ချယ်ဆီးရဲ့ နွေဈေးကွက်အတွင်း အဓိက ခေါ်ယူမှုကြီးက တိုက်စစ်ပိုင်း ဖြစ်မည်

UNICODE – ချယ်ဆီးဟာ နွေဈေးကွက်ရဲ့ အဓိက ခေါ်ယူမှုကြီးအဖြစ် တိုက်စစ်ပိုင်းကို ဦးတည် ဖြည့်တင်းမှာဖြစ်ကြောင်း The Athletic မှ ချယ်ဆီးသတင်းထောက် Simon Johnson က ထုတ်ဖော်လိုက်ပါတယ်။

ချယ်ဆီးဟာ ခံစစ်၊ အစွန်၊ တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နေရာတွေအတွက် သတင်းတွေ ထွက်နေတာပါ။ ဆိုင်မွန်ကတော့ နွေမှာ မန်နေဂျာလမ်းပတ် သေချာပေါက် ခေါ်ယူမယ့် ကစားသမားက တိုက်စစ်သမားဖြစ်ပြီး အထောင်တိုက်စစ်သမား ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဆိုင်မွန်ဂျွန်ဆင်က ” ဟုတ်ပါတယ်။ ချယ်ဆီးက နွေအပြောင်းအရွှေ့မှာ နောက်ထပ် တိုက်စစ်သမား ခေါ်ယူဖို့အတွက် ရှာဖွေနေပါတယ်။ အဲ့လို ရှာတာက အတော်လည်း ခက်ခဲနေပါတယ်။ ချယ်ဆီးက ခေါ်ယူမှုကြီးအတွက် လုံလောက်တဲ့ အသုံးစရိတ်လည်း ရှိထားပါတယ်။

ဒီအကြောင်း အခြားတစ်ယောက်နဲ့ ပြောထားပြီးပါပြီ။ ချယ်ဆီးက နွေမှာ ခေါ်ယူမှုကြီး တစ်ခုတော့ သေချာပေါက် လုပ်မှာပါ။ အလဲအထပ်ဖြစ်ဖြစ် ဘယ်လို ခေါ်ယူမှုနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ လမ်းပတ် လိုချင်တဲ့ တိုက်စစ်သမားက တိုက်စစ်မှာ ဘောလုံးကို ထိန်းသိမ်းပေးနိုင်ပြီး ဘေးက သူတွေနဲ့ တွဲကစားနိုင်တဲ့ ဂျီရူးလို အထောင်တိုက်စစ်သမားမျိုးပါပဲ ” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဟာ ဟာဇက်ကို ယူရို သန်း ၁၀၀၊ မိုရာတာအတွက် ယူရို ၆၅ သန်းတို့ကို ပြောင်းရွှေ့ကြေးအဖြစ် ရထားခဲ့ပြီး ဇီးယက်တစ်ဦးတည်းကို ယူရို သန်း ၄၀ နဲ့ ပြန်ခေါ်ယူထားပါတယ်။ ဒါကြောင့် မန်နေဂျာလမ်းပတ်က ဘဏ္ဍာရေး ထိခိုက်မှုတွေအတွင်း ဈေးကွက်ထဲဝင်ရောက်ဖို့ အသုံးစရိတ်တွေ ကိုင်ထားဆဲဖြစ်တယ်။

ချယ်ဆီးဟာ အသာတင် အသုံးစရိတ် ယူရို သန်းရာနဲ့ချီ ရှိထားသလို ဘာကာယိုကို၊ အလွန်ဆို၊ ပါရဲရား၊ ဇာပါကော်စတာ၊ ဘတ်ရှုဝါရီတို့ကို ရောင်းထုတ်ရာမှာလည်း အသုံးစရိတ် နောက်ထပ် ယူရို သန်း ၁၀၀ လောက်ထိ ရနိုင်သေးတာဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီးဟာ ေႏြေစ်းကြက္ရဲ႕ အဓိက ေခၚယူမႈၾကီးအျဖစ္ တိုက္စစ္ပိုင္းကို ဦးတည္ ျဖည့္တင္းမွာျဖစ္ေၾကာင္း The Athletic မွ ခ်ယ္ဆီးသတင္းေထာက္ Simon Johnson က ထုတ္ေဖာ္လိုက္ပါတယ္။

ခ်ယ္ဆီးဟာ ခံစစ္၊ အစြန္၊ တိုက္စစ္နဲ႔ ေတာင္ပံတိုက္စစ္ ေနရာေတြအတြက္ သတင္းေတြ ထြက္ေနတာပါ။ ဆိုင္မြန္ကေတာ့ ေႏြမွာ မန္ေနဂ်ာလမ္းပတ္ ေသခ်ာေပါက္ ေခၚယူမယ့္ ကစားသမားက တိုက္စစ္သမားျဖစ္ျပီး အေထာင္တိုက္စစ္သမား ျဖစ္ပါတယ္လို႔ ဆိုပါတယ္။

ဆိုင္မြန္ဂၽြန္ဆင္က ” ဟုတ္ပါတယ္။ ခ်ယ္ဆီးက ေႏြအေျပာင္းအေရႊ႔မွာ ေနာက္ထပ္ တိုက္စစ္သမား ေခၚယူဖို႔အတြက္ ရွာေဖြေနပါတယ္။ အဲ့လို ရွာတာက အေတာ္လည္း ခက္ခဲေနပါတယ္။ ခ်ယ္ဆီးက ေခၚယူမႈၾကီးအတြက္ လံုေလာက္တဲ့ အသံုးစရိတ္လည္း ရွိထားပါတယ္။

ဒီအေၾကာင္း အျခားတစ္ေယာက္နဲ႔ ေျပာထားျပီးပါျပီ။ ခ်ယ္ဆီးက ေႏြမွာ ေခၚယူမႈၾကီး တစ္ခုေတာ့ ေသခ်ာေပါက္ လုပ္မွာပါ။ အလဲအထပ္ျဖစ္ျဖစ္ ဘယ္လို ေခၚယူမႈနဲ႔ပဲ ျဖစ္ျဖစ္ေပါ့။ လမ္းပတ္ လိုခ်င္တဲ့ တိုက္စစ္သမားက တိုက္စစ္မွာ ေဘာလံုးကို ထိန္းသိမ္းေပးႏုိင္ျပီး ေဘးက သူေတြနဲ႔ တြဲကစားႏုိင္တဲ့ ဂ်ီရူးလို အေထာင္တိုက္စစ္သမားမ်ိဳးပါပဲ ” လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဟာဇက္ကို ယူရို သန္း ၁၀၀၊ မိုရာတာအတြက္ ယူရို ၆၅ သန္းတို႔ကို ေျပာင္းေရႊ႔ေၾကးအျဖစ္ ရထားခဲ့ျပီး ဇီးယက္တစ္ဦးတည္းကို ယူရို သန္း ၄၀ နဲ႔ ျပန္ေခၚယူထားပါတယ္။ ဒါေၾကာင့္ မန္ေနဂ်ာလမး္ပတ္က ဘ႑ာေရး ထိခိုက္မႈေတြအတြင္း ေစ်းကြက္ထဲဝင္ေရာက္ဖို႔ အသံုးစရိတ္ေတြ ကိုင္ထားဆဲျဖစ္တယ္။

ခ်ယ္ဆီးဟာ အသာတင္ အသံုးစရိတ္ ယူရို သန္းရာနဲ႔ခ်ီ ရွိထားသလို ဘာကာယိုကို၊ အလြန္ဆို၊ ပါရဲရား၊ ဇာပါေကာ္စတာ၊ ဘတ္ရႈဝါရီတို႔ကို ေရာင္းထုတ္ရာမွာလည္း အသံုးစရိတ္ ေနာက္ထပ္ ယူရို သန္း ၁၀၀ ေလာက္ထိ ရႏုိင္ေသးတာျဖစ္ပါတယ္။