ယူနိုက်တက် နည်းပြ ဆိုးရှားက အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေထဲက အဓိက အသင်းသား သုံးဦးဟာ ဘန်လေနဲ့ ပွဲအမှီ ပါနိုင်ဖို့ မသေချာပေမယ့် လီဗာပူးနဲ့ ပွဲမှာ ပြန်ပါဝင်နိုင်ကြောင်း သတင်းကောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဆိုးရှား ရည်ညွှန်းခဲ့တာက ပေါ့ဘာ၊ လင်ဒီလော့ဖ်နဲ့ ရှောတို့ ဖြစ်ပါတယ်။
ထို သုံးယောက်လုံးဟာ ယူနိုက်တက်ရဲ့ ဝက်ဖို့ဒ်နဲ့ အက်ဖ်အေဖလား ပွဲမှာလည်း မပါဝင်နိုင်ခဲ့ဘဲ လွဲချော်ခဲ့ပါတယ်။ အသင်း ဒဏ်ရာရ ကစားသမားတွေ အခြေအနေ မသေချာသေးပေမယ့် ဆိုးရှားကတော့ စောင့်ကြည့် စိစစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။
ဘန်လေနဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ဒဏ်ရာရ သုံးဦး အခြေအနေ မေးမြန်းခံခဲ့ရရာ ဆိုးရှားက – ” ကျနော်လည်း သူတို့ ပြန်ပါနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် လီဗာပူးနဲ့ ပွဲ အမှီတော့ ပြန်ပါနိုင်ပြီ ထင်ပါတယ်။ ဘန်လေနဲ့ ပွဲကတော့ ပါနိုင်ဖို့ သိပ် မသေချာဘူးပေါ့။ သူတို့က အပေါ့စား လေ့ကျင့်ခန်းတွေ လုပ်ထားတယ်။ တနင်္လာနေ့မှာတော့ အခြေအနေ ဆက် စောင့်ကြည့်ရမှာပါ။ ” လို့ ဖြေကြားခဲ့ပါတယ်။
ဝက်ဖို့ဒ်နဲ့ ပွဲမှာ အသင်းဖော် ဒင်း ဟန်ဒါဆန်နဲ့ ထိမိပြီး လဲကျခဲ့တဲ့ ဗဟိုခံစစ်မှူး အဲရစ် ဘိုင်လီ အခြေအနေကလည်း စောင့်ကြည့်ရဆဲ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ်သားကတော့ ထိခိုက်မှု မပြင်းထန်ကြောင်း အသိပေးထားပါတယ်။
ယူနိုက်တက်ဟာ ဘန်လေနဲ့ ပွဲကို အနိုင်ရရင် လီဗာပူးနဲ့ ပွဲမတိုင်ခင် အမှတ်ပေးဇယား ထိပ်မှာ ရောက်ပြီး အသာစီးယူထားနိုင်ဖို့ အခွင့်ကောင်း ရှိနေပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားက အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြထဲက အဓိက အသင္းသား သံုးဦးဟာ ဘန္ေလနဲ႕ ပြဲအမွီ ပါနုိင္ဖို႔ မေသခ်ာေပမယ့္ လီဗာပူးနဲ႕ ပြဲမွာ ျပန္ပါ၀င္နုိင္ေၾကာင္း သတင္းေကာင္း အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။ ဆိုးရွား ရည္ညႊန္းခဲ့တာက ေပါ့ဘာ၊ လင္ဒီေလာ့ဖ္နဲ႕ ေရွာတို႔ ျဖစ္ပါတယ္။
ထို သံုးေယာက္လံုးဟာ ယူနိုက္တက္ရဲ႕ ၀က္ဖို႔ဒ္နဲ႕ အက္ဖ္ေအဖလား ပြဲမွာလည္း မပါ၀င္နုိင္ခဲ့ဘဲ လြဲေခ်ာ္ခဲ့ပါတယ္။ အသင္း ဒဏ္ရာရ ကစားသမားေတြ အေျခအေန မေသခ်ာေသးေပမယ့္ ဆိုးရွားကေတာ့ ေစာင့္ၾကည့္ စိစစ္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဘန္ေလနဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဒဏ္ရာရ သံုးဦး အေျခအေန ေမးျမန္းခံခဲ့ရရာ ဆိုးရွားက – ” က်ေနာ္လည္း သူတို႔ ျပန္ပါနုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အထူးသျဖင့္ လီဗာပူးနဲ႕ ပြဲ အမွီေတာ့ ျပန္ပါနိုင္ျပီ ထင္ပါတယ္။ ဘန္ေလနဲ႕ ပြဲကေတာ့ ပါနုိင္ဖို႔ သိပ္ မေသခ်ာဘူးေပါ့။ သူတို႔က အေပါ့စား ေလ့က်င့္ခန္းေတြ လုပ္ထားတယ္။ တနလၤာေန႔မွာေတာ့ အေျခအေန ဆက္ ေစာင့္ၾကည့္ရမွာပါ။ ” လို႔ ေျဖၾကားခဲ့ပါတယ္။
၀က္ဖို႔ဒ္နဲ႕ ပြဲမွာ အသင္းေဖာ္ ဒင္း ဟန္ဒါဆန္နဲ႕ ထိမိျပီး လဲက်ခဲ့တဲ့ ဗဟိုခံစစ္မွဴး အဲရစ္ ဘိုင္လီ အေျခအေနကလည္း ေစာင့္ၾကည့္ရဆဲ ျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္သားကေတာ့ ထိခိုက္မႈ မျပင္းထန္ေၾကာင္း အသိေပးထားပါတယ္။
ယူနိုက္တက္ဟာ ဘန္ေလနဲ႕ ပြဲကို အနိုင္ရရင္ လီဗာပူးနဲ႕ ပြဲမတိုင္ခင္ အမွတ္ေပးဇယား ထိပ္မွာ ေရာက္ျပီး အသာစီးယူထားနုိင္ဖို႔ အခြင့္ေကာင္း ရွိေနပါတယ္။
