ဘိုင်ယန်ဟာ အိုဒွိုင်းကို နွေရာသီမှာ ပေါင် သန်း၇၀နဲ့ အပြီးသတ် ဝယ်ယူခွင့်ပါဝင်တဲ့ အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုလုပ်ခဲ့ပြီး ချယ်ဆီးက ငြင်းပယ် ခဲ့ပေမယ့်လဲ ကစားချိန် ပုံမှန်မရသေးတဲ့သူ့ကို အခုထိ လက်မလျှော့သေးပဲ အခြေအနေကို စောင့်ကြည့်နေပါတယ်။
ပေါင်တံဒဏ်ရာရခဲ့တဲ့ ရိစ်ဂျိမ်းစ်၊ ဒူးဒဏ်ရာရခဲ့တဲ့ ခရစ္စတန်ဆန်တို့စာ စနေနေ့ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲမှာ ပြန်ပါလာနိုင်ဖို့ မျှော်လင့်ရသလို စီးတီးနဲ့ ပွဲမှာ ဒဏ်ရာရပြီးထဲက မကစားခဲ့ရတဲ့ ကန်တေကတော့ လက်စတာနဲ့ပွဲမှာ ပြန်လာနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ချယ်ဆီးဟာ တူရကီကြယ်ပွင့် အလီအက်မန်ကို စိတ်ဝင်စားနေသလို ၎င်းရဲ့ စာချုပ်က ၆လသာ ကျန်တော့တာကြောင့် ဘာဆာပေါ်က သူ့ကို ဖရီးအေးဂျင့် မဖြစ်ခင် ဒီလထဲမှာ ရောင်းချဖို့ ကြိုးစားနေပြီး ပေါင် ၃သန်း အောက်နဲ့ အရောင်းအဝယ်လုပ်ဖို့ရှိပါတယ်။
အသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျဟာ အံ့အားသင့်စရာ ခေါ်ယူမှုတစ်ခု အဖြစ် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ လမ်းပတ်ရဲ့ နည်းပြအလုပ်ကို ကူညီဖို့ အတွက် နည်းပြဟောင်း အေဗရမ်ဂရန့်ကို နည်းစနစ်ဒါရိုက်တာ အနေနဲ့ ပြန်ခေါ်ဖို့ လုပ်နေပါတယ်။
ချယ်ဆီးဟာ ရော့စ်ဘာကလေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးရမှသာ အပြီးသတ် ရောင်းချမှာဖြစ်ကြောင်း အက်စ်တွန်ဗီလာကို သတင်းပေးခဲ့သလို မျှော်လင့်တဲ့အတိုင်း အပြောင်းအရွှေ့ဖြစ်ခဲ့ရင် ၎င်းအတွက် တစ်ပတ်လုပ်ခ ပေါင်၁သိန်း ကုန်ကျမှုလဲ သက်သာသွားမှာပါ။
ချယ်ဆီးဟာ ဘာစီလိုနာ အကယ်ဒမီကြယ်ပွင့်၊ လက်ရှိ လာဇီယိုမှာ ကစားနေတဲ့ ရာအူး မိုရိုကို ခေါ်ယူဖို့ စောင်ကြည့်နေတဲ့ ထိပ်တန်း ကလပ် များစွာထဲမှာ ပါဝင်နေပေမယ့် ဇန်နဝါရီမှာ ခေါ်ယူမှုတွေမလုပ်ခင် အသင်းမှာ နေရာအရင်ရှင်းထားဖို့ လိုအပ်နေပါတယ်။
လိဂ်မှာ ပုံစံကောင်းပျောက်ဆုံးနေခဲ့တဲ့ ချယ်ဆီးဟာ FA ဖလားမှာ အသင်းငယ်လေးကိုပဲဖြစ်ဖြစ် နိုင်ပွဲပြန်ရတာက အရေးပါတယ်လို့ ရီယိုဖာဒီနန်က ထင်မြင်နေသလို အောင်မြင်မှုရဖို့ လမ်းပတ်ကို အချိန်ပိုပေးသင့်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

Zawgyi – ေပါင္တံဒဏ္ရာရခဲ့တဲ့ ရိစ္ဂ်ိမ္းစ္၊ ဒူးဒဏ္ရာရခဲ့တဲ့ ခရစၥတန္ဆန္တို႔စာ စေနေန႔ ဖူလ္ဟမ္နဲ႔ အေဝးကြင္းပြဲမွာ ျပန္ပါလာႏိုင္ဖို႔ ေမွ်ာ္လင့္ရသလို စီးတီးနဲ႔ ပြဲမွာ ဒဏ္ရာရၿပီးထဲက မကစားခဲ့ရတဲ့ ကန္ေတကေတာ့ လက္စတာနဲ႔ပြဲမွာ ျပန္လာႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။
ဘိုင္ယန္ဟာ အိုဒြိဳင္းကို ေႏြရာသီမွာ ေပါင္ သန္း၇၀နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ပါဝင္တဲ့ အငွားေခၚယူဖို႔ ကမ္းလွမ္းမႈလုပ္ခဲ့ၿပီး ခ်ယ္ဆီးက ျငင္းပယ္ ခဲ့ေပမယ့္လဲ ကစားခ်ိန္ ပုံမွန္မရေသးတဲ့သူ႔ကို အခုထိ လက္မေလွ်ာ့ေသးပဲ အေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။
ခ်ယ္ဆီးဟာ တူရကီၾကယ္ပြင့္ အလီအက္မန္ကို စိတ္ဝင္စားေနသလို ၎ရဲ႕ စာခ်ဳပ္က ၆လသာ က်န္ေတာ့တာေၾကာင့္ ဘာဆာေပၚက သူ႔ကို ဖရီးေအးဂ်င့္ မျဖစ္ခင္ ဒီလထဲမွာ ေရာင္းခ်ဖို႔ ႀကိဳးစားေနၿပီး ေပါင္ ၃သန္း ေအာက္နဲ႔ အေရာင္းအဝယ္လုပ္ဖို႔ရွိပါတယ္။
အသင္းပိုင္ရွင္ ႐ိုမန္ေအဗရာမိုဗစ္ခ္်ဟာ အံ့အားသင့္စရာ ေခၚယူမႈတစ္ခု အျဖစ္ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ လမ္းပတ္ရဲ႕ နည္းျပအလုပ္ကို ကူညီဖို႔ အတြက္ နည္းျပေဟာင္း ေအဗရမ္ဂရန႔္ကို နည္းစနစ္ဒါ႐ိုက္တာ အေနနဲ႔ ျပန္ေခၚဖို႔ လုပ္ေနပါတယ္။
ခ်ယ္ဆီးဟာ ေရာ့စ္ဘာကေလကို ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးရမွသာ အၿပီးသတ္ ေရာင္းခ်မွာျဖစ္ေၾကာင္း အက္စ္တြန္ဗီလာကို သတင္းေပးခဲ့သလို ေမွ်ာ္လင့္တဲ့အတိုင္း အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့ရင္ ၎အတြက္ တစ္ပတ္လုပ္ခ ေပါင္၁သိန္း ကုန္က်မႈလဲ သက္သာသြားမွာပါ။
ခ်ယ္ဆီးဟာ ဘာစီလိုနာ အကယ္ဒမီၾကယ္ပြင့္၊ လက္ရွိ လာဇီယိုမွာ ကစားေနတဲ့ ရာအူး မို႐ိုကို ေခၚယူဖို႔ ေစာင္ၾကည့္ေနတဲ့ ထိပ္တန္း ကလပ္ မ်ားစြာထဲမွာ ပါဝင္ေနေပမယ့္ ဇန္နဝါရီမွာ ေခၚယူမႈေတြမလုပ္ခင္ အသင္းမွာ ေနရာအရင္ရွင္းထားဖို႔ လိုအပ္ေနပါတယ္။
လိဂ္မွာ ပုံစံေကာင္းေပ်ာက္ဆုံးေနခဲ့တဲ့ ခ်ယ္ဆီးဟာ FA ဖလားမွာ အသင္းငယ္ေလးကိုပဲျဖစ္ျဖစ္ ႏိုင္ပြဲျပန္ရတာက အေရးပါတယ္လို႔ ရီယိုဖာဒီနန္က ထင္ျမင္ေနသလို ေအာင္ျမင္မႈရဖို႔ လမ္းပတ္ကို အခ်ိန္ပိုေပးသင့္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။
