ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (26/05/20)

အင်္ဂလန်သား အစွန်ခံစစ်မှူး ဝမ် ဘစ်ဆာကာ က ယူနိုက်တက်နဲ့ တိုင်း၍ ယက်သည့် ပက္ကလာ အလား၊ စီမံထားတဲ့ အတိုင်း ကွက်တိ အံဝင်နေတဲ့ ကစားသမား ဖြစ်တယ်လို့ ၎င်းရဲ့လူငယ်ဘဝက နည်းပြဟောင်း ကိုလင်အိုမိုဘီဟင် က ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်စတင်ရင် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြိုင်ဘက် ဖြစ်လာမယ့် အသင်းထဲ ရှက်ဖီးယူနိုက်တက် ပါဝင်နေပေမယ့် အငှားလွှတ်ထားတဲ့ ဒင်း ဟန်ဒါဆန်ကို ပြန်မခေါ်ဘဲ ပွဲကုန်ထိ ဆက်လက်ကစားခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ နေရာအတွက် အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ပိုချက်တီနိုကို တောင့်တနေမယ့် အစား လက်ရှိ နည်းပြ ဆိုးရှားနဲ့ ရှေ့ဆက်သွားတာက အကျိုးရှိမယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ပေါလ် ပါကားက သတိပေးလိုက်ပါတယ်။

ပေါ့ဘာရဲ့ မြင့်မားတဲ့ လုပ်ခလစာကြောင့် ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ဖို့က ပျက်ပြယ်သွားဖွယ် ရှိနေပြီလို့ အီတလီသတင်းတွေက ဖော်ပြ လာပါတယ်။ ပြင်သစ်သားဟာ ယူနိုက်တက်မှာ တစ်နှစ် လုပ်ခ ပေါင် ၁၅ သန်း ရရှိနေပြီး အီတလီမှာ ပေါင် ၁၁ သန်း သာ တောင်းဆိုမှာ ဖြစ်သော်လည်း ဂျူဗင်တပ်အတွက် များပြားနေသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား ဘရူနိုဖာနန်ဒက်စ် က ဘောလုံးပွဲတွေ ပြန်စတင်ချိန်မှာ ကွင်းထဲ ပရိသတ် မပါဘဲ ကစားရမှာက ခက်ခဲကြောင်း ဝန်ခံလိုက်ပြီး ကွင်းလုံးပြည့် အားပေးတာမျိုး အမြန်ဆုံး ပြန်ရနိုင်ဖို့ မျှော်လင့်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက လာမယ့် ဘောလုံးရာသီမှာ အကယ်ဒမီလူငယ်အသင်းမှာ ဆယ်ကျော်သက် လူငယ်ကွင်းလယ် ကစားသမားလေး မက်ဂျ်ဘရီကို ခေါ်ယူကာ အသင်းကြီးနဲ့ အတူ ပွဲထုတ်သွားရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။

အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ပြန်လွှတ်ဖို့ သေချာသွားတဲ့နောက် ယူနိုက်တက်ဟာ နောက်ရာသီ တိုက်စစ်အင်အားဖြည့်ဖို့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာနဲ့ လိုင်ယွန်ကြယ်ပွင့် မိုဆာ ဒမ်ဘီလီတို့ကို ပိုမို အားစိုက် ကြိုးပမ်းတော့မှာ ဖြစ်ပါတယ်။

Zawgyi – အဂၤလန္သား အစြန္ခံစစ္မွဴး ၀မ္ ဘစ္ဆာကာ က ယူနိုက္တက္နဲ႕ တိုင္း၍ ယက္သည့္ ပကၠလာ အလား၊ စီမံထားတဲ့ အတိုင္း ကြက္တိ အံ၀င္ေနတဲ့ ကစားသမား ျဖစ္တယ္လို႔ ၄င္းရဲ႕လူငယ္ဘ၀က နည္းျပေဟာင္း ကိုလင္အိုမိုဘီဟင္ က ခ်ီးက်ဴးလိုက္ပါတယ္။

ယူနိုက္တက္ဟာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္စတင္ရင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္အတြက္ ျပိဳင္ဘက္ ျဖစ္လာမယ့္ အသင္းထဲ ရွက္ဖီးယူနိုက္တက္ ပါ၀င္ေနေပမယ့္ အငွားလႊတ္ထားတဲ့ ဒင္း ဟန္ဒါဆန္ကို ျပန္မေခၚဘဲ ပြဲကုန္ထိ ဆက္လက္ကစားခြင့္ ျပဳသြားမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ေနရာအတြက္ အသင္းလက္မဲ့ ျဖစ္ေနေသးတဲ့ ပိုခ်က္တီနိုကို ေတာင့္တေနမယ့္ အစား လက္ရွိ နည္းျပ ဆိုးရွားနဲ႕ ေရွ႕ဆက္သြားတာက အက်ိဳးရွိမယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ေပါလ္ ပါကားက သတိေပးလိုက္ပါတယ္။

ေပါ့ဘာရဲ႕ ျမင့္မားတဲ့ လုပ္ခလစာေၾကာင့္ ဂ်ဴဗင္တပ္အသင္းထံ ေျပာင္းေရႊ႕ဖို႔က ပ်က္ျပယ္သြားဖြယ္ ရွိေနျပီလို႔ အီတလီသတင္းေတြက ေဖာ္ျပ လာပါတယ္။ ျပင္သစ္သားဟာ ယူနုိက္တက္မွာ တစ္နွစ္ လုပ္ခ ေပါင္ ၁၅ သန္း ရရွိေနျပီး အီတလီမွာ ေပါင္ ၁၁ သန္း သာ ေတာင္းဆိုမွာ ျဖစ္ေသာ္လည္း ဂ်ဴဗင္တပ္အတြက္ မ်ားျပားေနေသးတာ ျဖစ္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား ဘ႐ူႏိုဖာနန္ဒက္စ္ က ေဘာလံုးပြဲေတြ ျပန္စတင္ခ်ိန္မွာ ကြင္းထဲ ပရိသတ္ မပါဘဲ ကစားရမွာက ခက္ခဲေၾကာင္း ၀န္ခံလိုက္ျပီး ကြင္းလံုးျပည့္ အားေပးတာမ်ိဳး အျမန္ဆံုး ျပန္ရနုိင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက လာမယ့္ ေဘာလံုးရာသီမွာ အကယ္ဒမီလူငယ္အသင္းမွာ ဆယ္ေက်ာ္သက္ လူငယ္ကြင္းလယ္ ကစားသမားေလး မက္ဂ်္ဘရီကို ေခၚယူကာ အသင္းၾကီးနဲ႕ အတူ ပြဲထုတ္သြားရန္ ရည္ရြယ္ထားေၾကာင္း သိရပါတယ္။

အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုိကုိ ျပန္လႊတ္ဖို႔ ေသခ်ာသြားတဲ့ေနာက္ ယူနိုက္တက္ဟာ ေနာက္ရာသီ တိုက္စစ္အင္အားျဖည့္ဖို႔ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာနဲ႕ လိုင္ယြန္ၾကယ္ပြင့္ မိုဆာ ဒမ္ဘီလီတို႕ကို ပိုမို အားစိုက္ ၾကိဳးပမ္းေတာ့မွာ ျဖစ္ပါတယ္။