ယူနိုက်တက်နဲ့ လီဗာပူးဟာ အမှတ်ပေးဇယားထိပ်ဆုံးနေရာ အဆုံးအဖြတ် ပေးမယ့်ပွဲကို တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်တဲ့အပြင် FA ဖလား စတုတ္ထအဆင့်အတွက် မဲခွဲပွဲမှာလဲ အတူတူကျခဲ့တဲ့နောက် ၆ရက်အတွင်း နောက်တစ်ပွဲ ထပ်ကစားရဦးမှာ ဖြစ်ပါတယ်။
ရီယိုဖာဒီနန်ဟာ အာမက် ဒီရယ်လိုကို ကမ္ဘာကို ကိုင်လှုပ်မယ့် အလားအလာရှိသူအဖြစ် ထင်မြင်နေသလို သူ့ရဲ့ အပြောင်းအရွှေ့က ရော်နယ်ဒို ကို ခေါ်ယူခဲ့တုန်းကအဖြစ်နဲ့ ဆင်တူပြီး အလားတူ အောင်မြင်မှုမျိုး ရရှိလာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘန်လေနဲ့ပွဲကိုနိုင်ရင် ၂၀၁၃ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဇယားထိပ်ရောက်နိုင်မှာဖြစ်ပေမယ့် ဆိုးရှားကတော့ သူ့ကစားသမားတွေဟာ ဇန်နဝါရီမှာ အဆင့်၁ ရဖို့ထက် ရေရှည်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘန်လေနဲ့ပွဲပြီးရင် လီဗာပူးနဲ့ တွေ့ရဦးမှာဖြစ်သလို ယူနိုက်တက်အနေနဲ့ အဆင့်၁ ရတဲ့အပေါ်မှာ သာယာနေရင် ကျရှုံးရလိမ့်မယ်လို့ ဆိုးရှားက သတိပေးခဲ့ပြီး ဖလားပြိုင်ပွဲထဲ ဆက်နေချင်ရင် အမြဲနှိမ့်ချပြီး ကြိုးစားနေရမယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အနေနဲ့ ဖလားအောင်မြင်နိုင်ဖို့အတွက် ဇန်နဝါရီမှာ ဘရူနိုဖာနန်ဒက်စ်လို နောက်တစ်ယောက် ခေါ်ယူဖို့လိုတယ်လို့ အကြံပေးမှုတွေ ရှိခဲ့ပေမယ့် ဆိုးရှားကတော့ ဒီကာလမှာ နာမည်ကြီးအပြောင်းအရွှေ့ ထပ်လုပ်ဖို့ မလိုအပ်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ မိုနာကိုထံ ပေါင်၄သိန်းခွဲတန် စာချုပ်နဲ့ ရောက်ရှိခဲ့တဲ့ ကွင်းလယ်လူ ရိုမိန်း ဖေဗရီကို ယူနိုက်တက်က စောင့်ကြည့်နေပြီး ၁၉ပွဲမှာ ၄ဂိုးသွင်း၊ ၃ဂိုးဖန်တီး ထားတဲ့ သူ့ကို ခေါ်ယူဖို့အတွက် ပိုချက်တီနိုရဲ့ ပီအက်စ်ဂျီနဲ့ အပြိုင်ကြိုးစားရဖို့ ရှိပါတယ်။
ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်က ကလပ်ရဲ့ကွင်းလယ်မှာ အဓိက ကစားသမား ဖြစ်လာတဲ့ စကော့မက်တော်မီနေးဟာ အသင်းခေါင်းဆောင် ဖြစ်ထိုက်တဲ့ အရည်အချင်းရှိသလို ဆိုးရှားအနေနဲ့ သူ့ကိုတည်ပြီး အသင်းကို တည်ဆောက်နိုင်တယ်လို့ အကြံပေးခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္နဲ႔ လီဗာပူးဟာ အမွတ္ေပးဇယားထိပ္ဆုံးေနရာ အဆုံးအျဖတ္ ေပးမယ့္ပြဲကို တနဂၤေႏြေန႔မွာ ကစားရမွာျဖစ္တဲ့အျပင္ FA ဖလား စတုတၳအဆင့္အတြက္ မဲခြဲပြဲမွာလဲ အတူတူက်ခဲ့တဲ့ေနာက္ ၆ရက္အတြင္း ေနာက္တစ္ပြဲ ထပ္ကစားရဦးမွာ ျဖစ္ပါတယ္။
ရီယိုဖာဒီနန္ဟာ အာမက္ ဒီရယ္လိုကို ကမာၻကို ကိုင္လႈပ္မယ့္ အလားအလာရွိသူအျဖစ္ ထင္ျမင္ေနသလို သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕က ေရာ္နယ္ဒို ကို ေခၚယူခဲ့တုန္းကအျဖစ္နဲ႔ ဆင္တူၿပီး အလားတူ ေအာင္ျမင္မႈမ်ိဳး ရရွိလာလိမ့္မယ္လို႔ ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဘန္ေလနဲ႔ပြဲကိုႏိုင္ရင္ ၂၀၁၃ ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ဇယားထိပ္ေရာက္ႏိုင္မွာျဖစ္ေပမယ့္ ဆိုးရွားကေတာ့ သူ႔ကစားသမားေတြဟာ ဇန္နဝါရီမွာ အဆင့္၁ ရဖို႔ထက္ ေရရွည္အတြက္ပဲ အာ႐ုံစိုက္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဘန္ေလနဲ႔ပြဲၿပီးရင္ လီဗာပူးနဲ႔ ေတြ႕ရဦးမွာျဖစ္သလို ယူႏိုက္တက္အေနနဲ႔ အဆင့္၁ ရတဲ့အေပၚမွာ သာယာေနရင္ က်ရႈံးရလိမ့္မယ္လို႔ ဆိုးရွားက သတိေပးခဲ့ၿပီး ဖလားၿပိဳင္ပြဲထဲ ဆက္ေနခ်င္ရင္ အၿမဲႏွိမ့္ခ်ၿပီး ႀကိဳးစားေနရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဖလားေအာင္ျမင္ႏိုင္ဖို႔အတြက္ ဇန္နဝါရီမွာ ဘ႐ူႏိုဖာနန္ဒက္စ္လို ေနာက္တစ္ေယာက္ ေခၚယူဖို႔လိုတယ္လို႔ အႀကံေပးမႈေတြ ရွိခဲ့ေပမယ့္ ဆိုးရွားကေတာ့ ဒီကာလမွာ နာမည္ႀကီးအေျပာင္းအေ႐ႊ႕ ထပ္လုပ္ဖို႔ မလိုအပ္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီမွာ မိုနာကိုထံ ေပါင္၄သိန္းခြဲတန္ စာခ်ဳပ္နဲ႔ ေရာက္ရွိခဲ့တဲ့ ကြင္းလယ္လူ ႐ိုမိန္း ေဖဗရီကို ယူႏိုက္တက္က ေစာင့္ၾကည့္ေနၿပီး ၁၉ပြဲမွာ ၄ဂိုးသြင္း၊ ၃ဂိုးဖန္တီး ထားတဲ့ သူ႔ကို ေခၚယူဖို႔အတြက္ ပိုခ်က္တီႏိုရဲ႕ ပီအက္စ္ဂ်ီနဲ႔ အၿပိဳင္ႀကိဳးစားရဖို႔ ရွိပါတယ္။
ယူႏိုက္တက္ ဂႏၲဝင္ ရီယိုဖာဒီနန္က ကလပ္ရဲ႕ကြင္းလယ္မွာ အဓိက ကစားသမား ျဖစ္လာတဲ့ စေကာ့မက္ေတာ္မီေနးဟာ အသင္းေခါင္းေဆာင္ ျဖစ္ထိုက္တဲ့ အရည္အခ်င္းရွိသလို ဆိုးရွားအေနနဲ႔ သူ႔ကိုတည္ၿပီး အသင္းကို တည္ေဆာက္ႏိုင္တယ္လို႔ အႀကံေပးခဲ့ပါတယ္။
