လီဗာပူးနဲ့ပွဲမှာ အဓိက ကစားသမား ၃ ဦး ပြန်သက်သာလာလိမ့်မယ် ဆိုလာတဲ့ ဆိုးရှား

ယူနိုက်တက် ရာသီအစတုန်းက လက်ကျန်တစ်ပွဲကို အင်္ဂါနေ့မှာ ဘန်လေနဲ့ အဝေးကွင်းပွဲ ကစားရမှာဖြစ်ပေမယ့် အဆိုပါပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဗစ်တာ လင်ဒီလော့ဖ်၊ ပေါ့ဘာ၊ လုခ်ရှောနဲ့ အဲရစ် ဘိုင်လေတို့က ဒဏ်ရာတွေကြောင့် လွဲချော်နိုင်ဖွယ် ရှိနေပါတယ်။

ဘိုင်လေက ဝက်ဖို့ဒ်ကို နိုင်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ ပထမပိုင်းမပြီးခင် ဒဏ်ရာကြောင့် ပွဲထဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး သူဟာ ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ ဒူးနဲ့တိုက်မိတာကြောင့် လည်ပင်းမှာ ထိခိုက်ခဲ့တာ ဖြစ်သလို တခြား ၃ ယောက်ကလဲ သူတို့ရဲ့ ဒဏ်ရာအသီးသီးကြောင့် အဲ့ဒီ့ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ဆိုးရှားကအတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဆိုးရှားကပဲ “ လင်ဒီအော့၊ ရှောနဲ့ ပေါ့ဘာတို့ ကြံ့ခိုင်နေဖို့ ကျနော် မျှော်လင့်ပါတယ်။ လီဗာပူးနဲ့ပွဲမှာတော့ သူတို့ ပါလာမှာ ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ သူတို့ ပါဖို့ကတော့ မသေချာပါဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့က လေ့ကျင့်ရေး ဝင်ထားတယ်ဆိုတော့ တနင်္လာနေ့ အခြေအနေကို စောင့်ကြည့်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးနဲ့ ယူနိုက်တက်ပွဲဟာ ဒီရာသီ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ကလပ် နှစ်သင်းကြား ထိပ်တိုက်တွေ့မှုဖြစ်လို့ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုအတွက် အရေးပါတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ခြင်း ခံနေရတယ်။

ယူနိုက်တက် ခံစစ်သမား တွမ်ဇီဘီကလည်း ဒဏ်ရာရသွားတဲ့ ဘိုင်လေနဲ့ ပက်သက်ကာ ” သူအဆင်ပြေပါတယ်။ အဲ့တာက အရေးကြီးပါတယ်။ သူက စစ်သည်တော် တစ်ဦးလိုပဲ ကျနေ်ာတို့အတွက် ကြိုးစားပေးနေသူပါ။ လာမယ့် အပတ်မှာ သူလေ့ကျင့်ရေး ပြန်ဝင်နိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ယူႏိုက္တက္ ရာသီအစတုန္းက လက္က်န္တစ္ပြဲကို အဂၤါေန႔မွာ ဘန္ေလနဲ႔ အေဝးကြင္းပြဲ ကစားရမွာျဖစ္ေပမယ့္ အဆိုပါပြဲမွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဗစ္တာ လင္ဒီေလာ့ဖ္၊ ေပါ့ဘာ၊ လုခ္ေရွာနဲ႔ အဲရစ္ ဘိုင္ေလတို႔က ဒဏ္ရာေတြေၾကာင့္ လြဲေခ်ာ္ႏိုင္ဖြယ္ ရွိေနပါတယ္။

ဘိုင္ေလက ဝက္ဖို႔ဒ္ကို ႏိုင္ခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာ ပထမပိုင္းမၿပီးခင္ ဒဏ္ရာေၾကာင့္ ပြဲထဲကေန ထြက္ခြာခဲ့ရတာျဖစ္ၿပီး သူဟာ ဂိုးသမား ဒင္းဟန္ဒါဆန္ရဲ႕ ဒူးနဲ႔တိုက္မိတာေၾကာင့္ လည္ပင္းမွာ ထိခိုက္ခဲ့တာ ျဖစ္သလို တျခား ၃ ေယာက္ကလဲ သူတို႔ရဲ႕ ဒဏ္ရာအသီးသီးေၾကာင့္ အဲ့ဒီ့ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ ဆိုးရွားကအတည္ျပဳခဲ့တာပဲ ျဖစ္ပါတယ္။

ဆိုးရွားကပဲ “ လင္ဒီေအာ့၊ ေရွာနဲ႔ ေပါ့ဘာတို႔ ၾကံ႕ခိုင္ေနဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ လီဗာပူးနဲ႔ပြဲမွာေတာ့ သူတို႔ ပါလာမွာ ျဖစ္ပါတယ္။ ဘန္ေလနဲ႔ပြဲမွာ သူတို႔ ပါဖို႔ကေတာ့ မေသခ်ာပါဘူး။ ဒါေပမယ့္ တနဂၤေႏြေန႔က ေလ့က်င့္ေရး ဝင္ထားတယ္ဆိုေတာ့ တနလၤာေန႔ အေျခအေနကို ေစာင့္ၾကည့္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ပြဲဟာ ဒီရာသီ ထိပ္ဆံုးကေန ဦးေဆာင္ေနတဲ့ ကလပ္ ႏွစ္သင္းၾကား ထိပ္တိုက္ေတြ႔မႈျဖစ္လုိ႔ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈအတြက္ အေရးပါတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမယ္လို႔ ယံုၾကည္ျခင္း ခံေနရတယ္။

ယူႏုိက္တက္ ခံစစ္သမား တြမ္ဇီဘီကလည္း ဒဏ္ရာရသြားတဲ့ ဘိုင္ေလနဲ႔ ပက္သက္ကာ ” သူအဆင္ေျပပါတယ္။ အဲ့တာက အေရးၾကီးပါတယ္။ သူက စစ္သည္ေတာ္ တစ္ဦးလိုပဲ က်ေန္ာတို႔အတြက္ ၾကိဳးစားေပးေနသူပါ။ လာမယ့္ အပတ္မွာ သူေလ့က်င့္ေရး ျပန္ဝင္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။