ယူနိုက်တက်ဟာ အန်ဖီးမှာ အနိုင်ရဖို့ ရေပန်းမစားပေမယ့်လဲ အသင်းခေါင်းဆောင် မက်ဂွိုင်းယားက လီဗာပူးရဲ့ လိဂ် အိမ်ကွင်း ၆၇ပွဲဆက် မရှုံးတဲ့ မှတ်တမ်းကို အဆုံးသတ်ပေးပြီး နိုင်ပွဲရယူဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးကြယ်ပွင့် မာနေးဟာ အက်စ်တွန်ဗီလာနဲ့ပွဲမှာ တင်ပါးဒဏ်ရာ ရခဲ့တဲ့နောက် ယူနိုက်တက်နဲ့ပွဲကို လွဲချော်ရဖို့ စိုးရိမ်စရာ ရှိခဲ့ပေမယ့် အခုတော့ လုံးဝ အဆင်ပြေသွားပြီ ဖြစ်လို့ ဒီပွဲမှာ ပါဝင်ကစားဖို့ မျှော်လင့်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဟာ နောက်ဆုံးလိဂ်၅ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့ပေမယ့် ယာဂန်ကလော့ပ်ရဲ့ အသင်းထံကနေ ဒီထက်ပိုမို မြင်တွေ့လာရဖို့ ရှိသေးတယ်လို့ ဖီးသွန်ပဆင်က ဆိုပြီး ဒီရာသီမှာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို မရရှိသေးဘူးလို့ ယူနိုက်တက်ကို သတိပေးခဲ့ပါတယ်။
ဒီနေ့ညပွဲတွေထဲမှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့မယ့်ပွဲရဲ့ ရလဒ်အပေါ် စိတ်မဝင်စားဘူးလို့ ဂွာဒီယိုလာက ဖွင့်ဟခဲ့ပြီး သူတို့ဟာ နောက်ဆုံး၂ရာသီအတွင်း အိမ်ကွင်းမှာ ၂ကြိမ်ရှုံးခဲ့တဲ့ ပဲလေ့စ်ကိုသာ အနိုင်ယူဖို့ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ ကိုဗစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အန်ဖီးမှာ တံခါးပိတ် ကစားရမှာဖြစ်သလို ပရိသတ်တွေ မရှိတာက ယူနိုက်တက် အတွက် နိုင်ပွဲရယူပြီး အဆင့်၁မှာ ဆက်နေဖို့ အခွင့်အရေးကြီး ဖြစ်တယ်လို့ စတိဗ်နီကိုးလ်က ဆိုပါတယ်။
ဆိုးရှားရဲ့ ဒီရာသီ နံပါတ်တစ် ဦးစားပေးက လီဗာပူး၊ စီးတီးတို့နဲ့ ကွာဟမှုကို လျှော့ချခဲ့ပြီဆိုတာ သက်သေပြဖို့ဖြစ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပြီး နော်ဝေနည်းပြဟာ နွေရာသီမှာ ကလပ်နဲ့ စာချုပ်သစ် ချုပ်ရနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ အန္ဖီးမွာ အႏိုင္ရဖို႔ ေရပန္းမစားေပမယ့္လဲ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားက လီဗာပူးရဲ႕ လိဂ္ အိမ္ကြင္း ၆၇ပြဲဆက္ မရႈံးတဲ့ မွတ္တမ္းကို အဆုံးသတ္ေပးၿပီး ႏိုင္ပြဲရယူဖို႔ ေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
လီဗာပူးၾကယ္ပြင့္ မာေနးဟာ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ တင္ပါးဒဏ္ရာ ရခဲ့တဲ့ေနာက္ ယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္ရဖို႔ စိုးရိမ္စရာ ရွိခဲ့ေပမယ့္ အခုေတာ့ လုံးဝ အဆင္ေျပသြားၿပီ ျဖစ္လို႔ ဒီပြဲမွာ ပါဝင္ကစားဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
လီဗာပူးဟာ ေနာက္ဆုံးလိဂ္၅ပြဲမွာ ၂ပြဲသာ အႏိုင္ရခဲ့ေပမယ့္ ယာဂန္ကေလာ့ပ္ရဲ႕ အသင္းထံကေန ဒီထက္ပိုမို ျမင္ေတြ႕လာရဖို႔ ရွိေသးတယ္လို႔ ဖီးသြန္ပဆင္က ဆိုၿပီး ဒီရာသီမွာ သူတို႔ရဲ႕ အေကာင္းဆုံး ပုံစံကို မရရွိေသးဘူးလို႔ ယူႏိုက္တက္ကို သတိေပးခဲ့ပါတယ္။
ဒီေန႔ညပြဲေတြထဲမွာ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ ထိပ္တိုက္ေတြ႕မယ့္ပြဲရဲ႕ ရလဒ္အေပၚ စိတ္မဝင္စားဘူးလို႔ ဂြာဒီယိုလာက ဖြင့္ဟခဲ့ၿပီး သူတို႔ဟာ ေနာက္ဆုံး၂ရာသီအတြင္း အိမ္ကြင္းမွာ ၂ႀကိမ္ရႈံးခဲ့တဲ့ ပဲေလ့စ္ကိုသာ အႏိုင္ယူဖို႔ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။
လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ ကိုဗစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ အန္ဖီးမွာ တံခါးပိတ္ ကစားရမွာျဖစ္သလို ပရိသတ္ေတြ မရွိတာက ယူႏိုက္တက္ အတြက္ ႏိုင္ပြဲရယူၿပီး အဆင့္၁မွာ ဆက္ေနဖို႔ အခြင့္အေရးႀကီး ျဖစ္တယ္လို႔ စတိဗ္နီကိုးလ္က ဆိုပါတယ္။
ဆိုးရွားရဲ႕ ဒီရာသီ နံပါတ္တစ္ ဦးစားေပးက လီဗာပူး၊ စီးတီးတို႔နဲ႔ ကြာဟမႈကို ေလွ်ာ့ခ်ခဲ့ၿပီဆိုတာ သက္ေသျပဖို႔ျဖစ္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနၿပီး ေနာ္ေဝနည္းျပဟာ ေႏြရာသီမွာ ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ရႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
