနှစ်ကို ရောက်လာပြီ ဖြစ်တာကြောင့် ပေါင် ၇၅သန်း နဲ့ ရောင်းချနိုင်ဖွယ်ရှိပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက သူ့ကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

Zawgyi – ယူႏိုက္တက္အေနနဲ႔ အခု အေရးႀကီးတဲ့အပတ္မွာ အသင္းရဲ႕ အရွိန္အဟုန္ကို ဆက္မထိန္းသိမ္းႏိုင္ရင္ မၾကာေသးမီက ရခဲ့တဲ့ ပုံစံေကာင္းေတြက အလကား ျဖစ္သြားလိမ့္မယ္လို႔ ဆိုးရွားက သတိေပးခဲ့ၿပီး ရာသီဝက္ေတာင္ မေရာက္ေသးခ်ိန္မွာ ဖလားအေၾကာင္း စဥ္းစားလို႔မရဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ေႏြရာသီမွာ ယူႏိုက္တက္နဲ႔ ခ်ိတ္ဆက္ခဲ့တဲ့ ဆန္ခ်ိဳဟာ အေျပာင္းအေ႐ႊ႕ ေကာလာဟလေတြေၾကာင့္ ဒီရာသီမွာ ေျခစြမ္း က်ဆင္းခဲ့တယ္လို႔ ေဒါ့မြန္စီအီးအိုက ေျပာခဲ့ေပမယ့္ ဆန္ခ်ိဳကေတာ့ လက္ရွိမွာ ေဒါ့မြန္အတြက္ပဲ အာ႐ုံစိုက္ထားတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဘန္ေလနဲ႔ ပြဲကိုႏိုင္ရင္ ဇယားထိပ္ေရာက္မွာျဖစ္ၿပီး လီဗာပူးနဲ႔ ေတြ႕ရမယ့္ပြဲအတြက္ ယုံၾကည္မႈရရွိႏိုင္မွာျဖစ္ေပမယ့္ ဒီပြဲက အေရးအႀကီးဆုံး မဟုတ္သလို လိဂ္ပြဲတိုင္းဟာ စိန္ေခၚမႈရွိၿပီး မတူညီတဲ့ စမ္းသပ္မႈကိုေပးတယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

၂၀၁၇ မွာ အသင္းႀကီးနဲ႔ ပြဲဦးထြက္ခဲ့တဲ့ အကယ္ဒမီ ၾကယ္ပြင့္ တြမ္ဇီဘီဟာ ေနာက္ပိုင္းမွာ ပုံမွန္ကစားခြင့္ရေအာင္ မလုပ္ႏိုင္ခဲ့ေပမယ့္ ဝက္ဖို႔ဒ္နဲ႔ အက္ဖ္ေအဖလားပြဲမွာ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တဲ့ေနာက္ ကစားခ်ိန္ပိုရရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္တစ္ပြဲသာ လူစားဝင္ကစားခဲ့ရတဲ့ ဘရန္ဒန္ဝီလီယံဟာ ပုံမွန္ကစားခ်ိန္ရဖို႔အတြက္ အငွားထြက္ကစားဖို႔ ခ်ိတ္ဆက္ခဲ့ေပမယ့္ ကလပ္က သူ႔ကို အငွားမခ်ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ဆိုးရွားရဲ႕ အစီအစဥ္ေတြမွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ေပါ့ဘာအတြက္ ယူႏိုက္တက္က တန္ေၾကး ေပါင္ သန္း ၁၀၀ သတ္မွတ္ခဲ့ေပမယ့္ ၎ဟာ အခု စာခ်ဳပ္ ေနာက္ဆုံးႏွစ္ကို ေရာက္လာၿပီ ျဖစ္တာေၾကာင့္ ေပါင္ ၇၅သန္း နဲ႔ ေရာင္းခ်ႏိုင္ဖြယ္ရွိၿပီး ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုက သူ႔ကို ထိပ္တန္းပစ္မွတ္အျဖစ္ သတ္မွတ္ထားပါတယ္။