ယူနိုက်တက်နဲ့ သတင်းကြီးနေတဲ့ ကိန်းကို ကစားသမားဘဝက တစ်ကြိမ်တည်းရှိကြောင်း သတိပေး

စပါးတိုက်စစ်မှူးဟောင်း ရှာရင်ဂမ်က တိုက်စစ်မှူး ဟယ်ရီကိန်းအား ကိုယ်ဘာကို ရလိုသလဲဆိုတာကို သေချာ စဉ်းစားပြီးမှ အနာဂတ်အတွက် ဆုံးဖြတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူဖို့ ယူနိုက်တက်က စိတ်ဝင်စားနေသလို အင်္ဂလန်သား တိုက်စစ်သမားဟာ စပါးကနေ ထွက်ခွာပြီး ဆုဖလား စိန်ခေါ်နိုင်စွမ်းရှိမယ့် အသင်းတွေကို ကူးပြောင်းလိုနေကြောင်း သတင်းတွေ ထွက်ရှိထားတယ်။ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကလည်း အထောင်တိုက်စစ်နေရာအတွက် ကိန်းကို သဘောကျထားပါတယ်။

၁၉၉၇ ခုနှစ်တုန်းက ရှရင်ဂမ်ဟာ စပါးကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး မန်ချက်စတာအသင်းရဲ့ တစ်ရာသီ ဆုဖလား သုံးလုံး အောင်မြင်တဲ့ ၁၉၉၉ ခုနှစ်မှာ အသင်းသားတစ်ဦးအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ ရှရင်ဟမ်ကတော့ သူ့ရဲ့ အတွေ့အကြုံတွေနဲ့အတူပဲ ဘာကိုလုပ်မလဲဆိုတာကို သေချာ စိတ်ပိုင်းဖြတ်ဖို့ ကိန်းကို အကြံပေးခဲ့ပါတယ်။

ရှာရင်ဂမ်းက ” ကျနော် စပါးမှာတုန်းက ရည်မှန်းချက်တွေကပဲ စေ့ဆော်ခဲ့တာပါ။ ကျနေ်ာတို့ နေရာကောင်းမှာ ရှိမနေခဲ့ပါဘူး။ အခု တော်တင်ဟမ်မှာတော့ အနည်းဆုံး အဆင့်လေး ဝင်ခွင့်ရနေတယ်၊ အဲ့နေရာကို စိန်ခေါ်နိုင်တယ်၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ထားတာလည်း မကြာသေးပါဘူး။

သူ့ရဲ့ အခြေအနေနဲ့ ပက်သက်ပြီး သေချာစဉ်းစားဖို့ လိုပါတယ်။ သူ ထွက်သွားချင်သလား? သူနဲ့အတူ တွဲကစားဖို့ စပါးကို ကစားသမားကောင်းတွေ ရောက်လာမလား (သို့) ကစားသမားကောင်းတွေနဲ့ တွဲကစားဖို့ သူ ထွက်သွားမလား?

ဒီအခြေအနေမှာတော့ သူ့ရဲ့ စပါးကစားသမားဘဝက ဆက်သွားနေဆဲပါ။ ဒါပေမယ့် သူ့ရဲ့ ကစားသမားဘဝက အပြောင်းအလဲတွေ ဖြစ်သွားနိုင်ပပါတယ်။ စပါးက ဘယ်လို စိန်ခေါ်မှုတွေကိုမှ ဆက်လက် လုပ်ဆောင်ဖို့ ရှေ့မတိုးနိုင်ဘူးဆိုရင် အပြောင်းအလဲတွေက ဖြစ်သွားပါလိမ့်မယ်။

ဟယ်ရီကိန်းမှာ ကစားသမားဘဝ တစ်ခုပဲ ရှိပါတယ်။ သူက အနိုင်ရလိုတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ ကျနေ်ာတို့ စောင့်ကြည့်ရမှာပါ ဒါပေမယ့် အကြံပေးလိုတာက ‘မင်းမှာ ကစားသမားဘဝ တစ်ခုတည်းရှိတယ် ဟယ်ရီ ကိုယ်အလုပ်ချင်ဆုံးကို သေချာအောင်လုပ်ပါ’” ဆိုပြီး အကြံပေးသွားပါတယ်။

ZAWGYI

စပါးတိုက္စစ္မွဴးေဟာင္း ရွာရင္ဂမ္က တိုက္စစ္မွဴး ဟယ္ရီကိန္းအား ကိုယ္ဘာကို ရလိုသလဲဆိုတာကို ေသခ်ာ စဥ္းစားျပီးမွ အနာဂတ္အတြက္ ဆံုးျဖတ္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ဟယ္ရီကိန္းကို ေခၚယူဖို႔ ယူႏုိက္တက္က စိတ္ဝင္စားေနသလို အဂၤလန္သား တိုက္စစ္သမားဟာ စပါးကေန ထြက္ခြာျပီး ဆုဖလား စိန္ေခၚႏုိင္စြမ္းရွိမယ့္ အသင္းေတြကို ကူးေျပာင္းလိုေနေၾကာင္း သတင္းေတြ ထြက္ရွိထားတယ္။ လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ကလည္း အေထာင္တုိက္စစ္ေနရာအတြက္ ကိန္းကို သေဘာက်ထားပါတယ္။

၁၉၉၇ ခုႏွစ္တုန္းက ရွရင္ဂမ္ဟာ စပါးကေန ယူႏုိက္တက္ကို ေျပာင္းေရႊ႔ခဲ့ျပီး မန္ခ်က္စတာအသင္းရဲ႕ တစ္ရာသီ ဆုဖလား သံုးလံုး ေအာင္ျမင္တဲ့ ၁၉၉၉ ခုႏွစ္မွာ အသင္းသားတစ္ဦးအျဖစ္ ပါဝင္ခြင့္ရခဲ့တယ္။ ရွရင္ဟမ္ကေတာ့ သူ႔ရဲ႕ အေတြ႔အၾကံဳေတြနဲ႔အတူပဲ ဘာကိုလုပ္မလဲဆိုတာကို ေသခ်ာ စိတ္ပိုင္းျဖတ္ဖို႔ ကိန္းကို အၾကံေပးခဲ့ပါတယ္။

ရွာရင္ဂမ္းက ” က်ေနာ္ စပါးမွာတုန္းက ရည္မွန္းခ်က္ေတြကပဲ ေစ့ေဆာ္ခဲ့တာပါ။ က်ေန္ာတို႔ ေနရာေကာင္းမွာ ရွိမေနခဲ့ပါဘူး။ အခု ေတာ္တင္ဟမ္မွာေတာ့ အနည္းဆံုး အဆင့္ေလး ဝင္ခြင့္ရေနတယ္၊ အဲ့ေနရာကို စိန္ေခၚႏုိင္တယ္၊ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ထားတာလည္း မၾကာေသးပါဘူး။

သူ႔ရဲ႕ အေျခအေနနဲ႔ ပက္သက္ျပီး ေသခ်ာစဥ္းစားဖို႔ လိုပါတယ္။ သူ ထြက္သြားခ်င္သလား? သူနဲ႔အတူ တြဲကစားဖို႔ စပါးကို ကစားသမားေကာင္းေတြ ေရာက္လာမလား (သို႔) ကစားသမားေကာင္းေတြနဲ႔ တြဲကစားဖို႔ သူ ထြက္သြားမလား?

ဒီအေျခအေနမွာေတာ့ သူ႔ရဲ႕ စပါးကစားသမားဘဝက ဆက္သြားေနဆဲပါ။ ဒါေပမယ့္ သူ႔ရဲ႕ ကစားသမားဘဝက အေျပာင္းအလဲေတြ ျဖစ္သြားႏုိင္ပပါတယ္။ စပါးက ဘယ္လို စိန္ေခၚမႈေတြကိုမွ ဆက္လက္ လုပ္ေဆာင္ဖို႔ ေရွ႔မတိုးႏုိင္ဘူးဆိုရင္ အေျပာင္းအလဲေတြက ျဖစ္သြားပါလိမ့္မယ္။

ဟယ္ရီကိန္းမွာ ကစားသမားဘဝ တစ္ခုပဲ ရွိပါတယ္။ သူက အႏုိင္ရလိုတယ္။ ဘာေတြျဖစ္လာမလဲဆိုတာ က်ေန္ာတို႔ ေစာင့္ၾကည့္ရမွာပါ ဒါေပမယ့္ အၾကံေပးလိုတာက ‘မင္းမွာ ကစားသမားဘဝ တစ္ခုတည္းရွိတယ္ ဟယ္ရီ ကိုယ္အလုပ္ခ်င္ဆံုးကို ေသခ်ာေအာင္လုပ္ပါ’” ဆိုျပီး အၾကံေပးသြားပါတယ္။