အားလုံး စောင့်မျှော်ခဲ့ကြတဲ့ တနင်္ဂနွေညက လီဗာပူးနဲ့ ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲဟာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့ဘဲ ဂိုးမရှိ သရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။
ဇယားထိပ် အသင်း၂ သင်းရဲ့ တိုက်ပွဲမှာ ကမ္ဘာ့အဆင့်ရှိတဲ့ ယူနိုက်တက်က ခံစစ် ပိတ်ဆော့ပြီး တန်ပြန် တိုက်စစ်ကစားတဲ့အပေါ် ယာဂန် ကလော့ပ်က ဝေဖန်ခဲ့ပြီး သူတို့ရဲ့ကစားကွက်က ရင်ဆိုင်နိုင်သမျှထဲမှာ ကမ္ဘာ့အဆိုးဆုံးပဲလို့ ပြောဆိုခဲ့ပါတယ်။

ဗဟိုနောက်ခံလူ စစ်စစ်မရှိလို့ ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်ကို သုံးခဲ့ရပေမယ့်လဲ လီဗာပူးခံစစ်က ဖောက်ဖျက်ဖို့ ခက်ခဲနေခဲ့ပြီး ဂိုးသမား အယ်လစ်ဆန်ကလဲ လက်စွမ်းပြခဲ့သလို ယူနိုက်တက်က ၆မှတ် အသာရမယ့် အခွင့်အရေးကိုလွဲချော်ခဲ့လို့ စိတ်ပျက်ရကြောင်း ဆိုးရှားက ဝန်ခံခဲ့ပါတယ်။
ပေါ့ဘာဟာ နောက်ကျအနိုင်ဂိုး သွင်းနိုင်မယ့်အခွင့်အရေးကို လွဲချော်ခဲ့တဲ့အပေါ် ရွိုင်ကိန်းက ဝေဖန်ခဲ့ပြီး သူ့အနေနဲ့ အဲ့အခြေအနေမှာ ပို ကောင်းကောင်း လုပ်ခဲ့သင့်ပြီး ဒါက ကလပ်ရဲ့ရာသီအတွက် အရေးပါတဲ့အခိုက်အတန့်ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
ဆိုးရှားဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုပေမယ့်လဲ ယူနိုက်တက်ထံကနေ သူ့အတွက် ဘာ တရားဝင် ချဉ်းကပ်မှုမှ မရှိခဲ့သလို လိုလဲမလိုချင်ဘူးလို့ နည်းပြ ဒေးဗစ်မိုယက်စ်က အတည်ပြုပြောကြားခဲ့ပါတယ်။
လီဗာပူးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့နောက် အနိုင်၃မှတ်ရဖို့ မျှော်လင့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းအတွင်းမှာ စိတ်ပျက်နေခဲ့တယ်လို့ လုခ်ရှောက ဝန်ခံခဲ့ပေမယ့် ဘာမှမရတာထက်စာရင် ၁မှတ်ရတာက တော်သေးတယ်လို့ ပြောဆိုခဲ့ပါတယ်။
၈၉မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ဟာ လူစားလဲခံခဲ့ရတဲ့နောက် စိတ်ပျက်နေပုံပေါ်ခဲ့ပြီး အရန်ခုံမှာ မှိုင်တွေနေခဲ့သလို ပရိသတ်တွေကလဲ မကျေနပ်ခဲ့ကြပေမယ့် လူစားလဲခဲ့တာက နည်းဗျူဟာ ဆုံးဖြတ်ချက် အရသာ ဖြစ်တယ်လို့ ဆိုးရှားက ရှင်းပြခဲ့ပါတယ်။

Zawgyi – အားလံုး ေစာင့္ေမွ်ာ္ခဲ့ၾကတဲ့ တနဂၤေႏြညက လီဗာပူးနဲ႕ ယူနိုက္တက္တို႔ ပရီးမီးယားလိဂ္ ပြဲဟာ တစ္ဖက္နဲ႕ တစ္ဖက္ ဂိုးမသြင္းနုိင္ခဲ့ဘဲ ဂိုးမရွိ သေရရလဒ္နဲ႕သာ ျပီးဆံုးခဲ့ပါတယ္။
ဇယားထိပ္ အသင္း၂ သင္းရဲ႕ တိုက္ပြဲမွာ ကမာၻ႔အဆင့္ရွိတဲ့ ယူႏိုက္တက္က ခံစစ္ ပိတ္ေဆာ့ၿပီး တန္ျပန္ တိုက္စစ္ကစားတဲ့အေပၚ ယာဂန္ ကေလာ့ပ္က ေဝဖန္ခဲ့ၿပီး သူတို႔ရဲ႕ကစားကြက္က ရင္ဆိုင္ႏိုင္သမွ်ထဲမွာ ကမာၻ႔အဆိုးဆုံးပဲလို႔ ေျပာဆိုခဲ့ပါတယ္။
ဗဟိုေနာက္ခံလူ စစ္စစ္မရွိလို႔ ဖာဘင္ဟိုနဲ႔ ဟန္ဒါဆန္ကို သုံးခဲ့ရေပမယ့္လဲ လီဗာပူးခံစစ္က ေဖာက္ဖ်က္ဖို႔ ခက္ခဲေနခဲ့ၿပီး ဂိုးသမား အယ္လစ္ဆန္ကလဲ လက္စြမ္းျပခဲ့သလို ယူႏိုက္တက္က ၆မွတ္ အသာရမယ့္ အခြင့္အေရးကိုလြဲေခ်ာ္ခဲ့လို႔ စိတ္ပ်က္ရေၾကာင္း ဆိုးရွားက ဝန္ခံခဲ့ပါတယ္။
ေပါ့ဘာဟာ ေနာက္က်အႏိုင္ဂိုး သြင္းႏိုင္မယ့္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့အေပၚ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ၿပီး သူ႔အေနနဲ႔ အဲ့အေျခအေနမွာ ပို ေကာင္းေကာင္း လုပ္ခဲ့သင့္ၿပီး ဒါက ကလပ္ရဲ႕ရာသီအတြက္ အေရးပါတဲ့အခိုက္အတန႔္ျဖစ္သြားႏိုင္တယ္လို႔ ဆိုပါတယ္။
ဆိုးရွားဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ ဆိုေပမယ့္လဲ ယူႏိုက္တက္ထံကေန သူ႔အတြက္ ဘာ တရားဝင္ ခ်ဥ္းကပ္မႈမွ မရွိခဲ့သလို လိုလဲမလိုခ်င္ဘူးလို႔ နည္းျပ ေဒးဗစ္မိုယက္စ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။
လီဗာပူးနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ေနာက္ အႏိုင္၃မွတ္ရဖို႔ ေမွ်ာ္လင့္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ အဝတ္လဲခန္းအတြင္းမွာ စိတ္ပ်က္ေနခဲ့တယ္လို႔ လုခ္ေရွာက ဝန္ခံခဲ့ေပမယ့္ ဘာမွမရတာထက္စာရင္ ၁မွတ္ရတာက ေတာ္ေသးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
၈၉မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လူစားလဲခံခဲ့ရတဲ့ေနာက္ စိတ္ပ်က္ေနပုံေပၚခဲ့ၿပီး အရန္ခုံမွာ မႈိင္ေတြေနခဲ့သလို ပရိသတ္ေတြကလဲ မေက်နပ္ခဲ့ၾကေပမယ့္ လူစားလဲခဲ့တာက နည္းဗ်ဴဟာ ဆုံးျဖတ္ခ်က္ အရသာ ျဖစ္တယ္လို႔ ဆိုးရွားက ရွင္းျပခဲ့ပါတယ္။
