ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (18/01/21)

ကွင်းလယ် ကစားသမား ဇာခါဟာ ဘန်လေနဲ့ ပွဲမှာ အနီကတ် ရပြီးတည်းက ပြောင်းလဲသွားခဲ့ကာ ပုံစံကောင်းတွေ ပြသနေခဲ့တယ်လို့ နည်းပြ အာတီတာက ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်မှာ ၈ နှစ်ကြာ ကစားခဲ့တဲ့ ကွင်းလယ် ကစားသမား အိုဇေးလ်ကတော့ မိသားစုနဲ့ အတူ အစ္စတန်ဘူလ်ကို သွားနေပြီ ဖြစ်ပြီး ဖီနာဘာချီနဲ့ အပြောင်းအရွှေ့ အပြီးသတ်တော့မှာ ဖြစ်ကြောင်း ပရိသတ်တွေအား အသိပေးခဲ့ပါတယ်။ အသင်းမှာ ကစားခွင့်မရတော့တဲ့ အိုဇေးလ်ဟာ အာဆင်နယ် အတွက် နောက်ဆုံးပွဲပြီး ပြီးခဲ့တဲ့နှစ် မတ်လက ကစားခဲ့ပြီ ဖြစ်ပါတယ်။

လန်ဒန်မှာ တစ်ပတ် ပေါင် ၃သိန်းခွဲ လစာ ရနေပေမယ့် အိုဇေးလ်က အသင်းနဲ့ စောစောပဲ စာချုပ် ဖျက်သိမ်းခဲ့ပြီး ဖီနာဘာချီထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ၎င်းက အာဆင်နယ် အသင်းဖော်တွေကိုလည်း နှုတ်ဆက်သွားခဲ့တယ်လို့ သိရပါတယ်။

အိုဇေးလ် ထွက်ခွာသွားတဲ့နောက် နာမည်ကျော် ကျောနံပါတ် ၁၀ နေရာက လစ်လပ်သွားမှာ ဖြစ်ပြီး ဘယ်သူ ဆက်ခံမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

မာတင်နယ်လီနဲ့ ဂါဘရီရယ် တို့ နှစ်ဦးလုံးဟာ တနင်္လာနေ့ ကစားမယ့် နယူးကာဆယ်နဲ့ ပွဲမှာ အာဆင်နယ်နဲ့ အတူ ပြန် ပါဝင် ကစားဖို့ အသင့် ဖြစ်နေကြပြီ လို့ သတင်းထုတ်ပြန်ထားပါတယ်။

နောက်ဆုံး သတင်းများအရ စပိန်ကလပ် နှစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ်တို့ နှစ်သင်းလုံးက အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကို ခေါ်ယူဖို့ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

Zawgyi – ကြင္းလယ္ ကစားသမား ဇာခါဟာ ဘန္ေလနဲ႕ ပြဲမွာ အနီကတ္ ရျပီးတည္းက ေျပာင္းလဲသြားခဲ့ကာ ပံုစံေကာင္းေတြ ျပသေနခဲ့တယ္လို႔ နည္းျပ အာတီတာက ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္မွာ ၈ နွစ္ၾကာ ကစားခဲ့တဲ့ ကြင္းလယ္ ကစားသမား အိုေဇးလ္ကေတာ့ မိသားစုနဲ႕ အတူ အစၥတန္ဘူလ္ကို သြားေနျပီ ျဖစ္ျပီး ဖီနာဘာခ်ီနဲ႕ အေျပာင္းအေရႊ႕ အျပီးသတ္ေတာ့မွာ ျဖစ္ေၾကာင္း ပရိသတ္ေတြအား အသိေပးခဲ့ပါတယ္။ အသင္းမွာ ကစားခြင့္မရေတာ့တဲ့ အိုေဇးလ္ဟာ အာဆင္နယ္ အတြက္ ေနာက္ဆံုးပြဲျပီး ျပီးခဲ့တဲ့နွစ္ မတ္လက ကစားခဲ့ျပီ ျဖစ္ပါတယ္။

လန္ဒန္မွာ တစ္ပတ္ ေပါင္ ၃သိန္းခြဲ လစာ ရေနေပမယ့္ အိုေဇးလ္က အသင္းနဲ႕ ေစာေစာပဲ စာခ်ဳပ္ ဖ်က္သိမ္းခဲ့ျပီး ဖီနာဘာခ်ီထံ အလြတ္ ေျပာင္းေရႊ႕ေၾကးနဲ႕ ထြက္ခြာသြားတာ ျဖစ္ပါတယ္။ ၄င္းက အာဆင္နယ္ အသင္းေဖာ္ေတြကိုလည္း ႏႈတ္ဆက္သြားခဲ့တယ္လို႔ သိရပါတယ္။

အိုေဇးလ္ ထြက္ခြာသြားတဲ့ေနာက္ နာမည္ေက်ာ္ ေက်ာနံပါတ္ ၁၀ ေနရာက လစ္လပ္သြားမွာ ျဖစ္ျပီး ဘယ္သူ ဆက္ခံမလဲ ဆိုတာ စိတ္၀င္စားစရာ ျဖစ္လာပါတယ္။

မာတင္နယ္လီနဲ႕ ဂါဘရီရယ္ တို႔ နွစ္ဦးလံုးဟာ တနလၤာေန႔ ကစားမယ့္ နယူးကာဆယ္နဲ႕ ပြဲမွာ အာဆင္နယ္နဲ႕ အတူ ျပန္ ပါ၀င္ ကစားဖို႔ အသင့္ ျဖစ္ေနၾကျပီ လုိ႔ သတင္း္ထုတ္ျပန္ထားပါတယ္။

ေနာက္ဆံုး သတင္းမ်ားအရ စပိန္ကလပ္ နွစ္သင္း ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႕ အက္သလက္တီကို မက္ဒရစ္တို႔ နွစ္သင္းလံုးက အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္ ကို ေခၚယူဖို႔ လႈပ္ရွားေနတယ္လို႔ သိရပါတယ္။