ဖူလ်ဟမ်နဲ့ပွဲမှာ အိုဒွိုင်းဟာ လူစားဝင်ကစားခွင့်ရခဲ့ပြီးနောက် အထင်ကြီးစရာ စွမ်းဆောင်ပြခဲ့သလို လမ်းပတ်က သူ့ကို အစောထဲက ပွဲထွက်ခွင့် ပေးခဲ့သင့်တယ်လို့ ဝန်ခံခဲ့ပေမယ့် မိမိအတွက် လူစာရင်း ရွေးချယ်ရတာက မလွယ်ကူဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
သွင်းဂိုးတွေ ပျောက်ဆုံးနေတာကြောင့် တီမိုဗာနာက သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေတာက ပြဿနာမဟုတ်ဘူးလို့ နည်းပြ လမ်းပတ်က ဆိုလိုက်ပြီး မကြာခင် သူ့ရဲ့ အကောင်းဆုံးပုံစံတွေ ပြန်ရှာတွေ့မှာပါလို့ အးပေးစကားဆိုခဲ့ပါတယ်။

ချယ်ဆီးက မားကို့စ်အလွန်ဆိုကို အပြီးသတ် ရောင်းချချင်နေပေမယ့် နောက်ခံလူရဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ခရီးလမ်းမှာ များပြားတဲ့ အတားအဆီးတွေ ရှိနေပြီး သူ့အတွက် ခိုင်မာတဲ့ ကမ်းလှမ်းမှုတွေ မရရှိခဲ့ဘူးလို့ သိရပါတယ်။
ချယ်ဆီးဟာ စထရက်ဘော့ ကစားသမား မိုဟာမက် ဆီမာကန်ရဲ့ တိုးတက်မှုကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အေစီမီလန်က သူ့ကို လက်လွှတ် ခဲ့ပေမယ့်လဲ လိုက်ပ်ဇစ်က စိတ်ဝင်စားလာတာကြောင့် သူတို့၂သင်းက အပြိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။
တိုမိုရီရဲ့ အပြောင်းအရွှေ့က အဆင်ပြေသွားပြီဖြစ်ပြီး ၎င်းကို ဇွန်လမှာ ယူရိုသန်း၃၀နဲ့ အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှား စာချုပ်ချုပ်ဖို့ အေစီလန်က သဘောတူညီမှု ယူခဲ့တာ ဖြစ်ကာ အင်္ဂါနေ့မှာ အပြောင်းအရွှေ့ကိစ္စ အပြီးသတ်နိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။
ရက်ဘူးလိုက်ပ်ဇစ် တိုက်စစ်မှူး အဒီယီမီဟာ ၂၀၁၈တုန်းက ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပုံမှန်ကစားချိန်ရဖို့အတွက် သူတို့ကို ငြင်းပယ်ပြီး ဩစတြီးယန်း ကလပ်ကိုသာ ရွေးချယ်ခဲ့သလို ဒီဆုံးဖြတ်ချက်အတွက် နောင်တမရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ဖူလ်ဟမ်နဲ့ပွဲအတွင်း ချယ်ဆီးရဲ့ဗဟိုခံစစ်မှာ သီယာဂိုဆေးဗားနဲ့ ရူဒီဂါတို့ တွဲဖက်ကစားခဲ့ပြီး ပေးဂိုး မရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို လမ်းပတ်က ဆေးဗားအတွက် ပြီးပြည့်စုံတဲ့ တွဲဖက်ကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ ဂျေမီရက်နပ်က ဆိုပါတယ်။
ကိုင်ဟားဗတ်က ပြိုင်ဘက်ရဲ့ ဧရိယာအတွင်းမှာ အကောင်းဆုံးအရည်အချင်းရှိသူ ဖြစ်သလို ဟာကင်ဇီယက်ခ်ျ ရှိနေတာကြောင့် သူက အနောက်ကို ဆုတ်ပြီး ကစားနေရတာက ရုန်းကန်ရခြင်းရဲ့ အဓိကပြဿနာဖြစ်တယ်လို့ လေဗာကူဆင် နည်းပြက ပြောဆိုခဲ့ပါတယ်။

Zawgyi – ဖူလ္ဟမ္နဲ႔ပြဲမွာ အိုဒြိဳင္းဟာ လူစားဝင္ကစားခြင့္ရခဲ့ၿပီးေနာက္ အထင္ႀကီးစရာ စြမ္းေဆာင္ျပခဲ့သလို လမ္းပတ္က သူ႔ကို အေစာထဲက ပြဲထြက္ခြင့္ ေပးခဲ့သင့္တယ္လို႔ ဝန္ခံခဲ့ေပမယ့္ မိမိအတြက္ လူစာရင္း ေ႐ြးခ်ယ္ရတာက မလြယ္ကူဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
သြင္းဂိုးေတြ ေပ်ာက္ဆုံးေနတာေၾကာင့္ တီမိုဗာနာက သူ႔ကိုယ္သူ အားမလိုအားမရ ျဖစ္ေနတာက ျပႆနာမဟုတ္ဘူးလို႔ နည္းျပ လမ္းပတ္က ဆိုလိုက္ၿပီး မၾကာခင္ သူ႔ရဲ႕ အေကာင္းဆုံးပုံစံေတြ ျပန္ရွာေတြ႕မွာပါလို႔ အးေပးစကားဆိုခဲ့ပါတယ္။
ခ်ယ္ဆီးက မားကို႔စ္အလြန္ဆိုကို အၿပီးသတ္ ေရာင္းခ်ခ်င္ေနေပမယ့္ ေနာက္ခံလူရဲ႕ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ခရီးလမ္းမွာ မ်ားျပားတဲ့ အတားအဆီးေတြ ရွိေနၿပီး သူ႔အတြက္ ခိုင္မာတဲ့ ကမ္းလွမ္းမႈေတြ မရရွိခဲ့ဘူးလို႔ သိရပါတယ္။
ခ်ယ္ဆီးဟာ စထရက္ေဘာ့ ကစားသမား မိုဟာမက္ ဆီမာကန္ရဲ႕ တိုးတက္မႈကို ေစာင့္ၾကည့္ေနခဲ့တာျဖစ္ၿပီး ေအစီမီလန္က သူ႔ကို လက္လႊတ္ ခဲ့ေပမယ့္လဲ လိုက္ပ္ဇစ္က စိတ္ဝင္စားလာတာေၾကာင့္ သူတို႔၂သင္းက အၿပိဳင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။
တိုမိုရီရဲ႕ အေျပာင္းအေ႐ႊ႕က အဆင္ေျပသြားၿပီျဖစ္ၿပီး ၎ကို ဇြန္လမွာ ယူ႐ိုသန္း၃၀နဲ႔ အၿပီးသတ္ ဝယ္ယူခြင့္ပါဝင္တဲ့ အငွား စာခ်ဳပ္ခ်ဳပ္ဖို႔ ေအစီလန္က သေဘာတူညီမႈ ယူခဲ့တာ ျဖစ္ကာ အဂၤါေန႔မွာ အေျပာင္းအေ႐ႊ႕ကိစၥ အၿပီးသတ္ႏိုင္ေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။
ရက္ဘူးလိုက္ပ္ဇစ္ တိုက္စစ္မႉး အဒီယီမီဟာ ၂၀၁၈တုန္းက ခ်ယ္ဆီးရဲ႕ ကမ္းလွမ္းမႈကို ရရွိခဲ့ေပမယ့္ ပုံမွန္ကစားခ်ိန္ရဖို႔အတြက္ သူတို႔ကို ျငင္းပယ္ၿပီး ဩစႀတီးယန္း ကလပ္ကိုသာ ေ႐ြးခ်ယ္ခဲ့သလို ဒီဆုံးျဖတ္ခ်က္အတြက္ ေနာင္တမရဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ဖူလ္ဟမ္နဲ႔ပြဲအတြင္း ခ်ယ္ဆီးရဲ႕ဗဟိုခံစစ္မွာ သီယာဂိုေဆးဗားနဲ႔ ႐ူဒီဂါတို႔ တြဲဖက္ကစားခဲ့ၿပီး ေပးဂိုး မရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့သလို လမ္းပတ္က ေဆးဗားအတြက္ ၿပီးျပည့္စုံတဲ့ တြဲဖက္ကို ရွာေတြ႕ခဲ့တာ ျဖစ္ႏိုင္တယ္လို႔ ေဂ်မီရက္နပ္က ဆိုပါတယ္။
ကိုင္ဟားဗတ္က ၿပိဳင္ဘက္ရဲ႕ ဧရိယာအတြင္းမွာ အေကာင္းဆုံးအရည္အခ်င္းရွိသူ ျဖစ္သလို ဟာကင္ဇီယက္ခ္် ရွိေနတာေၾကာင့္ သူက အေနာက္ကို ဆုတ္ၿပီး ကစားေနရတာက ႐ုန္းကန္ရျခင္းရဲ႕ အဓိကျပႆနာျဖစ္တယ္လို႔ ေလဗာကူဆင္ နည္းျပက ေျပာဆိုခဲ့ပါတယ္။
