ယူနိုက်တက် ခံစစ်မှူးဟောင်း ဆီဗက်စတြာကတော့ မန်စီးတီးဟာ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းက သွေဖီနေပြီ ဖြစ်ပြီး ယူနိုက်တက်က အလားအလာကောင်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်နဲ့ အငှား သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တဲ့ တိုက်စစ်မှူး အစ်ဟာလို ဟာ မေဂျာလိဂ်ဘက် ပြောင်းဖို့ ဆွေးနွေးနေပြီး ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာ မီယာမီအသင်းနဲ့ နီးစပ်နေပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးနဲ့မတွေ့ခင် ဘန်လေကို အနိုင်ယူကာ အမှတ်ပေးဇယားထိပ်ကို တက်နိုင်ခဲ့ပြီး သူတို့ရဲ့ ဖလားနဲ့ ထိုက်တန်မှုကို ပြသ ခဲ့တယ်လို့ နီမန်ဂျာ မာတစ်က ယုံကြည်နေသလို ဒီရာသီဖလားအတွက် ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ က စိတ်ကူးအိပ်မက် ဖြစ်ပြီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားများ ရယူဖို့ ရည်မှန်းထားကြောင့် သရဲနီသစ် တောင်ပံတိုက်စစ်သမား အာမက် ဒီယာလိုက ဖွင့်ဟခဲ့ပါတယ်။
လင်ဂတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လုံးဝမကစားရသေးပဲ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား ၃ပွဲမှာသာ ပါဝင်ခဲ့ရသလို လက်ကျန် ရာသီအတွက် အငှားထွက်ကစားဖို့ နိုက်စ် အသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ဗီလာ၊ နယူးကာဆယ်တို့ကလဲ သူ့ကို ချိတ်ဆက်နေခဲ့ပါတယ်။
ဘရူနို ဖာနန်ဒက်စ်ဟာ ကစားတာ ဘယ်လောက်ကြီး ကောင်းနေပါစေ ကလပ်အသင်း ယူနိုက်တက်နဲ့ ဆုဖလားတွေ မယူနိုင်ရင် အလကား ဖြစ်သွားမယ်လို့ ဒွိုက်ယော့ခ်က သတိပေးခဲ့ပါတယ်။

Zawgyi – ယူနိုက်တက် ခံစစ်မှူးဟောင်း ဆီဗက်စတြာကတော့ မန်စီးတီးဟာ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်းက သွေဖီနေပြီ ဖြစ်ပြီး ယူနိုက်တက်က အလားအလာကောင်းနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
