အာဆင်နယ်နည်းပြ အာတီတာက လက်ရှိအသင်းလူစာရင်းမှ ရော့ဘ် ဟိုးဒင်း အပါအဝင် ဗဟိုခံစစ်သမား သုံးယောက် အတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားလိုနေပါတယ်။
အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားဟာ ယခင်နည်းပြ အူနိုင်းအမ်မရီ ရှိစဉ်မှာ သိသာစွား တိုးတက် ခြေစွမ်းပြခဲ့ပြီး ဒူးဒဏ်ရာ ပြင်းထန်စွာ ရခဲ့တာကြောင့် ဒီရာသီမှာတော့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဟိုးဒင်းဟာ ပြန် ကစားနိုင်လာခဲ့ပေမယ့် အာတီတာရဲ့ အသင်းမှာတော့ ၈ ပွဲသာ ဝင်ရောက် ကစားထားရပါတယ်။
၂၀၁၆ နွေမှာာ ဘောလ်တန်အသင်းထံကနေ ပေါင် ၂သန်းခွဲနဲ့ ခေါ်ယူခဲ့တဲ့ ဟိုးဒင်းကို အာဆင်နယ်က ဒီနွေမှာ ရောင်းချလိုနေပြီ ဖြစ်ကြောင်း Athletic သတင်းဌာနက ဖော်ထုတ်သွားပါတယ်။ ၎င်းအပြင် ဆိုကရေးတစ်နဲ့ မူစတာဖီတို့ကိုပါ အာတီတာက ရောင်းချလိုနေပါတယ်။
နောက်နှစ်မှာ စာချုပ်ကုန်ဆုံးပြီ ဖြစ်တဲ့ ဆိုကရေးတစ်ဟာ လောလောဆယ် အသင်းမှာ တိုးတက်မှု ပြသနေပေမယ့် ထပ်မံ သက်တမ်းတိုးမှု မပြုလုပ်တော့ဘဲ ရောင်းချလိုနေပြီး မူစတာဖီ အတွက် ကမ်းလှမ်းမှုတွေကိုလည်း အာဆင်နယ်က လက်ခံစဉ်းစားသွားမှာ ဖြစ်ပါတယ်။
ဂျာမန်သားခံစစ်မှူးကြီး မူစတာဖီကို လွန်ခဲ့တဲ့လေးနှစ်က ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး မျှော်မှန်းသလောက် အစွမ်းပြနိုင်ခြင်း မရှိဘဲ အာဆင်နယ် ခံစစ်ကြောင်းဟာ လုံခြုံစိတ်ချရခြင်း မရှိဘဲ ယိုင်နဲ့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ အာတီတာက အပြောင်းအလဲတွေ တောက်လျောက် ပြုလုပ်လိုနေပြီး လက်ရှိ ဗဟိုခံစစ် သုံးဦးလုံးကို ရောင်းချရန် ကြံရွယ်နေတာပါ။
လာမယ့် ရာသီမှာ စိန့်အီတီနီမှာ အငှားချထားတဲ့ ခံစစ်မှူး ဆာလီဘာလည်း ရောက်ရှိလာတော့မှာ ဖြစ်ပြီး ၎င်းနဲ့ တွဲဖက် ကစားဖို့ ဗဟိုခံစစ်မှူးတွေလည်း အာဆင်နယ်က ဈေးကွက်ထဲမှာ ဆက်လက် ရှာဖွေနေပါတယ်။
Zawgyi – အာဆင္နယ္နည္းျပ အာတီတာက လက္ရွိအသင္းလူစာရင္းမွ ေရာ့ဘ္ ဟိုးဒင္း အပါအ၀င္ ဗဟိုခံစစ္သမား သံုးေယာက္ အတြက္ ကမ္းလွမး္မႈမ်ားကို လက္ခံစဥ္းစားသြားလိုေနပါတယ္။
အသက္ ၂၄ နွစ္အရြယ္ အဂၤလန္သားဟာ ယခင္နည္းျပ အူနုိင္းအမ္မရီ ရွိစဥ္မွာ သိသာစြား တိုးတက္ ေျခစြမ္းျပခဲ့ျပီး ဒူးဒဏ္ရာ ျပင္းထန္စြာ ရခဲ့တာေၾကာင့္ ဒီရာသီမွာေတာ့ ရုန္းကန္ေနရပါတယ္။ ျပီးခဲ့တဲ့ စက္တင္ဘာတုန္းက ဟိုးဒင္းဟာ ျပန္ ကစားနုိင္လာခဲ့ေပမယ့္ အာတီတာရဲ႕ အသင္းမွာေတာ့ ၈ ပြဲသာ ၀င္ေရာက္ ကစားထားရပါတယ္။
၂၀၁၆ ေႏြမွာာ ေဘာလ္တန္အသင္းထံကေန ေပါင္ ၂သန္းခြဲနဲ႕ ေခၚယူခဲ့တဲ့ ဟိုးဒင္းကို အာဆင္နယ္က ဒီေႏြမွာ ေရာင္းခ်လိုေနျပီ ျဖစ္ေၾကာင္း Athletic သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။ ၄င္းအျပင္ ဆိုကေရးတစ္နဲ႕ မူစတာဖီတို႕ကိုပါ အာတီတာက ေရာင္းခ်လိုေနပါတယ္။
ေနာက္နွစ္မွာ စာခ်ဳပ္ကုန္ဆံုးျပီ ျဖစ္တဲ့ ဆိုကေရးတစ္ဟာ ေလာေလာဆယ္ အသင္းမွာ တိုးတက္မႈ ျပသေနေပမယ့္ ထပ္မံ သက္တမ္းတိုးမႈ မျပဳလုပ္ေတာ့ဘဲ ေရာင္းခ်လိုေနျပီး မူစတာဖီ အတြက္ ကမ္းလွမ္းမႈေတြကိုလည္း အာဆင္နယ္က လက္ခံစဥ္းစားသြားမွာ ျဖစ္ပါတယ္။
ဂ်ာမန္သားခံစစ္မွဴးၾကီး မူစတာဖီကို လြန္ခဲ့တဲ့ေလးနွစ္က ေပါင္ ၃၅ သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ျပီး ေမွ်ာ္မွန္းသေလာက္ အစြမ္းျပနိုင္ျခင္း မရွိဘဲ အာဆင္နယ္ ခံစစ္ေၾကာင္းဟာ လံုျခံဳစိတ္ခ်ရျခင္း မရွိဘဲ ယိုင္နဲ႕ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နည္းျပ အာတီတာက အေျပာင္းအလဲေတြ ေတာက္ေလ်ာက္ ျပဳလုပ္လိုေနျပီး လက္ရွိ ဗဟိုခံစစ္ သံုးဦးလံုးကို ေရာင္းခ်ရန္ ၾကံရြယ္ေနတာပါ။
လာမယ့္ ရာသီမွာ စိန္႔အီတီနီမွာ အငွားခ်ထားတဲ့ ခံစစ္မွဴး ဆာလီဘာလည္း ေရာက္ရွိလာေတာ့မွာ ျဖစ္ျပီး ၄င္းနဲ႕ တြဲဖက္ ကစားဖို႔ ဗဟိုခံစစ္မွဴးေတြလည္း အာဆင္နယ္က ေစ်းကြက္ထဲမွာ ဆက္လက္ ရွာေဖြေနပါတယ္။