ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/01/21)

မန်ချက်စတာ ယူနိုက်တက်ဟာ အခုချိန်မှာ အမှတ်ပေးဇယား ထိပ် ပြန်တက်ချိန် တန်ပြီလို့ ခံစစ်မှူး တူရမ်ဇီဘီက အသင်းဖော်တွေအား လှုံ့ဆော် တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဘန်လေကို အနိုင်ကန်နိုင်ရင် လီဗာပူးကို ကျော်ပြီး အဆင့် ၁ ရောက်မှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချိုထက် ဈေးချိုတဲ့ ပစ်မှတ် အဖြစ် ပြင်သစ် အင်အားကြီး ပီအက်စ်ဂျီ အသင်းနဲ့ အတူ ဘရက်စ် ကွင်းလယ် ကစားသမားလေး ရိုမိန် ဖိုင်ဗရီ ကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေကြောင်း ပြင်သစ် Le10Sport က ဖော်ထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၂ လ အတွင်း ပရီးမီးယားလိဂ်မှာ အထူးချွန်ဆုံး ခြေစွမ်းပြသူတွေ အဖြစ် နာမည်ကျော်လာတဲ့ ယူနိုက်တက်မှ ဖာနန်ဒက်စ်၊ စပါးမှ ဆွန်တို့ နည်းတူ လီဗာပူးမှ ဖာဘင်ညိုကလည်း အပြစ်ပြောစရာ မရှိအောင် ခြေစွမ်းကောင်းတယ်လို့ ဂျွန် အဲဒရစ်ချ်က ပြောဆိုလိုက်ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက် အသင်းဖော် ပေါလ်ပေါ့ဘာနဲ့အတူ ခိုင်မာတဲ့ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားတယ်လို့ဆိုပြီး ပြင်သစ်သား ကွင်းလယ်လူရဲ့ ပုံစံကောင်းပြန်ရရှိမှုက အသင်းကို ပိုမိုကောင်းမွန်လာစေတယ်လို့ ယုံကြည်နေပါတယ်။

ပေါ့ဘာ၊ လင်ဒီလော့ဖ်တို့နဲ့ လုခ်ရှောတို့ဟာ ဝက်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေက ရှင်းရှင်းလင်းလင်း မဖြစ်သေးတာကြောင့် ဘန်လေနဲ့ပွဲမှာ ပါဝင်ဖို့ မသေချာပေမယ့် လီဗာပူးနဲ့ပွဲမှာတော့ ကစားနိုင်မှာဖြစ်ကြောင်း ဆိုးရှားက အတည်ပြုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ အခုုခ်ိန္မွာ အမွတ္ေပးဇယား ထိပ္ ျပန္တက္ခ်ိန္ တန္ျပီလို႔ ခံစစ္မွဴး တူရမ္ဇီဘီက အသင္းေဖာ္ေတြအား လွံဳ႕ေဆာ္ တိုက္တြန္းလိုက္ပါတယ္။ ယူနိုက္တက္ဟာ ဘန္ေလကို အနုိင္ကန္နုိင္ရင္ လီဗာပူးကို ေက်ာ္ျပီး အဆင့္ ၁ ေရာက္မွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဆန္ခ်ိဳထက္ ေစ်းခ်ိဳတဲ့ ပစ္မွတ္ အျဖစ္ ျပင္သစ္ အင္အားၾကီး ပီအက္စ္ဂ်ီ အသင္းနဲ႕ အတူ ဘရက္စ္ ကြင္းလယ္ ကစားသမားေလး ရိုမိန္ ဖိုင္ဗရီ ကို ေခၚယူဖို႔ အျပိဳင္ ၾကိဳးစားေနေၾကာင္း ျပင္သစ္ Le10Sport က ေဖာ္ထုတ္ထားပါတယ္။

ျပီးခဲ့တဲ့ ၁၂ လ အတြင္း ပရီးမီးယားလိဂ္မွာ အထူးခၽြန္ဆံုး ေျခစြမ္းျပသူေတြ အျဖစ္ နာမည္ေက်ာ္လာတဲ့ ယူနိုက္တက္မွ ဖာနန္ဒက္စ္၊ စပါးမွ ဆြန္တို႔ နည္းတူ လီဗာပူးမွ ဖာဘင္ညိဳကလည္း အျပစ္ေျပာစရာ မရွိေအာင္ ေျခစြမ္းေကာင္းတယ္လို႔ ဂၽြန္ အဲဒရစ္ခ်္က ေျပာဆိုလိုက္ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ အသင္းေဖာ္ ေပါလ္ေပါ့ဘာနဲ႔အတူ ခိုင္မာတဲ့ ဆက္ဆံေရးေကာင္းကို ထိန္းသိမ္းထားတယ္လို႔ဆိုၿပီး ျပင္သစ္သား ကြင္းလယ္လူရဲ႕ ပုံစံေကာင္းျပန္ရရွိမႈက အသင္းကို ပိုမိုေကာင္းမြန္လာေစတယ္လို႔ ယုံၾကည္ေနပါတယ္။

ေပါ့ဘာ၊ လင္ဒီေလာ့ဖ္တို႔နဲ႔ လုခ္ေရွာတို႔ဟာ ဝက္ဖို႔ဒ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဒဏ္ရာျပႆနာေတြက ရွင္းရွင္းလင္းလင္း မျဖစ္ေသးတာေၾကာင့္ ဘန္ေလနဲ႔ပြဲမွာ ပါဝင္ဖို႔ မေသခ်ာေပမယ့္ လီဗာပူးနဲ႔ပြဲမွာေတာ့ ကစားႏိုင္မွာျဖစ္ေၾကာင္း ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။