ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (17/01/21)

အာဆင်နယ် နည်းပြ အာတီတာကတော့ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေတဲ့ တိုက်စစ်မှူး အူဘာမီးယန်း ကို ပုံမှန် ခြေစွမ်းတွေ ပြန်ရလာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ဒီအတွက် အာဆင်နယ် အသင်းဖော်တွေကလည်း အူဘာမီးယန်းကို ပို ကူညီပေးဖို့ လိုသလို အသင်းဟာ နိုင်ပွဲကောင်းတွေ ပြန်ရယူပြီး ပြန်တောက်ပလာတာနဲ့ တပြိုင်နက် အားလုံး အဆင်ပြေသွားမယ်လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်ရဲ့ ချိတ်ဆက်ခြင်း ခံနေရတဲ့ ဘာစီလိုနာ ဂိုးသမား နီတိုက ကလပ်ကနေ ထွက်ခွာခွင့် တောင်းဆိုထားကြောင်း ဘာစီလိုနာ နည်းပြ ရိုနယ် ကိုးလ်မန်းက အတည်ပြု ဖွင့်ဟခဲ့ပါတယ်။

အစွန်ခံစစ်မှူး တီယာနေးရဲ့ ခြေသလုံး ဒဏ်ရာက ပြင်းထန်ခြင်း မရှိကြောင်း သတင်းကောင်း ကြားရပြီး နယူးကာဆယ်နဲ့ ပွဲမှာ ပြန် ပါဝင်နိုင်ခြေ ရှိတယ်လို့ သိရပါတယ်။

ကွင်းလယ် ကစားသမား အိုဇေးလ် အာဆင်နယ်ကို စွန့်ခွာသွားခြင်းဟာ ကလပ်အသင်းရဲ့ စီမံမှုတွေ ညံ့ဖျင်းကျဆုံးနေကြောင်း သိသာစေခဲ့တယ်လို့ forbes မဂ္ဂဇင်းက သုံးသပ် ဖော်ပြသွားပါတယ်။

စမစ် ရိုဝီကတော့ အာဆင်နယ် စီနီယာ အသင်းကြီးအတွက် အကယ်ဒမီ အသင်းဖော် လူငယ်တွေနဲ့ အတူ ကစားပေးနိုင်ခြင်းက ဘာနဲ့မှ နှိုင်းမရတဲ့ အကောင်းဆုံးသော စိတ်ခံစားမှု ရစေခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ေျခစြမ္းေကာင္းေတြ ေပ်ာက္ဆံုးေနတဲ့ တိုက္စစ္မွဴး အူဘာမီးယန္း ကို ပံုမွန္ ေျခစြမ္းေတြ ျပန္ရလာေအာင္ ကူညီေပးနုိင္မယ္လို႔ ယံုၾကည္မႈ ရွိေနပါတယ္။

ဒီအတြက္ အာဆင္နယ္ အသင္းေဖာ္ေတြကလည္း အူဘာမီးယန္းကို ပို ကူညီေပးဖို႔ လိုသလို အသင္းဟာ နုိင္ပြဲေကာင္းေတြ ျပန္ရယူျပီး ျပန္ေတာက္ပလာတာနဲ႕ တျပိဳင္နက္ အားလံုး အဆင္ေျပသြားမယ္လို႔ အာတီတာက ဆိုပါတယ္။

အာဆင္နယ္ရဲ႕ ခ်ိတ္ဆက္ျခင္း ခံေနရတဲ့ ဘာစီလိုနာ ဂိုးသမား နီတိုက ကလပ္ကေန ထြက္ခြာခြင့္ ေတာင္းဆိုထားေၾကာင္း ဘာစီလိုနာ နည္းျပ ရိုနယ္ ကိုးလ္မန္းက အတည္ျပဳ ဖြင့္ဟခဲ့ပါတယ္။

အစြန္ခံစစ္မွဴး တီယာေနးရဲ႕ ေျခသလံုး ဒဏ္ရာက ျပင္းထန္ျခင္း မရွိေၾကာင္း သတင္းေကာင္း ၾကားရျပီး နယူးကာဆယ္နဲ႕ ပြဲမွာ ျပန္ ပါ၀င္နုိင္ေျခ ရွိတယ္လို႔ သိရပါတယ္။

ကြင္းလယ္ ကစားသမား အိုေဇးလ္ အာဆင္နယ္ကို စြန္႔ခြာသြားျခင္းဟာ ကလပ္အသင္းရဲ႕ စီမံမႈေတြ ညံ့ဖ်င္းက်ဆံုးေနေၾကာင္း သိသာေစခဲ့တယ္လို႔ forbes မဂၢဇင္းက သံုးသပ္ ေဖာ္ျပသြားပါတယ္။

စမစ္ ရို၀ီကေတာ့ အာဆင္နယ္ စီနီယာ အသင္းၾကီးအတြက္ အကယ္ဒမီ အသင္းေဖာ္ လူငယ္ေတြနဲ႕ အတူ ကစားေပးနိုင္ျခင္းက ဘာနဲ႕မွ ႏိႈင္းမရတဲ့ အေကာင္းဆံုးေသာ စိတ္ခံစားမႈ ရေစခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။