ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (15/01/21)

အာဆင်နယ်အသင်းဟာ ညက ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားခဲ့ရာ ဂိုးမရှိ သရေ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။ လိုအပ်တဲ့ အနိုင်သုံးမှတ်ပြည့် မယူနိုင်ခဲ့တာကြောင့် အာဆင်နယ်က အဆင့် ၁၁ နေရာထိသာ တက်လာနိုင်ခဲ့ပါတယ်။

သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပြီး အိမ်ကွင်းမှာ အမှတ်လျော့ခဲ့ပေမယ့် နည်းပြ အာတီတာကတော့ အသင်း စိတ်ဓာတ်ပိုင်း မထိခိုက်ဖို့သာ အရေးကြီးကြောင်း ဆိုခဲ့ကာ ကျေနပ် ပျော်ရွှင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အသင်းသားတွေဟာ လန်းဆန်းမှု နည်းနေပြီး ပြိုင်ဘက် ဧရိယာထဲမှာ အဆုံးသတ်ဖို့ ထက်မြက်မှုတွေ လိုအပ်နေကြောင်းကိုတော့ အာတီတာက ဝန်ခံခဲ့ပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာ တီယာနေးကို ထုတ်မသုံးဘဲ ချန်လှပ်ခဲ့တာက ကစားသမားဟာ ကြွက်သား နာကျင်မှု ရှိနေပြီး အပြည့်အ၀ ကောင်းမွန် မနေတာကြောင့် အာတီတာက မစွန့်စားဘဲ အနားပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ် ခံစစ်မှူး ဘယ်လာရင်ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ ဂန်းနားတွေဟာ တီယာနေးရဲ့ ဖန်တီး ပေးပို့မှုကောင်းတွေ လစ်ဟာနေခဲ့တယ်လို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

သတင်းကြီးနေတဲ့ အိုဇေးလ်နဲ့ ဖီနာဘာချီ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အာတီတာကတော့ နှုတ်လုံနေပြီး ဘယ်လောက်ထိ ဆွေးနွေးမှုတွေ ခရီးပေါက်နေလဲ သူလည်း မသိကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ညက ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံကစားခဲ့ရာ ဂိုးမရွိ သေရ ရလဒ္နဲ႕သာ ျပီးဆံုးသြားခဲ့ပါတယ္။ လိုအပ္တဲ့ အနုိင္သံုးမွတ္ျပည့္ မယူနိုင္ခဲ့တာေၾကာင့္ အာဆင္နယ္က အဆင့္ ၁၁ ေနရာထိသာ တက္လာနိုင္ခဲ့ပါတယ္။

သေရ ရလဒ္သာ ထြက္ေပၚခဲ့ျပီး အိမ္ကြင္းမွာ အမွတ္ေလ်ာ့ခဲ့ေပမယ့္ နည္းျပ အာတီတာကေတာ့ အသင္း စိတ္ဓာတ္ပိုင္း မထိခိုက္ဖို႔သာ အေရးၾကီးေၾကာင္း ဆိုခဲ့ကာ ေက်နပ္ ေပ်ာ္ရႊင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ အသင္းသားေတြဟာ လန္းဆန္းမႈ နည္းေနျပီး ျပိဳင္ဘက္ ဧရိယာထဲမွာ အဆံုးသတ္ဖို႔ ထက္ျမက္မႈေတြ လိုအပ္ေနေၾကာင္းကိုေတာ့ အာတီတာက ၀န္ခံခဲ့ပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမွာ တီယာေနးကို ထုတ္မသံုးဘဲ ခ်န္လွပ္ခဲ့တာက ကစားသမားဟာ ၾကြက္သား နာက်င္မႈ ရွိေနျပီး အျပည့္အ၀ ေကာင္းမြန္ မေနတာေၾကာင့္ အာတီတာက မစြန္႔စားဘဲ အနားေပးခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

အာဆင္နယ္ ခံစစ္မွဴး ဘယ္လာရင္ကေတာ့ ခရစၥတယ္ပဲေလ့စ္နဲ႕ ပြဲမွာ ဂန္းနားေတြဟာ တီယာေနးရဲ႕ ဖန္တီး ေပးပို႔မႈေကာင္းေတြ လစ္ဟာေနခဲ့တယ္လို႔ ပြဲအျပီးမွာ ဆိုခဲ့ပါတယ္။

သတင္းၾကီးေနတဲ့ အိုေဇးလ္နဲ႕ ဖီနာဘာခ်ီ အေျပာင္းအေရႊ႕နဲ႔ ပတ္သတ္လို႔ အာတီတာကေတာ့ ႏႈတ္လံုေနျပီး ဘယ္ေလာက္ထိ ေဆြးေႏြးမႈေတြ ခရီးေပါက္ေနလဲ သူလည္း မသိေၾကာင္း ေျပာဆိုခဲ့ပါတယ္။