ယနေ့ နံနက်ပိုင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (11/01/21)

နယူးကာဆယ်နဲ့ ပွဲက အာဆင်နယ် တိုက်စစ်သမား ဝီလီယံရဲ့ ခြေစွမ်းကို ပီးယာ့ဇ် မော်ဂန်က ဝေဖန်ခဲ့ပေမယ့် နည်းပြ အာတီတာကတော့ ဘရာဇီးသားဟာ တိုးတက်လာနေကြောင်း ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းနဲ့ အတူ ဒီရာသီ ၄၃၈ မိနစ် ကစားပြီးချိန်မှာ ၆ ဂိုး သွင်းယူမှုနဲ့ ထောက်ပံ့မှု ပြုလုပ်ထားတဲ့ စမစ်ရိုဝီ စွမ်းဆောင်ရည်က အံ့အားသင့်စရာပဲလို့ ကတ်စကာရီနိုက ချီးကျူးလိုက်ပါတယ်။

ဟယ်သာဘာလင် အသင်းဟာ အငှား လာကစားနေတဲ့ ဂွမ်ဒူဇီရဲ့ ခြေစွမ်းကို သဘောကျနေတာကြောင့် မိခင်ကလပ် အာဆင်နယ်က ပြန်ခေါ်လိုသော်လည်း အပြီး ဝယ်ယူဖို့ မေးမြန်း ပြောဆိုနေပါတယ်။

အာဆင်နယ်ရဲ့ အမေ့ခံ ခံစစ်မှူး ဆိုကရေးတစ်ကို ဒီလထဲမှာ ခေါ်ယူဖို့ ရီးရဲလ်ဘက်တစ် အသင်းက ချိတ်ဆက်နေပြီး လန်ဒန်ကလပ်ကလည်း ထွက်ခွာခွင့် ပြုဖို့ ရှိနေပါတယ်။

ကွင်းလယ် ကစားသမား သောမတ်စ် ပါတေးဟာ ထရိန်နင်မှာ ပြန် ပါဝင်နေပြီ ဆိုပေမယ့် အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်ကာ ပဲလေ့စ်နဲ့ ပွဲမှာတော့ ပါဝင်နိုင်မယ် မျှော်လင့်ကြောင်း အာတီတာက အသိပေးခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဇာခါကလည်း စမစ် ရိုဝီကို အခုကဲ့သို့ ခြေစွမ်းကောင်းများ ထိန်းကာ ဆက်လက် တိုးတက်အောင် အားထုတ်သွားဖို့ ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။

Zawgyi – နယူးကာဆယ္နဲ႕ ပြဲက အာဆင္နယ္ တိုက္စစ္သမား ၀ီလီယံရဲ႕ ေျခစြမ္းကို ပီးယာ့ဇ္ ေမာ္ဂန္က ေ၀ဖန္ခဲ့ေပမယ့္ နည္းျပ အာတီတာကေတာ့ ဘရာဇီးသားဟာ တိုးတက္လာေနေၾကာင္း ကာကြယ္ ေျပာဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ အသင္းနဲ႕ အတူ ဒီရာသီ ၄၃၈ မိနစ္ ကစားျပီးခ်ိန္မွာ ၆ ဂိုး သြင္းယူမႈနဲ႕ ေထာက္ပံ့မႈ ျပဳလုပ္ထားတဲ့ စမစ္ရို၀ီ စြမ္းေဆာင္ရည္က အံ့အားသင့္စရာပဲလို႔ ကတ္စကာရီနိုက ခ်ီးက်ဴးလိုက္ပါတယ္။

ဟယ္သာဘာလင္ အသင္းဟာ အငွား လာကစားေနတဲ့ ဂြမ္ဒူဇီရဲ႕ ေျခစြမ္းကို သေဘာက်ေနတာေၾကာင့္ မိခင္ကလပ္ အာဆင္နယ္က ျပန္ေခၚလိုေသာ္လည္း အျပီး ၀ယ္ယူဖို႔ ေမးျမန္း ေျပာဆိုေနပါတယ္။

အာဆင္နယ္ရဲ႕ အေမ့ခံ ခံစစ္မွဴး ဆိုကေရးတစ္ကို ဒီလထဲမွာ ေခၚယူဖို႔ ရီးရဲလ္ဘက္တစ္ အသင္းက ခ်ိတ္ဆက္ေနျပီး လန္ဒန္ကလပ္ကလည္း ထြက္ခြာခြင့္ ျပဳဖို႔ ရွိေနပါတယ္။

ကြင္းလယ္ ကစားသမား ေသာမတ္စ္ ပါေတးဟာ ထရိန္နင္မွာ ျပန္ ပါ၀င္ေနျပီ ဆိုေပမယ့္ အေျခအေနကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ကာ ပဲေလ့စ္နဲ႕ ပြဲမွာေတာ့ ပါ၀င္နုိင္မယ္ ေမွ်ာ္လင့္ေၾကာင္း အာတီတာက အသိေပးခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဇာခါကလည္း စမစ္ ရို၀ီကို အခုကဲ့သို႔ ေျခစြမ္းေကာင္းမ်ား ထိန္းကာ ဆက္လက္ တိုးတက္ေအာင္ အားထုတ္သြားဖို႔ ေထာက္ခံ တိုက္တြန္းလိုက္ပါတယ္။