ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (15/01/21)

ပရီးမီးယားလိဂ်ဟာ ကစားသမားတွေ အတူပွေ့ဖက် အောင်ပွဲခံတာမျိုးကို ရပ်တန့်ဖို့ အလိုရှိနေသလို လမ်းပတ်က လေ့ကျင့်ရေးမှာ ဒါကို ရပ်တန့် နိုင်တယ်လို့ လက်ခံခဲ့ပြီး ကစားသမားတွေအနေနဲ့ ကိုယ်တိုင် သတိနဲ့ ထိန်းသိမ်းရမယ်လို့ သတိပေးခဲ့ပါတယ်။

တိုမိုရီ ချယ်ဆီးကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေခဲ့ပေမယ့် နည်းပြလမ်းပတ်ကတော့ တိုမိုရီ ဟာ ချယ်ဆီးမှာ အောင်မြင်နိုင်နေဆဲ ဖြစ်တယ်လို့ ယုံကြည်နေပြီး သူ့ရဲ့ရေရှည်အနာဂတ်က ဒီမှာ ရှိနေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

လမ်းပတ်က သူ့ကစားသမားကို ထိန်းသိမ်းထားချင်ပေမယ့်လဲ ချယ်ဆီးဟာ တိုမိုရီကို ကစားချိန်ပိုရအောင် အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ စဉ်းစားထားတာဖြစ်ပြီး ၎င်းအတွက် ပေါင် သန်း၃၀နဲ့ ကမ်းလှမ်းလာရင် လက်ခံပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းကို အေစီမီလန်က ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

ဘီလီဂေလ်မာဟာ ကာလရှည် ဒူးဒဏ်ရာကနေ အထင်ကြီးစရာ ပြန်လာနိုင်ခဲ့တဲ့နောက် သူ့အနေနဲ့ သိပ်ကို မြင့်မားတဲ့ အဆင့်အတန်းကို ရောက်ရှိလိမ့်မယ် လို့ လမ်းပတ်က ခန့်မှန်းပေးခဲ့ပြီး သူ့ကို ဒီထက်ပိုတိုးတက်လာစေဖို့ အချိန်ပေးရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ယူနိုက်တက်နဲ့ ၁၀ မှတ်ကွာဟသွားခဲ့တဲ့နောက် ဒီရာသီ ဆုဖလားအတွက် စိန်မခေါ်နိုင်တဲ့အပေါ် လမ်းပတ်ကို အသင်းဖော်ဟောင်း ဝီလီယံ ဂယ်လက်စ်က ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ ထုတ်ပယ်ခံရမယ့် အန္တရာယ်ရှိနေပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။

အေးဂျင့် ရိုင်အိုလာက ဟာလန်းကို နွေရာသီမှာ အသင်းပြောင်းစေဖို့ စိတ်အားထက်သန် နေသလို ချယ်ဆီးဟာလဲ ရီးရဲ၊ ယူနိုက်တက်၊ စီးတီး တို့နဲ့ အတူ သူ့ကို စောင့်ကြည့်နေတာ ဖြစ်ပြီး အခွင့်အရေးရရင် ပေါင်သန်း၇၀နဲ့ ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။

လမ်းပတ်ဟာ ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်ခဲ့ပေမယ့် ဝက်စ်ဟမ်းက သော့ခတ် သိမ်းထားခဲ့တာဖြစ်သလို ကွင်းလယ်လူအနေနဲ့ သူ့ ကစားသမား ဘဝ ထိပ်တန်းအဆင့်ကို မြှင့်တင်ချင်ရင် နောက်ရာသီမှာ ချယ်ဆီးထံသွားသင့်တယ်လို့ ဝီလီယံ ဂယ်လက်စ်က အကြံပေးခဲ့ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ဟာ ကစားသမားေတြ အတူေပြ႕ဖက္ ေအာင္ပြဲခံတာမ်ိဳးကို ရပ္တန္႔ဖို႔ အလိုရွိေနသလို လမ္းပတ္က ေလ့က်င့္ေရးမွာ ဒါကို ရပ္တန္႔ နိုင္တယ္လို႔ လက္ခံခဲ့ၿပီး ကစားသမားေတြအေနနဲ႔ ကိုယ္တိုင္ သတိနဲ႔ ထိန္းသိမ္းရမယ္လို႔ သတိေပးခဲ့ပါတယ္။

တိုမိုရီ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေနခဲ့ေပမယ့္ နည္းျပလမ္းပတ္ကေတာ့ တိုမိုရီ ဟာ ခ်ယ္ဆီးမွာ ေအာင္ျမင္ႏိုင္ေနဆဲ ျဖစ္တယ္လို႔ ယုံၾကည္ေနၿပီး သူ႔ရဲ႕ေရရွည္အနာဂတ္က ဒီမွာ ရွိေနေသးတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

လမ္းပတ္က သူ႔ကစားသမားကို ထိန္းသိမ္းထားခ်င္ေပမယ့္လဲ ခ်ယ္ဆီးဟာ တိုမိုရီကို ကစားခ်ိန္ပိုရေအာင္ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ စဥ္းစားထားတာျဖစ္ၿပီး ၎အတြက္ ေပါင္ သန္း၃၀နဲ႔ ကမ္းလွမ္းလာရင္ လက္ခံေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ ၄င္းကို ေအစီမီလန္က ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္ထားပါတယ္။

ဘီလီေဂလ္မာဟာ ကာလရွည္ ဒူးဒဏ္ရာကေန အထင္ႀကီးစရာ ျပန္လာႏိုင္ခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ သိပ္ကို ျမင့္မားတဲ့ အဆင့္အတန္းကို ေရာက္ရွိလိမ့္မယ္ လို႔ လမ္းပတ္က ခန႔္မွန္းေပးခဲ့ၿပီး သူ႔ကို ဒီထက္ပိုတိုးတက္လာေစဖို႔ အခ်ိန္ေပးရမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ယူႏိုက္တက္နဲ႔ ၁၀ မွတ္ကြာဟသြားခဲ့တဲ့ေနာက္ ဒီရာသီ ဆုဖလားအတြက္ စိန္မေခၚႏိုင္တဲ့အေပၚ လမ္းပတ္ကို အသင္းေဖာ္ေဟာင္း ဝီလီယံ ဂယ္လက္စ္က ေဝဖန္ခဲ့ၿပီး သူ႔အေနနဲ႔ ထုတ္ပယ္ခံရမယ့္ အႏၲရာယ္ရွိေနၿပီလို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

ေအးဂ်င့္ ႐ိုင္အိုလာက ဟာလန္းကို ေႏြရာသီမွာ အသင္းေျပာင္းေစဖို႔ စိတ္အားထက္သန္ ေနသလို ခ်ယ္ဆီးဟာလဲ ရီးရဲ၊ ယူႏိုက္တက္၊ စီးတီး တို႔နဲ႔ အတူ သူ႔ကို ေစာင့္ၾကည့္ေနတာ ျဖစ္ၿပီး အခြင့္အေရးရရင္ ေပါင္သန္း၇၀နဲ႔ ေခၚယူဖို႔ ႀကိဳးစားသြားမွာျဖစ္ပါတယ္။

လမ္းပတ္ဟာ ဒီကလန္႐ိုက္စ္ကို ေခၚယူခ်င္ခဲ့ေပမယ့္ ဝက္စ္ဟမ္းက ေသာ့ခတ္ သိမ္းထားခဲ့တာျဖစ္သလို ကြင္းလယ္လူအေနနဲ႔ သူ႔ ကစားသမား ဘဝ ထိပ္တန္းအဆင့္ကို ျမႇင့္တင္ခ်င္ရင္ ေနာက္ရာသီမွာ ခ်ယ္ဆီးထံသြားသင့္တယ္လို႔ ဝီလီယံ ဂယ္လက္စ္က အႀကံေပးခဲ့ပါတယ္။