ဂျီရူးဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တဲ့အခါ ချယ်ဆီးကနေ ထွက်ခွာဖို့ အလိုရှိနေပြီး နောက်ကွယ်မှာ သူ့အေးဂျင့်က အသင်းသစ်တွေနဲ့ အလုပ်လုပ်နေသလို သူ့ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ထံ မေးမြန်းကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
လမ်းပတ်ဟာ ရုန်းကန်နေရတဲ့ တီမိုဗာနာကို ကလပ်မှာ အောင်မြင်မှုရလာဖို့ ထောက်ခံအားပေးခဲ့ပေမယ့် ချယ်ဆီးဟာ ပရီးမီးယားလိဂ် ဖလား အတွက် စိန်ခေါ်မှုလုပ်ဖို့ ဂိုးသွင်းစက် မရှိနေတဲ့အပေါ်မှာ စိုးရိမ်ကြောင့်ကြနေတယ်လို့ သိရပါတယ်။

အိုဒွိုင်းဟာ ဒီရာသီ ချယ်ဆီးဟာ ပုံမှန်ပွဲထွက်ခွင့်ရသူ မဟုတ်ပေမယ့် ယခင်ကထက် ပိုကောင်းကောင်း ကစားနေတယ်လို့ လမ်းပတ်က ဆိုခဲ့ပြီး အများကြီး တိုးတက်လာတာ နဲ့အတူ မကြာခင်မှာ ကစားချိန် အခွင့်အရေးတွေ ပိုရလာလိမ့်မယ်လို့ ကတိပေးခဲ့ပါတယ်။
တူရကီကလပ်ကို အငှားပြောင်းရွှေ့သွားတဲ့ ဒရင့်ဝါးတားဟာ ချယ်ဆီးအတွက် ပြန် ကစားပေးရဦးမလားလို့ မေးမြန်းခဲ့ရာ လမ်းပတ်က သူ့ကို အဲ့ဒီ့မှာပဲ ကောင်းကောင်း ကစားဖို့နဲ့ ရေရှည်ကိုမေ့ကာ ရေတိုအတွက် အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
အေစီမီလန်ဟာ တိုမိုရီကို ရာသီကုန်အထိ အငှားခေါ်ယူဖို့ ပေါင်၈သိန်း၉သောင်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးရဲ့ အားကစားဒါရိုက်တာ မာရီနက သူ့အတွက် ပေါင်၂.၆သန်း လောက် လိုချင်နေတာကြောင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုက ကြန့်ကြာနေတာဖြစ်ပါတယ်။
၁၀ယောက်ထဲရှိတဲ့ ဖူလ်ဟမ်ကို အနိုင်ရဖို့ မနည်းကန်ခဲ့ရတဲ့ ချယ်ဆီးဟာ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ လက်စတာရဲ့ အရှိန်အဟုန်ချင်း ယှဉ်ရင် လုံးဝ ကွာခြားနေသလို သူတို့နဲ့ တွေ့ရမယ့်ပွဲမှာ ချယ်ဆီးက စိုးရိမ်စရာ ကောင်းနေတယ်လို့ ဖရန့်လီဘိုးက ဆိုပါတယ်။
ချယ်ဆီးဟာ ဟာလန်းကို ခေါ်ယူဖို့ အသည်းအသန် ဖြစ်နေသလို သူ့ကို ရရှိဖို့အတွက် ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ဖို့ ကြိုးစားမှာဖြစ်လို့ နွေရာသီမှာ ဖြစ်လာမယ့် အပြောင်းအရွှေ့ဟာ ပေါင်သန်း ၁၀၀ ကျော် ကုန်ကျနိုင်ခြေရှိပါတယ်။

Zawgyi – ဂ်ီ႐ူးဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္တဲ့အခါ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ အလိုရွိေနၿပီး ေနာက္ကြယ္မွာ သူ႔ေအးဂ်င့္က အသင္းသစ္ေတြနဲ႔ အလုပ္လုပ္ေနသလို သူ႔ကိုေခၚယူဖို႔ ရီးရဲလ္မက္ဒရစ္ထံ ေမးျမန္းကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။
လမ္းပတ္ဟာ ႐ုန္းကန္ေနရတဲ့ တီမိုဗာနာကို ကလပ္မွာ ေအာင္ျမင္မႈရလာဖို႔ ေထာက္ခံအားေပးခဲ့ေပမယ့္ ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ ဖလား အတြက္ စိန္ေခၚမႈလုပ္ဖို႔ ဂိုးသြင္းစက္ မရွိေနတဲ့အေပၚမွာ စိုးရိမ္ေၾကာင့္ၾကေနတယ္လို႔ သိရပါတယ္။
အိုဒြိဳင္းဟာ ဒီရာသီ ခ်ယ္ဆီးဟာ ပုံမွန္ပြဲထြက္ခြင့္ရသူ မဟုတ္ေပမယ့္ ယခင္ကထက္ ပိုေကာင္းေကာင္း ကစားေနတယ္လို႔ လမ္းပတ္က ဆိုခဲ့ၿပီး အမ်ားႀကီး တိုးတက္လာတာ နဲ႔အတူ မၾကာခင္မွာ ကစားခ်ိန္ အခြင့္အေရးေတြ ပိုရလာလိမ့္မယ္လို႔ ကတိေပးခဲ့ပါတယ္။
တူရကီကလပ္ကို အငွားေျပာင္းေ႐ႊ႕သြားတဲ့ ဒရင့္ဝါးတားဟာ ခ်ယ္ဆီးအတြက္ ျပန္ ကစားေပးရဦးမလားလို႔ ေမးျမန္းခဲ့ရာ လမ္းပတ္က သူ႔ကို အဲ့ဒီ့မွာပဲ ေကာင္းေကာင္း ကစားဖို႔နဲ႔ ေရရွည္ကိုေမ့ကာ ေရတိုအတြက္ အာ႐ုံစိုက္ၿပီး အေကာင္းဆုံးလုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။
ေအစီမီလန္ဟာ တိုမိုရီကို ရာသီကုန္အထိ အငွားေခၚယူဖို႔ ေပါင္၈သိန္း၉ေသာင္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ခ်ယ္ဆီးရဲ႕ အားကစား ဒါ႐ိုက္တာ မာရီနက သူ႔အတြက္ ေပါင္၂.၆သန္း ေလာက္ လိုခ်င္ေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကးညႇိႏႈိင္းမႈက ၾကန႔္ၾကာေနတာျဖစ္ပါတယ္။
၁၀ေယာက္တည္း ရွိတဲ့ ဖူလ္ဟမ္ကို အႏိုင္ရဖို႔ မနည္းကန္ခဲ့ရတဲ့ ခ်ယ္ဆီးဟာ ေဆာက္သမ္တန္ကို အႏိုင္ရခဲ့တဲ့ လက္စတာရဲ႕ အရွိန္အဟုန္ခ်င္း ယွဥ္ရင္ လုံးဝ ကြာျခားေနသလို သူတို႔နဲ႔ ေတြ႕ရမယ့္ပြဲမွာ ခ်ယ္ဆီးက စိုးရိမ္စရာ ေကာင္းေနတယ္လို႔ ဖရန္႔လီဘိုးက ဆိုပါတယ္။
ခ်ယ္ဆီးဟာ ဟာလန္းကို ေခၚယူဖို႔ အသည္းအသန္ ျဖစ္ေနသလို သူ႔ကို ရရွိဖို႔အတြက္ ကလပ္ရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးၿပီး ေခၚဖို႔ ႀကိဳးစားမွာျဖစ္လို႔ ေႏြရာသီမွာ ျဖစ္လာမယ့္ အေျပာင္းအေ႐ႊ႕ဟာ ေပါင္သန္း ၁၀၀ ေက်ာ္ ကုန္က်ႏိုင္ေျခ ရွိပါတယ္။
