ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/01/21)

ယူနိုက်တက် အနေနဲ့ ထိပ်တန်းအဆင့်မှာမရှိတာကြောင့် နောက်ဆုံး ၈နှစ်အတွင်း လိဂ်ဖလားမရခဲ့တာ အံ့ဩစရာမဟုတ်ဘူးလို့ ကလော့ပ်က ဆိုခဲ့ပြီး သူတို့ဖလားရဖို့ နောက် အနှစ်၃၀ စောင့်ရ မစောင့်ရ ဂရုမစိုက်ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။

ခံစစ်သမား တစ်ဦး အနေနဲ့ လေထဲမှာ ပြိုင်ဘက်ကို ယှဉ်ပြီး အနိုင်ယူနိုင်တာက သူ့ အရည်အချင်း ဖြစ်တယ်လို့ မက်ဂွဲရားက ဆိုခဲ့ပြီး လီဗာပူးနဲ့ ပွဲမှာလည်း ခံစစ်ကြောင်းကို သေချာဦးဆောင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ပွဲမှာ လီဗာပူးရဲ့ အဓိကပြိုင်ဘက် ဖြစ်တယ်လို့ ရောဘတ်တို ဖာမီနိုက ယုံကြည်နေပေမယ့် တနင်္ဂနွေနေ့ အန်ဖီးမှာ ထိပ်တိုက်တွေ့တဲ့အခါကျရင်တော့ သူတို့ကို ရှုံးမယ်လို့ မထင်ထားကြောင်း ဆိုခဲ့ပါတယ်။

အမှတ်ပေးဇယား ထိပ်ရောက်နေတဲ့ ယူနိုက်တက် အနေအထားနဲ့ ပတ်သတ်ပြီး ဆိုးရှားက ဧဝရက်တောင်ကို တက်ပြီး ထိပ်ရောက်ချိန်မှာ ထိုင်နားရင် အေးလို့ ခဲသွားမှာ ဖြစ်ပြီး ကိုယ့်ဘာသာ သွေးပူအောင် ဆက်လက် လှုပ်ရှား တိုးတက်နေရမှာ ဖြစ်ကြောင်း ဥပမာ ပြောဆိုသွားပါတယ်။

ဆာအဲလက်စ် ဖာဂူဆန် ခေတ်ကာလမှာ ဒိုင်တွေက ယူနိုက်တက်ကို ပင်နယ်တီ ပေးဖို့ ဖိအားပေး ခံရတာတွေ ရှိကြောင်း မာ့ခ် ကလက်တန်ဘက်ချ်က ဝန်ခံခဲ့တဲ့ အပေါ် အလွန် အံ့သြမိတယ်လို့ ကာရေဂါက ဆိုခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်း ရစ်ဆီကတော့ နိုင်ငံသားချင်း တူတဲ့ ဆိုးရှားကို ယူနိုက်တက်မှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တာ မြင်လိုကြောင်းနဲ့ ကလပ်အသင်းထက် စာရင် လူပုဂ္ဂိုလ်ကို တွေးရမှာ ဖြစ်လို့ အခုလို ဆန္ဒပြုတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ အေနနဲ႔ ထိပ္တန္းအဆင့္မွာမရွိတာေၾကာင့္ ေနာက္ဆုံး ၈ႏွစ္အတြင္း လိဂ္ဖလားမရခဲ့တာ အံ့ဩစရာမဟုတ္ဘူးလို႔ ကေလာ့ပ္က ဆိုခဲ့ၿပီး သူတို႔ဖလားရဖို႔ ေနာက္ အႏွစ္၃၀ ေစာင့္ရ မေစာင့္ရ ဂ႐ုမစိုက္ဘူးလို႔လည္း ေျပာဆိုခဲ့ပါတယ္။

ခံစစ္သမား တစ္ဦး အေနနဲ႕ ေလထဲမွာ ျပိဳင္ဘက္ကို ယွဥ္ျပီး အနိုင္ယူနုိင္တာက သူ႔ အရည္အခ်င္း ျဖစ္တယ္လို႔ မက္ဂြဲရားက ဆိုခဲ့ျပီး လီဗာပူးနဲ႕ ပြဲမွာလည္း ခံစစ္ေၾကာင္းကို ေသခ်ာဦးေဆာင္သြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ဖလားအတြက္ ၿပိဳင္ပြဲမွာ လီဗာပူးရဲ႕ အဓိကၿပိဳင္ဘက္ ျဖစ္တယ္လို႔ ေရာဘတ္တို ဖာမီႏိုက ယုံၾကည္ေနေပမယ့္ တနဂၤေႏြေန႔ အန္ဖီးမွာ ထိပ္တိုက္ေတြ႕တဲ့အခါက်ရင္ေတာ့ သူတို႔ကို ရႈံးမယ္လို႔ မထင္ထားေၾကာင္း ဆိုခဲ့ပါတယ္။

အမွတ္ေပးဇယား ထိပ္ေရာက္ေနတဲ့ ယူနိုက္တက္ အေနအထားနဲ႕ ပတ္သတ္ျပီး ဆိုးရွားက ဧ၀ရက္ေတာင္ကို တက္ျပီး ထိပ္ေရာက္ခ်ိန္မွာ ထိုင္နားရင္ ေအးလို႔ ခဲသြားမွာ ျဖစ္ျပီး ကိုယ့္ဘာသာ ေသြးပူေအာင္ ဆက္လက္ လႈပ္ရွား တိုးတက္ေနရမွာ ျဖစ္ေၾကာင္း ဥပမာ ေျပာဆိုသြားပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္ ေခတ္ကာလမွာ ဒိုင္ေတြက ယူနိုက္တက္ကို ပင္နယ္တီ ေပးဖို႔ ဖိအားေပး ခံရတာေတြ ရွိေၾကာင္း မာ့ခ္ ကလက္တန္ဘက္ခ်္က ၀န္ခံခဲ့တဲ့ အေပၚ အလြန္ အံ့ၾသမိတယ္လို႔ ကာေရဂါက ဆိုခဲ့ပါတယ္။

လီဗာပူး ကစားသမားေဟာင္း ရစ္ဆီကေတာ့ နုိင္ငံသားခ်င္း တူတဲ့ ဆိုးရွားကို ယူနိုက္တက္မွာ ေကာင္းမြန္စြာ လုပ္ေဆာင္နုိင္တာ ျမင္လိုေၾကာင္းနဲ႕ ကလပ္အသင္းထက္ စာရင္ လူပုဂၢိဳလ္ကို ေတြးရမွာ ျဖစ္လို႔ အခုလို ဆႏၵျပဳတာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။